လူတိုင်းလူတိုင်းကတော့ မိမိပိုင်ဆိုင်တဲ့ ငွေကိုနှစ်ဆတိုးပွားချင်ကြတာပါပဲ။ ဝင်ငွေတိုးပွားဖို့ ဝင်ငွေရတဲ့အလုပ်လုပ်ရမယ်ဆိုတာ လူတိုင်းသိတဲ့ နည်းလမ်းတစ်ခုပါ။ ဒါ့ထက်ပိုပြီး ကိုယ့်ဝင်ငွေကို နှစ်ဆတိုးပွား စေနိုင်မယ့်နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒီနည်းလမ်းတွေက ချက်ချင်းလက်ငင်း ငွေတွေ နှစ်ဆဖြစ်လာမှာမဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သင့်ဝင်ငွေတိုးပွားလာတဲ့ ရလဒ်ကို သေချာပေါက်ရစေမှာပါ။
(၁) ရင်းနှီးမြုပ်နှံပါ

Source : Tweak Your Biz
ကိုယ့်ရဲ့ငွေတွေ နှစ်ဆတိုးလာဖို့အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ ရင်းနှီးမြုပ်နှံခြင်းပါပဲ။ ကိုယ်ရင်းနှီးမြုပ်နှံထားတဲ့ ငွေပမာဏပေါ်မူတည်ပြီး နှစ်စဉ်အသားတင် အမြတ်ငွေရရှိနေမှာဖြစ်ပါတယ်။ သို့သော် ရင်းနှီးမြုပ်နှံတဲ့အခါ ခိုင်မာမှုရှိပြီး ယုံကြည်စိတ်ချရတဲ့ နေရာတွေမှာ သေချာရွေးချယ် ရင်းနှီးမြုပ်နှံဖို့တော့ အကြံပြုချင်ပါတယ်။
(၂) အပိုငွေရမယ့် အလုပ်တစ်ခုလုပ်ပါ

Source : Dreamstime
လစဉ်ပုံမှန်ဝင်ငွေရတဲ့ အလုပ်တစ်ခုအပြင် နောက်ထပ်အပိုငွေရစေမယ့် အလုပ်တစ်ခု ထပ်လုပ်ကိုင်ခြင်းဖြင့်လည်း သင့်ရဲ့ငွေတိုးပွားလာနိုင်ပါတယ်။ အားလပ်ရက်တွေမှာ အချိန်ပိုင်းအလုပ်လုပ်တာ ၊ နည်းပညာနယ်ပယ်ကနေ အပိုငွေရှာတာ (ဥပမာ – စာရေးခြင်း ၊ ဂရက်ဖစ်ဒီဇိုင်းဆွဲခြင်း ၊ ဗီဒီယိုတည်းဖြတ်ခြင်း) ၊ အွန်လိုင်းပေါ်ကဈေးရောင်းတာ ၊ အားလပ်ရက်ပွဲအခမ်းအနားတွေမှာ အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်တာ စသည်ဖြင့် ကိုယ်ကျွမ်းကျင်ရာနယ်ပယ်ကနေ အပိုငွေရှာနိုင်ပါတယ်။
(၃) အသုံးစရိတ်လျော့ပြီး ငွေပိုစုပါ

Source : Finance Friday
သင့်ရဲ့လစဉ်အသုံးစရိတ်ကို ထက်ဝက်ခန့်လျော့ချလိုက်ခြင်းက ရင်းနှီးမြုပ်နှံစရာ ၊ အပိုငွေရစေမယ့် အလုပ်တစ်ခုထပ်လုပ်စရာမလိုပဲ သင့်ငွေကိုတိုးပွားလာစေမှာပါ။ သင့်အနေနဲ့ တစ်လတာမှာ မလိုအပ်ပဲ ငွေကုန်ကျနေမိတဲ့ အသုံးစရိတ်တွေကို သေချာတွက်ချက်စီစစ်ပြီး အပိုကုန်မယ့်ငွေကို စုဆောင်းလိုက်ပါ။ ဒါဆိုနှစ်ကုန် သို့မဟုတ် လအနည်းငယ်ခန့်ကြာလာတာနဲ့အမျှ လတိုင်း မလိုအပ်ပဲသုံးနေမိတဲ့ ငွေက သင့်လက်ထဲမှာ ပမာဏတစ်ခုအထိတော့ စုဆောင်းထားမိနိုင်မှာဖြစ်ပါတယ်။
