ဖိနပ်ကောင်းကောင်းလေးတွေကိုမှ နှစ်သက်တဲ့ အမျိုးသားများအတွက် ဒီတစ်ခါမှာတော့ လူကြိုက်အများဆုံးဖိနပ် (၁၀) မျိုးအကြောင်း ဝေမျှပေးချင်ပါတယ်။
Oliver Cabell Low 1

ရိုးရှင်းမှုကို ကြိုက်နှစ်သက်တဲ့ ပုရိသများအတွက် ဖိနပ်ဒီဇိုင်းကိုက ရိုးရိုးရှင်းရှင်းလေးနဲ့ မိမိုက်နေတဲ့ Oliver Cabell Low 1 ဖိနပ်ပဲဖြစ်ပါတယ်။
Nike Air Max 270

ကမ္ဘာ့အရောင်းရဆုံးစားရင်းဝင် Nike Air Max 270 ကတော့ စီးရတာ သက်သောင့်သက်သာဖြစ်ပြီး စတိုင်လ်လည်း ကျပါတယ်။
Koio Capri Castagna

ဒီ Sneaker ကတော့ ဘယ်အမျိုးအစားထဲမှာ ပါလဲဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ Causal ဖက်ရှင်မျိုးအတွက် သင့်တော်ပါတယ်။ ဂျင်းဘောင်းဘီများနဲ့ အလိုက်ဖက်ဆုံးပါပဲ။
Adidas Originals

ဂန္တဝင်ဆန်သော ဖက်ရှင်စတိုင်မျိုး ပိုင်ဆိုင်ရှင်သော ပုရိသများအတွက် ဒီဖိနပ်ဒီဇိုင်းက ကူညီပေးနိုင်ပါတယ်။
Lanvin Black

ဖက်ရှင်ကျချင်သော အမျိုးသားများအတွက် Lanvin Black က ရှိုးအပြည့်နဲ့ လန်းနိုင်အောင် ပံ့ပိုးပေးပါလိမ့်မယ်။
Golden Goose Superstar

ဒီ Sneaker အမျိုးအစားကတော့ ဖက်ရှင်အကျဆုံး Sneaker အမျိုးအစားထဲပါဝင်ပြီး စတိုင်အမိုက်စား ဖန်တီးချင်တဲ့အမျိုးသားများအတွက် ကွက်တိကျပါတယ်။
Adidas Ultraboost 20

Adidas ကနေပြီးတော့ UltraBoost ကို ပထမဆုံးစတင်မိတ်ဆက်ပေးတဲ့အချိန်မှာ သူ့ရဲ့ကွာလတီနဲ့ သက်သောင့်သက်သာရှိမှုတွေကြောင့် အွန်လိုင်းပေါ်ကနေ ရီဗျူးကောင်းများစွာ ရရှိခဲ့ပါတယ်။ သင့်ခြေထောက်လေးကို Adidas UltraBoost 20 ထဲ ထည့်ထားကြည့်ရုံနဲ့တင် တိမ်တိုက်တွေပေါ်မှာ လမ်းလျှောက်နေရသလို ခံစားရပါလိမ့်မယ်။
Adidas Yeezy Boost

Yeezy စတင်ပေါက်ဖွားလာခဲ့ပုံကတော့ Kanye West နဲ့ Adidas တို့ရဲ့ ပူးပေါင်းမှုကနေ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ထိုဖိနပ်ကလည်း ဝယ်လိုအားမြင့်မားနေတဲ့ ဖိနပ်အမျိုးအစားထဲ ပါဝင်ပါတယ်။
Balmain B-Court

အဖြူရောင်နဲ့ အနက်ရောင်တို့ရဲ့ပေါင်းစပ်မှုကို ဒီ Sneaker ထဲမှာ သေချာပုံဖော်ထားပြီး ဖိနပ်ဒီဇိုင်းက အမိုက်စားဒီဇိုင်းထဲမှာပါဝင်ပါတယ်။ အမျိုးသားတိုင်းမှာ တစ်ရံလောက် ရှိထားသင့်တဲ့ ဒီဇိုင်းမျိုးဆိုလည်း မမှားပါဘူး။
Source: Luxe.digital
