လူကြားသူကြားမှာ ယုံကြည်မှုရှိရှိ နေနိုင်ခြင်းဟာ သင်ထင်ထားတာထက် ပိုအရေးပါတဲ့ကိစ္စဖြစ်ပါတယ်။ Confidence ဆိုတာ Comfort Zones တွေထဲက ရုန်းထွက်စေနိုင်တဲ့ ပါဝါတစ်ခုဖြစ်ပြီး အခွင့်အရေး Chance တွေ ဖော်ထုတ်ပေးတဲ့ ကိရိယာတစ်ခုလည်း ဖြစ်ပါတယ်။ ကဲ ဒီတော့ Confidence ကောင်းအောင် နေထိုင်ပြီး ဘဝမှာ အရေးကြီးတဲ့ အခွင့်အလမ်းတွေ ဖမ်းဆုပ်နိုင်ဖို့ နည်းလမ်းတချို့ မျှဝေပေးလိုက်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှုကို ပြန်တိုက်ခိုက်ပါ

Photo: Freepik
Self-Doubt လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှုကို စိန်ခေါ်ပါ။ တိုက်ခိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် သံသယအဝင်မခံပါနဲ့။ ကိုယ့်စွမ်းကိုယ်စကို မြှင့်တင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှုကို ရင်ဆိုင်ဖို့ အကောင်းဆုံးတပ်ဖွဲ့ပါပဲ။
(၂) Posture ပြင်ပါ

Photo: Freepik
လူတွေရဲ့ လှုပ်ရှားနေထိုင်မှုပုံစံကလည်း သူ့ရဲ့ Confidence Level ကို စကားပြောပါတယ်။ မမှန်မကန်တဲ့ သွားလာလှုပ်ရှားမှုပုံစံ Posture ဟာ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှု ၊ မောပန်းနွမ်းနယ်မှုနဲ့ စိတ်ခံစားချက် ထိခိုက်မှုပေါ် သက်ရောက်မှုရှိပါတယ်။ ဥပမာ-ထိုင်နေတဲ့အချိန်မှာ ခါးခေါက်ချိုးနဲ့ ထိုင်ခြင်းဟာ စိတ်ပါ ထိုင်းမှိုင်းလေးလံမှုကို ပိုအားဖြစ်စေပါတယ်။ အမြန်လုပ်လို့ရတဲ့ Posture Tips အနေနဲ့ လူတွေနဲ့ Contact ထိတွေ့မှု လုပ်တာ ၊ ဘာကိုမှ မလုပ်ခင်မှာ အရင်အသက်ရှုတာ နဲ့ ကိုယ့်ခြေထောက်ပေါ် ရောက်နေတဲ့ တင်းအားကို စဉ်းစားတာမျိုး ဖြစ်ပါတယ်။
(၃) အရောင် ဂရုစိုက်ပါ

Photo: Freepik
အရောင်တွေက ကျွန်တော်တို့ ပတ်ဝန်းကျင် နေရာအနှံ့မှာ ရှိပါတယ်။ ကျွန်တော်တို့ အိမ်ထဲမှာ ၊ ကျွန်တော်တို့ စားတဲ့ အစားအသောက်ထဲမှာ ၊ ကျွန်တော်တို့ ဝတ်လိုက်တဲ့ အဝတ်အစားတွေထဲမှာ အရောင်တွေ ရှိပါတယ်။ အရောင်တွေက ကျွန်တော်တို့ စိတ်ကို လွှမ်းမိုးပါတယ်။ ဒါကြောင့် အရောင်တွေနဲ့ စိတ်ကို ပြောင်းလဲဖို့ လိုပါတယ်။ အဝါရောင်ဟာ ပျော်ရွှင်ခြင်း ၊ နွေးထွေးမှုနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှုကို ထင်ဟပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုကောင်းချင်ရင် လိမ္မော်ရောင် သုံးပါ။ စိတ်ကြည်လင်အေးချမ်းချင်ရင် ဖျော့တော့ ကြည်လင်တဲ့အရောင်မျိုး ရွေးချယ်ဖို့ လိုပါတယ်။
