အမျိုးသားတစ်ယောက်မှာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းက အရေးကြီးသလို စိတ်ဓာတ်ကြံ့ခိုင်ဖို့ကလည်း အကြီးမားဆုံး လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ခြင်းဆိုတာဟာ တကယ်တော့ အလေ့အကျင့်တွေကနေ တဆင့်ကိုယ့်ကိုယ်ကို တည်ဆောက်သွားခြင်းပါပဲ။ ဒီတစ်ခေါက်မှာတော့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသားတစ်ယောက် ဖြစ်စေမယ့်ရိုးရှင်းတဲ့ အလေ့အကျင့်ကောင်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) အကောင်းမြင်နိုင်စွမ်းရှိပါစေ

Source : Healthy Living Hypnosis
လူ့ရဲ့စိတ်သဘောသဘာဝက အဆိုးနဲ့အကောင်းယှဉ်တွဲလာရင် အဆိုးဘက်ကိုပိုပြီး အလေးသာတွေးတောမိတက် ကြတာများပါတယ်။ ခက်ခဲတဲ့အခြေအနေတစ်ခုမှာ ကိုယ့်ကိုယ်ကို ပြစ်တင်နေမယ့်အစား အကောင်းဘက်က ရှု့မြင်ကြည့်မယ်ဆိုရင် ပြဿနာအတွက်ဖြေရှင်းချက်ကို စဉ်းစားမိနိုင်မှာဖြစ်ပါတယ်။ အကောင်းမြင်နိုင်တဲ့စိတ်က စိတ်ဓာတ်ကြံ့ခိုင်းခြင်းရဲ့ အခြေခံကျတဲ့အချက်တစ်ခုဖြစ်တယ်ဆိုတာကို မေ့မထားသင့်ပါဘူး။ ဒါကြောင့် သင့်ရဲ့နေ့ရက်တွေမှာ တက်နိုင်သလောက် အကောင်းမြင်တဲ့စိတ်ကိုမွေးမြူထားဖို့ အကြံပြုချင်ပါတယ်။
(၂) ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ

Source : Mobsea.com
လူအများစုက တခြားသူတွေကို ချစ်ဖို့ ဂရုစိုက်ကြင်နာဖို့ကို ဦးစားပေးကြပေမယ့် ကိုယ့်ကိုယ်ကိုအတွက်တော့ သိပ်ပြီးစဉ်းစားလေ့ မရှိကြပါဘူး။ ဥပမာအနေနဲ့ပြောရရင် သူငယ်ချင်းတစ်ယောက်စိတ်ဓာတ်ကျနေချိန်မှာ အားပေးစကားပြောဖို့ တက်ကြွပေမယ့် ကိုယ်တိုင်စိတ်ဓာတ် အားငယ်နေချိန်မှာ ကိုယ့်ကိုယ်ကိုအားပေးဖို့ကို မေ့ထားမိတာမျိုးပါ။ တကယ်တော့ သင်ကိုယ်တိုင်က သင့်အတွက်သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ၊ ကြင်နာပါ။
(၃) အတွေးတွေကိုအမြဲဆန်းစစ်ပါ

Source : Anosmia
တစ်ခါတစ်လေ အတွေးတစ်ခုကို ကြိမ်ဖန်များစွာ ထပ်ခါတလဲလဲတွေးတောနေမိတဲ့ အချိန်မျိုးတွေလူတိုင်းလုပ်ဖူး ပါလိမ့်မယ်။ ကိုယ်အာရုံစိုက်နေမိတဲ့အတွေးတစ်ခုက စိုးရိမ်စိတ်ဖြစ်နေစေသလား ၊ ပူပင်သောကမျိုးရစေသလား ဆိုတာကို ဆန်းစစ်ပါ။ မကောင်းတဲ့အချင်းအရာတွေကို ဆက်တိုက်တွေးနေမိ အာရုံစိုက်မိနေတာက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ယို့ယွင်းပျက်စီးမှုတွေကိုသာ ပိုဖြစ်စေမှာပါ။ ဒါကြောင့် ကိုယ်တွေးတောနေတဲ့အရာ အာရုံစိုက်မိတဲ့အရာတွေကို အမြဲပြန်လည်ဆန်းစစ်လေ့လာမိဖို့ လိုအပ်ပါတယ်။
(၄) ယုံကြည်မှုတည်ဆောက်ပါ

Source : HuffPost
ကိုယ့်ကိုယ်ကို သံသယဝင်တဲ့စိတ်က သင့်ကိုစိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အားပျော့သွားစေတဲ့ လက်နက်တစ်ခုဖြစ်တယ်ဆိုတာကို အမြဲဆင်ခြင်မိဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှု အားလျော့နေပြီး သံသယစိတ်ဝင်နေရင် ကိုယ်သွားမယ့် ပန်းတိုင်က အလှမ်းဝေးနေပါလိမ့်မယ်။ ဒါကြောင့် အရင်ဆုံးကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာလေ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူ တစ်ယောက်ပိုဖြစ်လာ လေဖြစ်ပါတယ်။
