မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေးဗစ် ဒီဂီယာနေရာမှာ အစားထိုးနိုင်ခြေရှိတဲ့ ပစ်မှတ် ၃ ခုကို သတ်မှတ်ခဲ့ပြီး ယခုနွေရာသီမှာ စပိန်လက်ရွေးစင်ဂိုးသမားဟာ အသင်းကို စွန့်ခွာဖို့ ရွေးချယ်ဖွယ်ရှိတယ်လို့ Sky Sports ရဲ့သတင်းအရ သိရပါတယ်။

ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမပွဲထွက်ဂိုးသမားအဖြစ် ကစားပေးခဲ့တာ ဆယ်စုနှစ် ၁ ခု ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲစုံ ၄၃၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၅၃ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီဂီယာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂ နှစ်ကျော် ကျန်ရှိနေသေးပေမယ့် ၎င်းရဲ့ဇနီးက သမီးဦးလေးမွေးဖွားခဲ့ပြီးနောက် ယခုနွေရာသီမှာ မက်ဒရစ်ကို ပြန်သွားချင်တယ်လို့ သိရပါတယ်။

Manchester United's Spanish goalkeeper David de Gea

Photo: sportslens

ဒင်း ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့အပတ်မှာ ဒီဂီယာ စပိန်ကို ပြန်သွားလို့ ပါဝင်ကစားပေးနိုင်ခြင်းမရှိတဲ့အချိန်မှာ ၎င်းရဲ့ အရည်အသွေးကို သက်သေပြသခဲ့ပေမယ့် ယူနိုက်တက်က နာမည်ကြီးဂိုးသမားနဲ့ အစားထိုးဖို့အတွက် ရှာဖွေနေဆဲဖြစ်ပါတယ်။ အေစီမီလန်ဂိုးသမား ဒွန်နာရမ်းမား၊ လိုင်လီက မိတ်ညမ်၊ အက်သလက်တီကိုမက်ဒရစ်က အော့ဘလက်တို့ကို ဒီဂီယာနေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ဖွယ်ပစ်မှတ်တွေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒွန်နာရမ်းမားဟာ ယခုရာသီကုန်မှာ ကုန်ဆုံးတော့မယ့် အေစီမီလန်အသင်းနဲ့ စာချုပ်ကို စဉ်းစားနေပြီး ၎င်းရဲ့အေးဂျင့်ဖြစ်တဲ့ မိုင်နိုရွိုင်အိုလာဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဆက်ဆံရေးမပြေလည်တာကြောင့် အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာဖို့အတွက် ခက်ခဲမယ်လို့ ယူဆရပါတယ်။ မိတ်ညမ်ကတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက လိုင်လီအသင်းနဲ့အတူ နာမည်ကြီးလာခဲ့သူဖြစ်ပြီး ယခုနွေရာသီမှာ ၎င်းရဲ့စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ဝင်ရောက်တော့မှာဖြစ်တာကြောင့် ခေါ်ယူနိုင်ခြေရှိတဲ့ ဂိုးသမားဖြစ်ပါတယ်။

Manchester United's Spanish goalkeeper David de Gea

Photo : Playing for 90

တစ်ဖက်က ဂျန် အော့ဘလက်ကတော့ ယူနိုက်တက်က ပစ်မှတ်ထားနေတဲ့ ၃ ဦးထဲမှာ ဆွဲဆောင်မှုအရှိဆုံးဖြစ်တဲ့ ပစ်မှတ်ဖြစ်ပြီး လက်ရှိအချိန် ကမ္ဘာပေါ်မှာ အကောင်းဆုံးဂိုးသမားအဖြစ် အချို့က သတ်မှတ်ထားခြင်းခံထားရသူဖြစ်ပါတယ်။ အော့ဘလက်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီပေးနေသူဖြစ်ပြီး ၎င်းရဲ့စာချုပ်ပါအချက်ဖြစ်တဲ့ စာချုပ်လျော်ကြေး ပေါင် ၁၀၃ သန်းထက် လျော့နည်းတဲ့ပမာဏနဲ့တော့ လာလီဂါကလပ်အသင်းက ရောင်းထုတ်ဖို့ စိတ်ကူးမှာမဟုတ်ပါဘူး