ဝတ်စားဆင်ယင်မှုတွေဟာ ခေတ်ပေါ်လိုက်ပြီး အပြောင်းအလဲအမျိုးမျိုး ရှိကြပေမယ့် ဖက်ရှင်ရဲ့ အနှစ်သာရကတော့ အမြဲတမ်း ကြည့်လို့သင့် ဝတ်လို့ကောင်းဖို့ပါပဲ။ ဖက်ရှင်ပုံစံကောင်းတစ်ခုရဖို့ စဉ်းစားတဲ့နေရာမှာ ဒီဇိုင်း နဲ့ ချုပ်သားအပြင် အရောင်အသွေးတွေလည်း ထည့်ကြည့်ရပါတယ်။ ဘောင်းဘီအရောင်အနေနဲ့ ဘယ်တော့မှ မရိုးဘဲ အမျိုးသားတွေနဲ့ လိုက်ဖက်ကြည့်ကောင်းတဲ့ အရောင်တွေဆိုရင်တော့ အခုပြောမယ့် အရောင်တွေကို ဦးစားပေး စဉ်းစားသင့်ပါတယ်။
(၁) Black Pant

Photo: looksgud
အနက်ရောင်ကတော့ အမြဲတမ်း ဦးစားပေးခံရတဲ့ ကာလာပါ။ ဘယ်တော့မှလည်း ရိုးအီမသွားတဲ့ အရောင်လည်း ဖြစ်ပါတယ်။ အနက်ရောင် Pant တွေက ပွဲတိုးပါတယ်။ ဘယ်သွားသွား ဝတ်လို့ကောင်းပါတယ်။ Black Pant ကို အဖြူရောင် T-Shirts နဲ့ တွဲဝတ်တာ အမြဲအထာကျပါတယ်။ အဖြူရောင် ဗြောင် White Tee ဟာ Formal Shoes တွေနဲ့ တွဲဝတ်နိုင်ပါတယ်။ အနက်ရောင်နဲ့ လိုက်ဖက်တဲ့ အရောင်တွေက ရိုးရှင်းပြီး လွင်တဲ့ Light Colour ကနေ အရောင် သိပ်အရင့်ကြီး မဟုတ်တဲ့ Medium Colour မျိုး ရွေးချယ်သင့်ပါတယ်။
(၂) Cream Pant

Photo: looksgud
ခေတ်ဆန်ဆန်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ကာလာမျိုး ကြိုက်တတ်ရင် ယောင်္ကျားလေးတွေအနေနဲ့ Cream Pant ကာလာမျိုး ဝတ်ပါ။ သပ်ရပ်ပြီး လူကြီးလူကောင်းဆန်တဲ့ပုံလည်း ပေါက်စေပါတယ်။ အထူးသဖြင့် Formal ကျကျ ရုံးတက်ဖို့ ဝတ်ကြမယ်ဆိုရင် ဒီကာလာကို ပိုစဉ်းစားပေးသင့်ပါတယ်။ Cream Pant နဲ့ တွဲဝတ်သင့်တာက အပြာရောင် Formal Shirt ၊ Grey Shirt ၊ White Shirt နဲ့ အနက်ရောင် Black Shirt ကာလာတွေ ဖြစ်ပါတယ်။ Casual အနေနဲ့ Graphic Tees တီရှပ်လေးတွေနဲ့ Sneaker ပေါ့ပေါ့ပါးပါးမျိုးလည်း တွဲဝတ်နိုင်ပါတယ်။
(၃) Gray Pant

Photo: looksgud
Gray Pant တွေက အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံး အရောင်ထဲမှာ ပါပါတယ်။ ပိန်တဲ့သူရော ၊ ပြည့်ပြည့်တင်းတင်းရှိတဲ့သူရော အားလုံး မီးခိုးရောင် Gray Pant မျိုး ရွေးချယ်နိုင်ပါတယ်။ Formal ပွဲတွေ တက်မယ်ဆိုရင် Gray Pant တွေကို ဦးစားပေး ဝတ်တာ မှန်ပါတယ်။ Casual ဝတ်ရင်လည်း ကြည့်လို့ကောင်းစေတာပါပဲ။ လက်တို/လက်ရှည် ရှပ်တွေ ၊ တီရှပ်တွေ Formal Shirt တွေနဲ့လည်း တွဲဝတ်လို့ အဆင်ပြေတဲ့ အရောင်ဖြစ်ပါတယ်။
(၄) Blue Trouser

Photo: looksgud
အပြာရောင် Jeans ဘောင်းဘီလိုမျိုးက ရုံးပိတ်ရက်တွေမှာ ဝတ်ဖို့ ထားပါ။ သူကတော့ Casual Outfit က အဓိကဖြစ်ပြီး တခြားအဝတ်အစားအရောင်တွေနဲ့ပါ အဆင်ပြေပါတယ်။ အနည်းဆုံးတော့ ရိုးရိုးပေါ့ပေါ့ပါးပါး အပြင်သွားဖို့ ဝတ်မယ်ဆိုရင် မိုးပြာဖျော့/ရင့် Jeans ဘောင်းဘီမျိုး ဝတ်လို့ ရပါတယ်။
(၅) Khaki Chinos

Photo: looksgud
ကာကီရောင်တွေက ဝတ်သူကို စမတ်ကျစေပါတယ်။ ဒါကြောင့်ပဲ ယူနီဖောင်းတွေကို ကာကီရောင် ရွေးလေ့ရှီကြတာ ဖြစ်ပါတယ်။ Chino ဘောင်းဘီမျိုး ကာကီရောင် ဝတ်ရင် မျက်စိပသာဒဖြစ်ပါတယ်။ Formal ပွဲတတ်လို့ပါ အဆင်ပြေပါတယ်။
