လူတိုင်း ဖုန်းကိုင်နေကြပေမယ့် ဖုန်းလုံခြုံရေးနဲ့ ပတ်သက်လို့ သိသင့်တဲ့အချက်တွေကို မသိသေးတဲ့သူတွေလည်း အများကြီး ရှိနေပါတယ်။ အခုခေတ်မှာ စမတ်ဖုန်းတစ်လုံးဟာ ဆက်သွယ်ရေးအရင်းအမြစ်တစ်ခုဆိုတာအပြင် လူတစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်ဖိုင်တွဲတစ်ခုပမာ ဖြစ်လာပါပြီ။ ကိုယ့်ရဲ့ အဖိုးတန်တဲ့ အချက်အလက်အားလုံးကို မပေါက်ကြားအောင် ကာကွယ်ထားဖို့ အရေးကြီးတာကြောင့် ဖုန်းလုံခြုံရေးအတွက် သိသင့်တာလေးတွေ မျှဝေလိုက်ပါတယ်။
(၁) မက်ဆေ့နဲ့ အချက်အလက်တွေ လုံခြုံမှုရှိပါစေ
Photo: Freepik
ဖုန်းထဲက ပို့သမျှ စာတွေနဲ့ အချက်အလက်တွေကို တခြားသူတွေ ဝင်မကြည့်နိုင်အောင် လုံခြုံမှုအရှိဆုံး စာပို့ Apps တွေ သုံးပါ။End-To-End Encryption နည်းပညာနဲ့ ကာကွယ်ထားတဲ့ Viber ၊ Telegram နဲ့ Signal တွေ သုံးနိုင်ပါတယ်။ အရေးကြီးတဲ့ အချက်အလက်တွေကို ဖုန်းထဲမှာ ထည့်ထားတယ်ဆိုရင် ဖုန်းကို တွေ့ကရာမထားဖို့နဲ့ တခြားသူတွေကို ပေးသုံးတာမျိုး မလုပ်ဖို့လည်း လိုပါတယ်။
(၂) ဖုန်းကို Lock ချထားပါ
Photo: Freepik
တချို့ဖုန်းကိုင်သူ အတော်များများဟာ ဖုန်း Security အတွက် Lock ခတ်မထားကြတဲ့ အမှားမျိုး လုပ်နေမိတတ်ပါတယ်။ ဖုန်းတစ်လုံး လုံခြုံမှုအတွက် အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုက ဖုန်းကို Screen Lock ထားဖို့နဲ့ Two-Factor လုံခြုံရေးနည်းပညာ သုံးတာမျိုးလည်း လုပ်ပေးဖို့ လိုပါတယ်။
(၃) Public Wi-Fi သုံးတာ ဂရုစိုက်ပါ
Photo: Freepik
WiFi တွေ့တိုင်း သုံးတာမျိုးကလည်း ဟက်ကာတွေကို ကိုယ့်ဖုန်းလုံခြုံရေးတံခါးဆွဲဖွင့်ဖို့ ကြိုဆိုနေတာနဲ့ တူပါတယ်။ အကောင်းဆုံးက ကိုယ့်WiFi ၊ ကိုယ့် မိုဘိုင်းဒေတာနဲ့ပဲ အင်တာနက် သုံးတာ ပိုစိတ်ချရပါတယ်။
(၄) Find My Phone Apps သုံးပါ
Photo: Freepik
ဖုန်းခိုးခံရလို့ပဲ ဖြစ်ဖြစ် တစ်နေရာရာမှာ ကျပျောက်သွားလို့ပဲ ဖြစ်ဖြစ် အရင်ဆုံး လုပ်ရမှာက Find-My Phone app နဲ့ ရှာရမှာပါ။ ရှာလို့မရတော့ဘူး။ ဖုန်းခိုးထားသူ လက်ထဲ ရောက်နေပြီဆိုရင် ဖုန်းထဲက ကိုယ့်ရဲ့ အချက်အလက်တွေ တခြားသူမရအောင် ဖုန်းကို လော့ခ်ချတာ အထဲက အကောင့် ၊ စကားဝှက်တွေ ပြောင်းတာမျိုး လုပ်ပါ။
(၅) ဖုန်းကို Root မဖောက်ပါနဲ့
Photo: Freepik
iPhone ကို Jailbreak လုပ်တာ Android ကို Root ဖောက်တာမျိုးကို ဗိုင်းရပ်စ်နဲ့ Hacking တွေ ပိုဖြစ်နိုင်လို့ပါ။ လုံခြုံရေး အားနည်းနေတဲ့ ဖုန်းတစ်လုံးဟာ ဘာအကာအကွယ်မှ ထားမရလို့ Privacy ပေါက်ဖို့ ဖြစ်နိုင်ခြေအများဆုံးပါပဲ။