လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုတဲ့အတိုင်းပဲ လူသားတစ်ယောက်ချင်းစီရဲ့အကြိုက်တွေကလည်း အမျိုးမျိုးအဖုံဖုံပါပဲ။ အားကစားများလည်း မျိုးစုံရှိကြပြီး ကြိုက်တဲ့အားကစားချင်း တူရင်တောင်မှ အားပေးတဲ့အသင်းကတော့ တူချင်မှတူပါလိမ့်မယ်။

အားကစားများက ရည်ရွယ်ချက်အမျိုးမျိုးပေါ် မူတည်ပြီး ရေပန်းစားမှုနှုန်းကလည်း ကွဲပြးသွားနိုင်ပါတယ်။ အချို့ကလည်း အားကစားပြုလုပ်ရတာကို ကြိုက်နှစ်သက်ပြီး အချို့ကလည်း ဒီအတိုင်းအားပေးရုံနဲ့တင် လုံလောက်ကြပါတယ်။ အားကစား ပြုလုပ်ခြင်းဖြင့် ရရှိတဲ့ကောင်းကျိုးကတော့ ကျန်းမာရေးကောင်းမွန်စေခြင်းဖြစ်ပြီး စိတ်လက်လည်း အပန်းပြေစေပါတယ်။

အခုဖော်ပြပေးမှာကတော့ စစ်တမ်းများအရ လူကြိုက်အများဆုံး အားကစား (၁၀) မျိုးအကြောင်းပဲဖြစ်ပါတယ်။ လူကြိုက်အများဆုံးကနေ လူကြိုက်အနည်းဆုံးအထိ နံပါတ်စဉ် စီထားတာကြောင့် သင့်အကြိုက်ဆုံး အားကစားက ဘယ်နံပါတ်စဉ်မှာ ချိတ်လဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ပါဦး။

၁။ ဘောလုံး

soccer player on the training field

ဘောလုံးအားကစားကတော့ နံပါတ်တစ်နေရာမှာ ချိတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာထဲမှ သန်း လေးထောင်ခန့်က ဘောလုံးပရိသတ်တွေဖြစ်လို့ပါပဲ။

၂။ ခရစ်ကတ်

cricketer on the field in action

ဒီအားကစားကတော့ မြန်မာနိုင်ငံမှာ သိပ်ရေပန်းမစားပေမယ့် ကမ္ဘာ့လူဦးရေရဲ့သန်း ၂၅၀၀ ခန့်ကတော့ ခရစ်ကတ်ပရိသတ်တွေပါပဲ။ ဒီအားကစားကို အင်္ဂလန်နိုင်ငံနှင့် အိန္ဒိယ၊ ပါကစ်စတန်နဲ့ သြစတျေးလျတို့မှာ လူကြိုက်များပါတယ်။

၃။ ဟော်ကီ

playing field hockey

ကမ္ဘာ့လူဦးရေရဲ့သန်း ၂၀၀၀ ခန့်က ဟော်ကီပရိသတ်တွေပါ။

၄။ တင်းနစ်

a tennis player prepares to serve a tennis ball

တင်းနစ်ကိုတော့ ကမ္ဘာ့လူဦးရေရဲ့သန်း ၁၀၀၀ ခန့်က အားပေးကြပြီး သူငယ်ချင်းနှစ်ယောက်တည်း ရှိရုံနဲ့တင် ကစားနိုင်တဲ့ အားကစားတစ်မျိုးပဲဖြစ်ပါတယ်။

၅။ ဘော်လီဘော

beach volleyball at sunset

ဒီအားကစားကိုတော့ ကမ္ဘာ့လူဦးရေရဲ့သန်း ၉၀၀ ခန့်က ကြိုက်နှစ်သက်ကြပါတယ်။

၆။ စားပွဲတင်တင်းနစ်

table tennis player serving

နံပါတ်ခြောက်နေရာချိတ်တဲ့ စားပွဲတင်တင်းနစ်အားကစားကိုတော့ လူဦးရေ ၈၇၅ သန်းက အားပေးကြပါတယ်။

၇။ ဘက်စကတ်ဘော

men playing basketball

James Naismith က စတင်တီထွင်ခဲ့တဲ့ ဘက်စကတ်ဘောအားကစားက ၁၉ ရာစုနှောင်းပိုင်းမှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ထိုအားကစားကို ကမ္ဘာ့လူဦးရေရဲ့၈၇၅ သန်းက ကြိုက်နှစ်သက်ကြပါတယ်။

၈။ ဘေ့စ်ဘော

baseball batter hits the ball

ဘေ့စ်ဘောကိုတော့ ကမ္ဘာ့လူဦးရေရဲ့သန်း ၅၀၀ ခန့်က နှစ်ခြိုက်ကြပြီး အရှေ့အာရှနဲ့ အမေရိကန်နိုင်ငံမှာ ပိုပြီးလူကြိုက်များပါတယ်။

၉။ ရတ်ဂဗီဘောလုံး

rugby players scrum during a game

ဘဲဥပုံဘောလုံးကို လက်ဖြင့်ကိုင်ယူကစားရတဲ့ ရတ်ဂဗီဘောလုံးကစားနည်းကိုတော့ အင်္ဂလန်နိုင်ငံက စတင်တီထွင်ခဲ့တာဖြစ်ပြီး သြစတျေးလျနဲ့ နယူဇီလန်နိုင်ငံများမှာ လူကြိုက်များကြပါတယ်။ ထိုအားကစားကတော့ ကမ္ဘာ့လူဦးရေရဲ့၄၇၅ သန်းခန့်က နှစ်သက်ကြပါတယ်။

၁၀။ ဂေါ့ဖ်

a golfer swinging a shot

၁၅ ရာစုနှစ်တွင် စကော့တလန်၌ အစပြုခဲ့သည့် ဂေါ့ဖ်အားကစားကိုတော့ ကမ္ဘာ့လူဦးရေရဲ့သန်း ၄၅၀ ခန့်က နှစ်သက်ကြပါတယ်။

သင်ရော ဘယ်အားကစားကို အကြိုက်နှစ်သက်ဆုံးလဲ။

Source: Worldatlas.com