ကိုယ်လုံးကိုယ်ပေါက်ကြောင့် အပြစ်ပြောခံရခြင်း Body-Shaming လုပ်ခြင်းကို ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ ရှုတ်ချကြပါတယ်။ လူတွေဟာ တခြားသူတစ်ယောက်ကို သူဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံ ၊ သူဆည်းပူးလေ့လာခဲ့တဲ့ ပညာရပ် အမြော်အမြင်နဲ့ ချီးကျူးလေ့လာစရာကောင်းတဲ့ သူ့လုပ်ရပ်ထက် သူ့အရေပြားနဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံကိုပဲ ကြည့်နေ မြင်နေမိတတ်တာပါပဲ။ ဒီထဲမှာ ကိုယ့်ကိုယ်ကိုယ်တောင် Body-Shaming လုပ်မိတာမျိုး ရှိတတ်ပါတယ်။ အခုပြောမယ့် ကိုယ့်ကိုယ်ကိုယ် Body-Shaming လုပ်ခဲ့တဲ့နည်းလမ်းတွေ အမူအရာတွေ လုပ်မိသလား ဆန်းစစ်ကြည့်စေချင်ပါတယ်။

(၁) မှန်ထဲ ကိုယ့်ရုပ်ကို ပြန်မကြည့်အောင် ရှောင်ကြဉ်ခြင်း

man looking up himself in mirror

Photo: Freepik

ကြည့်လိုက်ရင်တော့ ဒါကို Body-Shaming အပြုအမူတစ်ရပ်အနေနဲ့ မြင်ချင်မှ မြင်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်စဉ်းစားကြည့်လိုက်ရင် ကိုယ့်ရုပ်ကို ပြန်မကြည့်ချင်တဲ့ ကိစ္စလေးတွေ ရှိလို့လည်း ဖြစ်နိုင်တာပါပဲ။ တစ်နည်းပြောရရင် မှန်ထဲမှာတောင် ကိုယ့်ရုပ်ကို ရင်မဆိုင်ရဲတာလည်း ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်နေရင် မှန်ထဲမှာ အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် အရင်ထက် စက္ကန့် ၃၀ ပိုကြည့်မယ်လို့ ဆုံးဖြတ်ပြီး စပြောင်းကြည့်ပါ။ မှန်ကြည့်ရင်း “ငါဟာ တစ်နေ့ထက် တစ်နေ့ နည်းနည်းချင်း ပိုပြီး ကိုယ့်ကိုယ်ကိုယ် သဘောကျလာပြီ” လို့ စိတ်ထဲက ပြောကြည့်လိုက်ပါ။

(၂) ဝိတ်တက်/ဝိတ်ကျတာကို ချီးကျူးခြင်း

man get weight gain

Photo: Freepik

လူတွေဟာ ဝရင်လည်း ဝလို့ ၊ ပိန်ပြန်ရင်လည်း ပိန်လို့ ကိုယ့်ကိုယ်ကိုယ် မကျေနပ်တတ်ကြပါဘူး။ ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်အောင်ပဲ နေပါ။ တချို့သူတွေဟာ အရပ် ၆ ပေနီးပါးအထိ ရှိပေမယ့် ၅ ပေကျော်ရုံလူတွေလောက် ခန္ဓာကိုယ်ကို လိုချင်ကြတာ တကယ့်အမှားပါပဲ။ BMI မှန်ဖို့ပဲ ဂရုစိုက်ပါ။ ကိုယ်အခု ရထားတဲ့ ခန္ဓာကိုယ်ထဲက အံ့ဖွယ်စွမ်းအားတွေအကြောင်း အာရုံစိုက်ထားပါ။ ကိုယ့်ကို ဘယ်လိုခံစားရစေသလဲဆိုတာပဲ ဦးတည်ပါ။

(၃) ကျန်းမာရေးနဲ့ညီတဲ့ Body Type ဟုတ်မဟုတ် အတွေးလွန်ခြင်း

man feel overthinking

Photo: Freepik

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကိုယ့်ခန္ဓာက ကိုယ်နဲ့ အဆင်ပြေနေရင် ကျန်းမာတာပါပဲ။ တစ်ဖက်မှာလည်း ကျန်းမာရေးနဲ့ ညီအောင် အစားအသောက် ၊ လှုပ်ရှားမှု မျှတမှန်ကန်ပါစေ။ကိုယ်စားတဲ့ အစားအစာတွေမှာ အာဟာရဓါတ် ဘယ်လောက်ပါသလဲလို့ ၊ ကိုယ့်စမတ်နာရီက ကိုယ့်ကို ဘယ်လိုသတင်းပို့နေသလဲလို့ ဆိုတဲ့အပေါ်မှာ စိတ်လှုပ်ရှားမလွယ်မိပါစေနဲ့။

(၄) ကိုယ့်ကိုယ်ကိုယ် ပစ်ထားမိခြင်း

man stress

Photo: Freepik

လူဟာ ကိုယ်ရတဲ့ဘဝလေးကို နှစ်သက်ပြီး မြေတောင်မြှောက် မြှင့်တင်ပေးဖို့ လုပ်ရပါတယ်။ ဒါကြောင့်ပဲ နေ့စဉ် နေ့စဉ် ကိုယ့်ခန္ဓာကိုယ်ကို ပြန်ပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ စကားပြန်ပြောပေးတာ ၊ ဆက်သွယ်မှုလုပ်တာမျိုး လုပ်ပေးဖို့ မမေ့ရပါဘူး။ ကိုယ်ခန္ဓာက ကိုယ့်ကို ပြောပြနေတဲ့အသံကိုလည်း ပြန်နားထောင်ပေးဖို့ လိုပါတယ်။ နာရင် ကုပါ။ နားဖို့လိုရင် အလုပ်တွေ လက်စသတ်ပါ။ စိတ်ဆိုးလာရင် စိတ်အေးချမ်းအောင် နေပါ။ ဒါမျိုး ဖြစ်ပါတယ်။

(၅) ကိုယ့်ကိုယ်ကိုယ် သိပ်ဖုံးကွယ်ထားမိတာမျိုး

young-man-sitting-table-depressed-against-window

Photo: Freepik

ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်လို့ လူတွေ လုပ်တတ်ကြတဲ့အရာတွေထဲက တစ်ခုက သူ့ရဲ့ အားနည်းချက်ရှိတဲ့အပိုင်းကို လူသိမခံဖို့ အားထုတ်ကြိုးစားတာပါပဲ။ အဝတ်အစားနဲ့လည်း ဖြစ်မယ် ၊ အလှပြုပြင်ပြီးလည်း ဖြစ်ချင်ဖြစ်ပါမယ်။ တော်တန်ရုံ ပြုပြင်တာမျိုးက ပြဿနာမရှိပါဘူး။ ဒါကြီးကို ကိုယ့်ရဲ့ ပြင်မရတော့တဲ့ အားနည်းချက်ကြီးဆိုပြီး သိပ်အလေးအနက်မထားဖို့တော့ လိုပါတယ်။ ယုံကြည်ချက်ကို ပိုခိုင်မာအောင် နေထိုင်ပါ။ ကိုယ့်ဖြစ်တည်မှုကို လက်ခံတဲ့ စိတ်ဓါတ်နဲ့ နေထိုင်မှသာ စိတ်အနာမရမှာ ဖြစ်ပါတယ်။