ကားမောင်းရတော့မယ်ဆိုရင် စိတ်ဖိစီးမှု မြင့်လာတတ်တဲ့သူတွေ ရှိမှာပါ။ ယာဉ်ကြောရှုပ်ထွေးနေတဲ့ လမ်းမတွေပေါ် ကားတက်မောင်းဖို့အတွက် စိတ်လှုပ်ရှားနေတာ ၊ကားမောင်းရင်ပဲ တစ်ခုခု ဖြစ်တော့မှာပဲ ဆိုပြီး ကြောက်နေတာကို Driving Anxiety လို့ ခေါ်ကြပါတယ်။ ဒီစိတ်ရှုပ်ထွေးမှုကို ရှင်းထုတ်လို့ရမယ့် နည်းလမ်းတချို့ လက်ဆင့်ကမ်းလိုပါတယ်။

(၁) ကားထဲမဝင်ခင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

Prepare Before you start driving

Photo: Freepik

အရင်ဆုံး စိတ်ကို အေးချမ်းတည်ငြိမ်နေအောင် ထားဖို့ပါပဲ။ ဥပမာ ယောဂလေး ကစားတာပဲ ဖြစ်ဖြစ် ၊ အပြေးဝါသနာပါရင် အပြေးလေ့ကျင့်ခန်းလေး လုပ်လို့ပဲ ဖြစ်ဖြစ် တရားထိုင်တာပဲ ဖြစ်ဖြစ် နောက်ဆုံး ကိုယ်အကြိုက်ဆုံးသီချင်းလေး ဖွင့်ထားပြီး နားထောင်တာပဲ ဖြစ်ဖြစ်ပေါ့။ အေးချမ်းသွားတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

(၂) ကြိုတင်စီစဉ်ထားပါ

Man driving car

Photo: Freepik

ကိုယ်နဲ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ကားမောင်းတော့မယ်ဆိုရင်လည်း Driving Anxiety ဝင်တတ်ပါတယ်။ ဒီလိုဆိုရင် အရင်ဆုံး Google Maps သုံးပြီး လမ်းကြောတွေနဲ့ ရင်းနှီးအောင် လုပ်ထားတာပဲ ဖြစ်ဖြစ် လမ်းကြောသိသူတစ်ဦးဦးရဲ့ အကူအညီတောင်းပြီးပဲ ဖြစ်ဖြစ် လုပ်သင့်ပါတယ်။ Plan ကျရင် စိတ်ချရပါတယ်။

(၃) ခဏခဏ ကားပတ်မောင်းကြည့်ပါ

man test driving

Photo: Freepik

ကားနဲ့ ရင်းနှီးအောင် ကားကို ခဏခဏ မောင်းကြည့်ပေးဖို့ လိုပါတယ်။အနည်းဆုံး ကိုယ့်အနားတစ်ဝိုက်မှာ ရှိတဲ့ လမ်းကြောလေးတွေ မောင်းကြည့်တာမျိုး ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့လည်း ရင်းနှီးကျွမ်းဝင်မှုရသလို ကားမောင်ရတာလည်း ပိုလို့ အဆင်ပြေ သက်တောင့်သက်သာ ရှိလာပါလိမ့်မယ်။ ကားမောင်းနေရင်းလည်း ကိုယ်နဲ့ ကားအကြား ရင်းနှီးမှုရဖို့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပါ။ ဥပမာ ကားထဲမှာ ကိုယ့်အနှစ်သက်ဆုံးရေမွှေးထားတာမျိုး ၊ ကိုယ့်အိပ်ခန်းထဲမှာ ထားတတ်တဲ့ အရုပ်မျိုးလေးတွေ ထားတာမျိုး ဖြစ်ပါတယ်။