ဒီဆောင်းပါးလေးကတော့ တစ်ဖက်သက်ကြိတ် Crush နေတဲ့ကောင်မလေးရှိတဲ့ ကွီးတို့အတွက် ရည်ရွယ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ် Crush ရတဲ့ ကောင်မလေးဆီက တုန့်ပြန်မှုကောင်းကောင်းရဖို့ ဘယ်ကနေစပြီး လုပ်ရမလဲ မသိဘူးဖြစ်နေတယ်ဆိုရင် အခုပြောပြမယ့် အကြံပြုချက်တချို့ကို သေချာလိုက်နာကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) သူမရဲ့အထင်ကြီးလေးစားမှု ရအောင်လုပ်ပါ

Couple singing and playing the guitar at the park

Source : Freepik

မိန်းကလေးတွေရဲ့ အထင်ကြီးလေးစားမှုရအောင်လုပ်တာက တနည်းအားဖြင့် သူမ ကိုယ့်ကိုစိတ်ဝင်စားလာအောင် ချဉ်းကပ်နည်းတစ်မျိုးပါပဲ။ အထင်ကြီးအောင်ကြိုးစားတဲ့နေရာမှာ ဟိတ်ကြီး ဟန်ကြီးတွေလုပ်ပြစရာမလိုပါဘူး။ ကိုယ့်မှာရှိတဲ့ ပင်ကိုယ်အရည်အချင်းတွေနဲ့ ရိုးရိုးသားသား အထင်ကြီးလေးစားမှုကို ရအောင်လုပ်ဖို့ဆိုလိုတာဖြစ်ပါတယ်။

(၂) သပ်သပ်ရပ်ရပ်နဲ့ ဆွဲဆောင်မှုရှိအောင်နေပါ

Man and woman shake hands. business deal

Source : Freepik

သင့် Crush ရဲ့အမြင်မှာ သင်က သပ်သပ်ရပ်ရပ်နဲ့ လူရည်သန့်တစ်ယောက်ဖြစ်တယ်ဆိုတာကို ပြသဖို့ လိုအပ်ပါတယ်။ နာမည်ကျော် ဖက်ရှင် Brand တွေ ရေမွှေးအကောင်းစားတွေသုံးမှမဟုတ်ပါဘူး။အဓိက အားဖြင့်တစ်ကိုယ်ရည်သန့်ရှင်းမှုကိုအလေးထားပြီး အနံ့အသက်ကောင်းဖို့နဲ့ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်တက်ဖို့ပါပဲ။

(၃) တည်ငြိမ်မှုကိုပြသပါ

man and woman looking each other

Source : Freepik

တချို့ယောကျ်ားလေးတွေက သူတို့စိတ်ဝင်စားတဲ့ကောင်မလေးရှေ့ရောက်ရင် အလိုလို ရဲရင့်မှုသတ္တိတွေလျော့သွားကြပါတယ်။ စိတ်လှုပ်ရှားမှုကနေတဆင့် အမူအယာတွေ ၊ လှုပ်ရှားမှုတွေက မဝံ့မရဲဖြစ်တာမျိုး ၊ ရှိန်နေတာမျိုးတွေဖြစ်လာတက်ပါတယ်။ သင့်အနေနဲ့ Crush ရှေ့ရောက်တိုင်း စိတ်လှုပ်ရှားနေတယ်ဆိုရင်တောင် အတက်နိုင်ဆုံး တည်ငြိမ်အောင်နေပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြဖို့လိုပါတယ်။

(၄) ရင်းနှီးမှုတည်ဆောက်ပါ

Sporty man and woman giving high five

Source : Freepik

ကိုယ်သဘောကျတဲ့ မိန်းကလေးတစ်ယောက်ကို ခပ်ဝေးဝေးကနေလှမ်းကြည့်နေရုံနဲ့တော့ သူမအချစ်ကို ရဖို့ လွယ်ကူမှာမဟုတ်ပါဘူး။ အရင်ဆုံး သူမနဲ့ စကားပြောဆိုစရှိပြီး ရင်နှီးတဲ့ဆက်ဆံရေးမျိုးရှိလာဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အခွင့်အရေးရမှာပါ။

(၅) အချိန်ကောင်းကိုစောင့်ပါ

young-smiling-man-woman-together-talking-coffee-shop

Source : Freepik

အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ ကိုယ်အနေနဲ့ သူမကိုချစ်ရေးဆိုတဲ့အခါမှာ အချိန်ကောင်းဖြစ်နေဖို့ပါပဲ။ ခင်မင်ရင်းနှီးတာသိပ်မကြာသေးပဲ ချက်ချင်းဖွင့်ပြောလိုက်ဖို့ဆိုတာကလည်း အခွင့်အရေးယူရာရောက်ပါတယ်။ ဒါကြောင့် သူမဘက်က မီးစိမ်းပြလာတဲ့အရိပ်အယောင်တွေမြင်ရတဲ့အထိစိတ်ရှည်ရှည်နဲ့အချိန်အခါကောင်းကိုစောင့်သင့်ပါတယ်။