တေးရေးဆရာတွေက အချိန်တွေ စိတ်ခံစားချက်တွေ နှစ်ကာ ရေးဖွဲ့သီကုံးထားပြီး အသံကောင်းတဲ့ အဆိုတော်ရဲ့ဟန်ပါပါသီဆိုမှုတို့ ပေါင်းစပ်လိုက်တဲ့အခါ အနှစ်သာရပြည့်စုံပြီး အဓိပ္ပာယ်ရှိတဲ့ တေးသီချင်းကောင်းတစ်ပုဒ် ထွက်လာပါတယ်။ ဒီလိုပြီးပြည့်စုံတဲ့ တေးသီချင်းကောင်းတစ်ပုဒ်က နားထောင်သူအတွက် စိတ်အပန်းပြေစေပြီး သီချင်းနဲ့အတူ စီးမျောခွင့်ရအောင် ဖန်တီးပေးနိုင်ပါတယ်။
သီချင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ တေးသီချင်းချစ်သူများအတွက် ဒီတစ်ခါတင်ဆက်ပေးဖို့ အလှည့်ကျလာတာကတော့ လူကြိုက်အများဆုံး Pop သီချင်းကောင်း (၁၀) ပုဒ်အကြောင်းပဲဖြစ်ပါတယ်။
(1) Thriller – Michael Jackson
Source: Michael Jackson
ပေါ့ဘုရင်တစ်ပါးလို့ ပြောလိုက်တာနဲ့ မိုက်ကယ်ဂျက်ဆင်ကို မျက်စိထဲ ပြေးမြင်မိကြပါလိမ့်မယ်။ သူ့ရဲ့ “Thriller” သီချင်းကတော့ စတင်ထွက်ရှိတဲ့ ၁၉၈၂ ခုနှစ်ကနေ ယနေ့ချိန်အထိ လူကြိုက်များနေဆဲပါပဲ။
(2) Baby One More Time – Britney Spears
Source: Britney Spears
Britney ရဲ့ဒီသီချင်းကလည်း ၁၉၉၈ ခုနှစ်ကနေ ယနေ့ထိတိုင် ပရိသတ်တွေရဲ့ရင်ထဲ စွဲထင်နေဆဲပဲဖြစ်ပါတယ်။
(3) Rolling in the Deep – Adele
Source: Adele
အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ ဂရမ်မီဆုရှင် Adele ရဲ့Rolling In the Deep ကတော့ အင်တာနေရှင်နယ်ဖန်တွေရဲ့ပါးစပ်ဖျားပေါ်မှာ စွဲငြိနေဆဲပါပဲ။
(4) Don’t Stop Believing – Journey
Source: Journey
၁၉၈၁ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ ဒီသီချင်းကောင်းလေးကို Journey က ၂၀၀၀ ပြည့်နှစ်မှာ ပြန်လည်သီဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Glee ဇာတ်ကားထဲတွင် ကာဗာပြန်ဆိုခဲ့ကြသလို အခြားသောအဆိုတော်ပေါင်းများစွာကလည်း Cover သီဆိုခဲ့ကြပါသေးတယ်။
ဒီသီချင်းကတော့ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာ Download အဆွဲခံရဆုံး သီချင်းပုဒ်ရေ ၁၀၀ ထဲမှာ စာရင်းဝင်ခဲ့ပါသေးတယ်။
(5) Call Me Maybe – Carly Rae Jepsen
Source: Carly Rae Jepsen
၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့သီချင်းကောင်းတစ်ပုဒ်ဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များနေဆဲဖြစ်ပါတယ်။
(6) Uptown Funk – Mark Ronson and Bruno Mars
Source: Mark Ronson
Mark Ronson နဲ့ Bruno Mars တို့ ပူးပေါင်းကာ သီဆိုထားတဲ့သီချင်းကတော့ YouTube ပေါ်မှာ လူကြည့်အများဆုံး ဗီဒီယိုထဲမှာ နံပါတ်သုံးနေရာ ချိတ်ပါတယ်။
(7) Shake It Off – Taylor Swift
Source: Taylor Swift
Country သီချင်းတွေကိုသာ သီဆိုလာခဲ့တဲ့ တေတေတစ်ယောက်ကတော့ ၂၀၁၄ ခုနှစ်မှာ 1989 ဆိုတဲ့ အယ်လ်ဘမ်ထဲမှာ ပေါ့စတားအဖြစ်အသွင်ကူးပြောင်းလာခဲ့ပြီး ဒီသီချင်းကလည်း လူကြိုက်အများဆုံးသီချင်းဖြစ်ခဲ့ပါတယ်။
(8) Firework – Katy Perry
Source: Katy Perry
ဒီသီချင်း MTV ကတော့ ၂၀၁၁ ခုနှစ်ရဲ့ Video Of The Year (VMA) ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဂရမ်မီ ဆန်ခါတင်စာရင်းလည်း ချိတ်ခဲ့ပါသေးတယ်။
(9) Sorry – Justin Bieber
Source: Justin Bieber
JB ရဲ့ Sorry သီချင်းကလည်း ယနေ့ထိတိုင် ရေပန်းစားလူကြိုက်များဆဲပါပဲ။
(10) Party In The U.S.A – Miley Cyrus
Source: HollywoodRecordsVevo
မြူးမြူးကြွကြွနဲ့ ကခုန်လို့ကောင်းတဲ့ မိုင်လီရဲ့ Party In The U.S.A ကတော့ ပါတီပွဲတွေအတွက် အသင့်တော်ဆုံးသီချင်းတစ်ပုဒ်ပါ။