စတိုင်လ်ကျပြီး ဖက်ရှင်ကျ ခေတ်မှီချင်တာကတော့ လူတိုင်းရဲ့အိပ်မက်ပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ဖက်ရှင်ကျဖို့အတွက် ဘယ်ကအစပြုရမလဲဆိုတာကို သင် သိပါသလား။
တစ်ကိုယ်ရည် သန့်ရှင်းခြင်းကနေ အစပြုရမှာဖြစ်ပါတယ်။ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ ရှည်လာရင် ရိတ်ရမယ်။ အသားအရေ ထိန်းသိမ်းတာမျိုးတွေအထိ စိတ်ရှည်လက်ရှည်နဲ့ ပြုလုပ်ပေးရပါမယ်။
သင့်အနေနဲ့ ဘယ်အချက်ကနေ စရမှန်းမသိရင် အခုဖော်ပြပေးသွားမယ့်အချက်များကို တစ်ဆင့်ချင်းပြုလုပ်ပေးလိုက်ရုံပါပဲ။
မိမိအသားအရေကို ထိန်းသိမ်းပါ

ကြည့်ကောင်းခြင်းရဲ့လျှို့ဝှက်ချက်က အသားအရေ ကြည်လင်ကျန်းမာခြင်းနဲ့ အစပြုပါတယ်။ သင့်အသားအရေက ပါးရေတွန့်ပြီး အရေးအကြောင်းပေါ်နေမယ်ဆိုရင်တော့ သင့်မျက်နှာလည်း ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ ယနေ့ခေတ်မှာ အမျိုးသားသုံး မျက်နှာပေါင်းတင်ကပ်ခွာတွေလည်း အများအပြား ရှိနေပြီမို့လို့ မိမိအသားအရေနဲ့ သင့်တော်မယ့်မျက်နှာကပ်ခွာအသုံးပြုပြီး အသားအရေ ထိန်းသိမ်းပေးလိုက်ပါ။
မိမိရဲ့ကိုယ်ပိုင်ရနံ့ဖန်တီးပါ

အမျိုးသားများအနေနဲ့ မိမိကိုယ်ပိုင်ရနံ့နှစ်မျိုးစီ ပိုင်ဆိုင်ထားသင့်ပါတယ်။ ပထမတစ်မျိုးကတော့ နေ့စဉ်အသုံးပြုမယ့် ရေမွှေးရနံ့ဖြစ်ပြီး နောက်တစ်မျိုးကတော့ အထူးအခမ်းအနားတွေ ပွဲတက်တွေအတွက် အသုံးပြုသင့်တဲ့ ရေမွှေးရနံ့ပဲဖြစ်ပါတယ်။
သုံးလတစ်ကြိမ်ခန့် ဆံပင်ညှပ်ဆိုင်သွားပါ

သင့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်သည်လည်း သင့်ရဲ့ကိုယိုင်ဖက်ရှင်ပဲဖြစ်ပါတယ်။ ဆံပင်စတိုင်တစ်မျိုးတည်းကိုပဲ ပုံသေမထားဘဲ သုံးလတစ်ကြိမ်ခန့် စတိုင်လ်ပြောင်းလဲပေးခြင်းအားဖြင့် မိမိနဲ့အလိုက်ဖက်ဆုံးဆံပင်ကေကို ရှာဖွေနိုင်ပါတယ်။
နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ရိတ်ဖို့လည်း မမေ့ပါနဲ့

သင့်အနေနဲ့ နှုတ်ခမ်းမွှေး အရှည်ထားချင်တယ်ဆိုရင်တော့ ဒီအတိုင်း အရှည်ထားရုံနဲ့ မပြီးသွားပါဘူး။ သန့်သန့်ရှင်းရှင်းထားဖို့လည်း လိုအပ်သလို ကြည့်ကောင်းဖို့လည်း လိုအပ်ပါတယ်။
သွားကျန်းမာရေးကိုလည်း ဂရုစိုက်ပါ

ခံတွင်းရနံ့မကောင်းပါက လူအများရှေ့မှာ မိမိကိုယ်ကို ယုံကြည်ချက်ကျဆင်းနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ရက်နှစ်ကြိမ်ခန့် ပုံမှန်သွားတိုက်ပါ။ သွားဆရာဝန်ထံ ခြောက်လတစ်ကြိမ်ခန့် သွားကျန်းမာရေး ကုသမှုခံယူဖို့လည်း လိုအပ်ပါတယ်။
မိတ်ကပ် လိမ်းပါ

မိတ်ကပ်က အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း ကြည့်ကောင်းဖို့ရန်အတွက် မိတ်ကပ်လိမ်းဖို့ လိုအပ်လာပါပြီ။ အမည်းစက်များ၊ မျက်ကွင်းညိုခြင်းတို့ကို မိတ်ကပ်ဖုံးကာ အပြစ်အနာအဆာများကို ဖယ်ရှားနိုင်ပါတယ်။
မျက်ခုံးမွှေး ညှိပါ

သဘာဝအားဖြင့် မျက်ခုံးမွှေးများက ပြန့်ကျဲစွာ ပေါက်တတ်ပါတယ်။ ထိုကဲ့သို့ မျက်ခုံးမွှေး ပြန့်ကျဲခြင်းက သင့်ရဲ့ဆွဲဆောင်မှုကို လျော့ကျစေတာကြောင့် သင့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ မျက်ခုံးမွှေးပုံစံ ပုံဖော်ကာ တိပေးလိုက်ပါ။
Source: Nextluxury.com
