Jeans အကြောင်းကတော့ ယောင်္ကျားလေးတိုင်း သိပြီး ဖြစ်မှာပါ။ Jeans ထည်တွေဟာ ဘောင်းဘီကနေ ဂျာကင်အထိ ကိုယ်ပိုင်လက္ခဏာနဲ့ ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး Jeans ဝတ်စုံကို ၁၈၇၃ ခုနှစ်က နီဗားဒါးမှာ ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ စထုတ်ကတည်းက Jeans တွေဟာ ဒူပေဒါပေခံဖို့ ရည်ရွယ်ထားတာ ဖြစ်လို့ အကြမ်းပတမ်း ဒုံးပေဝတ်လို့ ကောင်းတာ ပြောစရာလိုမှာ မဟုတ်ပါဘူး။ Jeans Pants တွေနဲ့ ပတ်သက်လာရင်တော့ နည်းနည်း ပြောပြချင်ပါတယ်။
(၁) Selvedge Denim

Photo: Dmarge
ဒီ Jeans စတိုင်မျိုးက ပုံမှန်လျှော်ဖွပ်စရာမလိုတဲ့ Raw Denim အမျိုးအစားထဲမှာ ပါပြီး ဒီဇိုင်းအနေနဲ့ ဘောင်းဘီအောက်အနားကို သီးသန့်ခေါက်ချုပ်ထားတာပါ။ အောက်အနားနှစ်ထပ်လို ဖြစ်သွားတာကြောင့် တော်ရုံနဲ့ အောက်အနားတွေ မပျက်စီးသလို ဒီဇိုင်းအရလည်း ကြည့်ရ ပိုဆွဲဆောင်မှုရှိလာပါတယ်။ အတွင်းလိုင်းနာချုပ်သားတွေကလည်း ပုံမှန် Raw Denim တွေနဲ့ ကွာပါတယ်။ တွဲဝတ်သင့်တာက ကော်လာပါတဲ့ ရှပ်တွေ ၊ Tee ရှပ်တွေနဲ့ ဖြစ်ပါတယ်။
(၂) Slim Jeans

Photo: Dmarge
ယောင်္ကျားလေးအများစု အကြိုက်တွေ့ကြတဲ့ Jeans ဖက်ရှင်ဖြစ်ပါတယ်။ Fit & Comfort အကြား ဟန်ချက်မျှလို့ ဝတ်ရတာ အနေတော်နဲ့ သက်တောင့်သက်သာရှိတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ Casual Suits နဲ့ပါ တွဲဝတ်နိုင်လို့လည်း လူကြိုက်ကြတာပါ။ Slim Jeans ဝတ်မယ်ဆိုရင် ခါးဆိုဒ်ပဲ ကြည့်လို့ မရတော့ဘဲ ကိုယ့်ခြေထောက်အရွယ်အစားပါ စဉ်းစားရမှာ ဖြစ်ပါတယ်။
(၃) Skinny Jeans

Photo: Dmarge
ခေတ်စားခဲ့တဲ့ Jeans တွေထဲက တစ်မျိုးက Skinny Jeans ဖြစ်ပါတယ်။ Skinny Jeans တွေက နာမည်အတိုင်းပဲ အသားနဲ့ ဘောင်းဘီ ကပ်နေအောင် ချုပ်ထားတာ ဖြစ်ပါတယ်။ ကောင်းတာတစ်ခုက Skinny တွေ ဝတ်ရင် အရပ်ပိုရှည်သယောင် ခံစားရပါတယ်။ Skinny Jeans တွေကို Blazer ကုတ်တွေ နက်ခ်တိုင်ပါ နည်းနည်း Formal ကျတာတွေနဲ့ပါ တွဲဝတ်နိုင်ပါတယ်။ Casual ဝတ်မယ်ဆိုရင်တော့ ရိုးရှင်းတဲ့ရှပ်နဲ့ Bomber Jacket မျိုးတွဲဝတ်လို့လည်း ရပါတယ်။
(၄) Super Skinny Jeans

Photo: Dmarge
ဒီဖက်ရှင်အမျိုးအစားက ဒီဘက်မှာ ဝတ်တဲ့လူ နည်းလာပေမယ့် တစ်ချိန်ကတော့ လူငယ်တွေအကြားမှာ အတော်လေး ဝတ်ခဲ့ကြတဲ့ Jeans စတိုင်ပဲ ဖြစ်ပါတယ်။ ဆွဲသား Jeans စတိုင်မျိုး ဖြစ်ပြီး အရပ်ရှည်ပြီး ပိန်တဲ့သူတွေပဲ ဝတ်လို့ ကောင်းတဲ့ ဖက်ရှင် ဖြစ်ပါတယ်။ တချို့က ပိုပြီး အရပ်ရှည်ထွက်လာဖို့ Chelsea Boots မျိုးနဲ့ တွဲဝတ်ကြပါတယ်။
(၅) Straight Jeans

Photo: Dmarge
Straight Jeans တွေကတော့ ပုံမှန် Cutting Size နဲ့လာပါတယ်။ ဆိုလိုတာက ဘောင်းဘီခြေထောက်ဟာ ဒူးကနေ ဖနောင့်အထိ တစ်ဖြောင့်တည်းဖြစ်ပြီး Slim လုပ်တာ Beggy ပွထားတာ မရှိပါဘူး။ Straight Jeans တွေနဲ့ တွဲဝတ်လို့ ကောင်းတာက များသောအားဖြင့် ချောင်ချိတဲ့ Looser Fitting အဝတ်အစားမျိုး ဖြစ်ပါတယ်။ တချို့ကတော့ Straight Jeans ကို တခြား Denim Shirts တို့ အပေါ်ထပ် Layered Denim Jackets မျိုးနဲ့ တွဲဝတ်တာမျိုးလည်း ရှိကြပါတယ်။
