ကိုယ့်အကြောင်းကိုယ် သိဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိုယ်ဘာလိုချင်တာလဲ ၊ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေက ဘာတွေလဲ။ ကိုယ့်ကိုယ်ကိုယ် တကယ်သိရဲ့လားဆိုတာတွေက အဖြေရခက်တဲ့ မေးခွန်းတွေ ဖြစ်နေတတ်ပါတယ်။ အခုတစ်ခေါက်မှာ ကိုယ့်ဘဝကို ပိုကောင်းစေဖို့ အလေးအနက် အဖြေပေးရမယ့် မေးခွန်းတချို့ ပြန်မျှဝေချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် စကားတစ်လုံးနဲ့ ဘယ်လိုပုံဖော်လို့ ရမလဲ

Words are scattered

Photo: Freepik

ကိုယ်က ဘယ်လိုလူလဲဆိုတာကို စကားလုံးတစ်လုံးတည်းနဲ့ ပြောပြကြည့်ပါ။ အဲ့ဒီစကားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူလဲ။ ကိုယ့်ရဲ့ အဓိက အရည်အချင်းက ဘာလဲဆိုတာကို ပြောပြပေးမယ့် စကားဖြစ်လာပါလိမ့်မယ်။

(၂) ကိုယ်တစ်ပတ်လောက် ၊ တစ်လလောက် အချိန်ကုန်ချင်တဲ့ နေရာက ဘယ်နေရာလဲ

man resting in silent space

Photo: Freepik

ပန်းတိုင်ဆိုတာ သေးသေး ကြီးကြီး ဦးတည်ချက် Focus ဖြစ်စေနိုင်စွမ်း ရှိပါတယ်။ အဲ့ဒီပန်းတိုင်ကို သိရဖို့ တစ်လမှာ တစ်ပတ်လောက် ကိုယ်လုပ်ချင်တဲ့အရာ ၊ ကိုယ်သွားချင်တဲ့နေရာက ဘာလဲသိရဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ တစ်ပတ်လောက် ခရီးထွက်ချင်တဲ့ နေရာရှိသလား။ ကိုယ်သိပ်တွေ့ပြီး စကားလက်ဆုံ ကျချင်တဲ့လူ ရှိသလား။ သင်ချင်တဲ့ ပညာများ ရှိသလား။

(၃) ကိုယ့်ရဲ့ အပျော်ရွှင်ဆုံးမှတ်ဉာဏ်က ဘာလဲ

happy memory echo

Photo: Freepik

ရှေ့ကို မျှော်ဖို့ နောက်ကို ပြန်ကြည့်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ အတိတ်တစ်ခုမှာ ကိုယ့်ဘဝရဲ့ အပျော်ရွှင်ဆုံး အချိန်ဆီ ပြန်သွားကြည့်ပါ။ အဲ့ဒါဟာ ကလေးဘဝကလည်း ဖြစ်နိုင်သလို ပြီးခဲ့တဲ့ လကလည်း ဖြစ်နိုင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ရတဲ့ ကြည်နူးဖွယ့်မှတ်ဉာဏ်တွေဆီကို သွားတာဟာ ကိုယ်ဘာကို တန်ဖိုးထားသလဲဆိုတာကို ပြန်ရှာတွေ့မိစေနိုင်လို့ ဖြစ်ပါတယ်။

(၄) တစ်ယောက်တည်းဖြစ်နေချိန် ကိုယ့်ပုံစံက ဘယ်လိုလဲ

Traveler wearing backpack waiting for a train

Photo: Freepik

ဒီမေးခွန်းကတော့ ကိုယ့်ရဲ့ လူမှုအခြေအနေကို ပြန်သိရအောင် မေးတာ ဖြစ်ပါတယ်။ လူတွေမှာ တချို့က တစ်ယောက်တည်းနေရတာကို ပိုနှစ်သက် သဘောကျလေ့ရှိတဲ့ Introvert စိတ်အခြေအနေ ရှိပြီး တချို့ကျတော့လည်း လူတွေနဲ့ ရောနှောပြောဆိုနေမှ စိတ်ကျေနပ်တတ်တဲ့ Extrovert အမျိုးအစား ဖြစ်တတ်လို့ပါပဲ။ တစ်ယောက်တည်းနေဖြစ်တဲ့အခါမှာ ကိုယ်ဘာလုပ်ဖြစ်သလဲဆိုတာက ကိုယ့်ရဲ့ ပုံစံကို ပိုပေါ်လွင်စေပါတယ်။

(၅) ကိုယ့်အတွက် ဘာက တကယ်အရေးပါတာလဲ

nourish your spirit

Photo: Freepik

လူဆိုတာ တစ်ခုခုကို အရေးပါတယ်လို့ ခံစားတတ်တဲ့ သတ္တဝါဖြစ်ပါတယ်။ တချို့က ငွေ ၊ တချို့က အလုပ် ၊ တချို့က မိသားစု/မိတ်ဆွေ ၊ တချို့အတွက် ဝါသနာနောက် လိုက်နေရတာကို အရေးပါတာ လုပ်နေတယ်လို့ ခံယူကြပါတယ်။ ကိုယ်အရေးပါတယ်လို့ ခံယူတဲ့အရာဟာ ကိုယ့်တန်ဖိုးပါပဲ။