ဖြတ်သန်းခဲ့တဲ့ တစ်လျောက်လုံးမှာ ကိုယ့်ကိုယ့်ကို အပြည့်အဝ ဂရုစိုက်နေထိုင်မိရဲ့လားဆိုတာ ပြန်လည်လေ့လာကြည့်ပါ။ အချိန်တော်တော်များများမှာ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ မေ့လျော့နေခဲ့တယ်ဆိုရင် အခုကစပြီး ကိုယ့်ကိုယ်ကို ပိုဂရုစိုက်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးမှ ကိုယ့်ကိုယ့်ကို ဂရုစိုက်တက်မှသာ ကိုယ့်ဘဝရဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်ချင်သူတွေအနေနဲ့ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) ကိုယ့်အတွက်အချိန်ပိုပေးပါ

Man on bed reading book

Sourcce : Shutterstock

ခေတ်သစ်လူနေမှုပုံစံထဲက လူတစ်ယောက်ရဲ့တစ်နေ့တာအချိန်အများစုဟာ နေ့စဉ်လုပ်ငန်းတာဝန်တွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လူမှု့ရေးကကဏ္ဍတွေအတွက် ကုန်ဆုံးနေရတာများပါတယ်။ တကယ်တော့ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်သီးသန့်အချိန်ဆိုတာ လိုကိုလိုအပ်ပါတယ်။ ကိုယ်ရဲ့တစ်ကိုယ်စာ သီးသန့်အချိန်တွေမှာ ကိုယ့်စိတ်ကြိုက်လုပ်ချင်တဲ့အရာတွေကို လုပ်ဆောင်ပြီး ကုန်ဆုံးသင့်တာပါ။ ဒါကြောင့် တစ်နေ့တာမှာ ကိုယ့်အတွက် သီးသန့်အချိန်တစ်ခု သတ်သတ်မှတ်မှတ် ခွဲခြားထားဖို့ အကြံပြုချင်ပါတယ်။

(၂) ငြင်းပယ်ဖို့ဝန်မလေးပါနဲ့

Two Men Talking

Source : Freepik

လူအများစုက သူတို့ရဲ့အချိန် ဒါမှမဟုတ် ခွန်အားဆိုင်ရာကို တစုံတဦးက အကူအညီတောင်းဆိုတဲ့အခါ ငြင်းပယ်ဖို့ အားနာတက် ဝန်လေးတက်ကြပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အနေနဲ့ ခက်ခဲနေချိန် အဆင်မပြေတဲ့အချိန်တွေမှာ တခြားသူတွေ အကူအညီတောင်းတာကို အားနာနာနဲ့ လက်ခံပေးလိုက်မယ်ဆိုရင် သင်ပဲ ပိုပြီးစိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်တကယ် အဆင်မပြေတဲ့အချိန်တွေမှာ ယဥ်ယဥ်ကျေးကျေး ငြင်းပယ်တတ် ဖို့ကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

(၃) လေ့ကျင့်ခန်းနေ့တိုင်းလုပ်ပါ

man exercising at home

Sourcce : Cleveland Clinic’s Health Essentials

နေ့တိုင်းလေ့ကျင့်ခန်းပုံမှန်လုပ်တယ်ဆိုတာ လွယ်ကူရိုးရှင်းတဲ့ ကိုယ့်ကိုယ့်ကို ဂရုစိုက်နည်းတစ်မျိုးပါပဲ။ လူတစ်ယောက်ဟာ စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်နေမှ မနက်ဖြန်တိုင်းအတွက် ပိုပြီးအားအင်သစ်တွေကို ရစေမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းအမြဲလုပ်ခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံးအတွက် ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာဖြစ်ပါတယ်။

(၄) ပျော်ပျော်နေပါ

laughing man looking at cell phone

Source : LovePanky

ပူပင်သောကနဲ့ ကင်းနိုင်တဲ့သူဆိုတာတော့ မရှိသလောက်ရှားပါတယ်။ သို့သော်ပူပင်သောကတွေကြားမှာ ကိုယ့်ကိုယ်ကိုနစ်မြုပ်ခံပြီး အချိန်တော်တော်များများကို မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ ဖြတ်သန်းနေရ မယ်ဆိုရင် ဘဝအဓိပါယ်မဲ့စွာရှင်သန်နေရသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဘဝကိုပျော်ပျော်ပဲဖြတ်သန်းပါ။ အဆင်မပြေမှုတွေရှိခဲ့ရင်တောင် ကိုယ့်ကိုယ်ကို ဖိအားတွေအရမ်းမပေးပဲ အဆိုးမြင်စိတ်တွေအရမ်းမများပဲ အကောင်းဆုံးဖြေရှင်းရမယ့် နည်းလမ်းကိုစဉ်းစားပါ။ ကိုယ့်ကိုယ်ကိုပျော်အောင်ထားခြင်းက ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းနည်းလမ်းတစ်ခုပါပဲ။