တည်ငြိမ်တဲ့ Relationship တစ်ခုမှာ နှစ်ယောက်သားကိုယ်ပိုင်လွတ်လပ်မှုတွေ အချင်းချင်းလေးစားမှုတွေရှိကြပါတယ်။ အချစ်မှာ မျက်စိမပါဘူးဆိုတာ မှန်သလိုပါပဲ။ အချစ်နဲ့တွေ့တဲ့ သူတော်တော်များများ မျက်လုံးကန်းသလိုဖြစ်သွားတတ်ကြတယ်။ ကိုယ့်ကို နာကျင်စေမယ့်အရာတွေကို မမြင်နိုင်ကြဘူး။ စိတ်မချမ်းမြေ့စရာ အဆိပ်လို Relationship မျိုးပိုင်ဆိုင်ထားကြောင်း သိနိုင်တဲ့အချက်တွေ အကြောင်း ပြောပြပေးသွားမှာပါ။

Source : HalifaxToday.ca
သူငယ်ချင်းတွေနဲ့တွေရခဲလာတာ သွားတွေ့ပြန်ရင်လည်း သူမပါလာတာတွေ ရှိလာပါမယ်။ ဒါက ကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။ တစ်ခါတစ်လေ relationship ခိုင်မြဲချင်တယ်ဆိုရင် space (ကိုယ်ပိုင်အချိန်) ပေးဖို့လိုအပ်ပါတယ်။ နှစ်ယောက်သားအတူတူအချိန်ဖြုန်းခြင်းက ပထမအဆင့်မှာ စွဲလန်းစေပါတယ်။ ဒါပေမယ့် ကိုယ့်ပါတနာမပါတဲ့ ဘဝမျိုးတော့ ပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။ အနာဂက်ဆိုတာခန့်မှန်းပြီးပြောလို့ရတဲ့ အရာမဟုတ်ပါဘူး။ အခန့်မသင့်လို့ ပြတ်သွားခဲ့ရင် ကိုယ့်အနားမှာ ဘယ်သူမှမရှိတော့ဘဲ ဖြစ်သွားနိုင်ပါတယ်။
ကိုယ့်ရဲ့ဖုန်းကိုယူကြည့်တာ မက်ဆေ့တွေဝင်ဖက်တာ တွေကပုံမှန်မဟုတ်ပါဘူး။ ဒါက အချစ်ကိုသက်သေပြတာနဲ့ မသက်ဆိုင်ဘူး။ ဒါဟာ လူတစ်ယောက်ရဲ့ privacy ချိုးဖောက်ရာရောက်ပြီး မပျော်ရွှင်တဲ့ relationship ဖက်ကိုဦးတည်သွားစေပါတယ်။ ပြီးတော့ ဒီလို ထိန်းချုပ်တာဟာ ကိုယ့်ရဲ့ပါတနာကို အထီးကျန်သွားစေပါတယ်။ အဓိက ကတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိနေဖို့ပါပဲ။
Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မူရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ပါတနာက ဘဏ်ကက်တွေ ATM ကက်တွေ အကုန်လုံးကို သိမ်းထားပြီး စီမံခန့်ခွဲတယ်။ အခန့်မသင့်လို့ ပြတ်သွားခဲ့ရင် ငွေရေးကြေးပိုင်းဆိုင်ရာမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ငွေးရေးကြေးရေးပိုင်းနဲ့ပက်သက်လာရင် အထိန်းချုပ်မခံရဖို့အရေးကြီးပါတယ်။

Source : The Bub Hub
အချစ်ဆိုတာ ပျော်ရွှင်ဖို့အတွက်ဖြစ်ပါတယ်။ ကြောက်နေဖို့အတွက်မဟုတ်ပါဘူး။ သင့်ရဲ့ပါတနာဟာ သင်ယုံကြည်ဖွင့်ပြောလို့ရတဲ့သူဖြစ်သင့်ပါတယ်။ တခုခုပြောဖို့ ကြောက်နေရတဲ့သူမဖြစ်သင့်ပါဘူး။ကိုယ့်ရဲ့အတွေးတွေကို ဖွင့်ဟပြောဆိုဖို့မကြောက်ပါနဲ့။ တစ်ယောက်ရဲ့အမြင်ကိုတစ်ယောက်က လေးစားရပါမယ်။
တစ်ချို့ကတော့ ဒါဟာမိမိကို ထိခိုက်တယ်လို့မယူဆကြဘူး။ ဒါပေမယ့် relationship ဆိုတာကိုယ့်ရဲ့စိတ်ကို အေးချမ်းစေမယ့်အရာပဲ ဖြစ်သင့်ပါတယ်။ မကောင်းတဲ့ ခံစားချက်တွေ မရှိသင့်ပါဘူး။ missed call တွေ့တိုင်း ကြောက်စိတ်ဝင်တာမျိုး မဖြစ်သင့်ပါဘူး။
