အခုဆိုရင် ပူအိုက်တဲ့နွေရာသီကို ရောက်ရှိလာပြီဖြစ်ပါတယ်။ နွေရာသီဆိုတာ ဖက်ရှင်အသစ်အဆန်းတွေ ထွင်ဝတ်လို့ကောင်းတဲ့ ရာသီဥတုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းတဲ့ ဖက်ရှင်မျိုးကိုသာ နွေရာသီမှာ ဦးစားပေး ဝတ်ဆင်သင့်ပြီး လှောင်ပိတ်ပြီး ပူအိုက်လွန်းတဲ့အဝတ်အစားများကတော့ သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

နွေရာသီမှာ ဖက်ရှင်ကျကျနဲ့ စတိုင်လ်ကျချင်သူများအတွက် ဆောင်ရန် ရှောင်ရန်တချို့ကို ဖက်ရှင်ချစ်သူများအတွက် ဝေမျှပေးလိုက်ပါတယ်။

တီရှပ် ဝတ်တဲ့အခါ လက်အရှည်ကို သတိထားပါ

white shirt comparison

တီရှပ်လက်က အပေါ်လက်မောင်းရဲ့တစ်ဝက်တိတိ ဖုံးအုပ်ထားသင့်ပါတယ်။ ဒါမှ သင့်အရပ် ပိုရှည်တဲ့ပုံပေါက်မှာပါ။

ဂျင်းဘောင်းဘီများ မကြာခဏ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ

jeans vs linen pants

ဂျင်းဘောင်းဘီက သက်သောင့်သက်သာရှိပြီး အဝတ်အစားတိုင်းနဲ့ လိုက်ဖက်တယ်ဆိုပေမယ့် လေဝင်လေထွက်ကောင်းတဲ့ ဘောင်းဘီတော့မဟုတ်ပါဘူး။ ဝတ်ပြီး မကြာပါဘူး ချွေးတောက်တောက် ကျလာပါလိမ့်မယ်။

ဒါ့ကြောင့် နွေရာသီမှာ လေဝင်လေထွက်ကောင်းပြီး ချောင်ချိတဲ့ ချည်သားဘောင်းဘီ၊ လီနင်ဘောင်းဘီများ ဝတ်ဆင်သင့်ပါတယ်။

ဂျင်းဂျက်ကတ်များ မဝတ်ပါနဲ့

jeans jacket is not the best choice for summer

နွေရာသီက ပူအိုက်လွန်းလှတဲ့အတွက်ကြောင့် ဂျင်းဂျက်ကတ်က သင့်ကို ပိုပူအိုက်စေမှာပါ။ ဂျက်ကတ် ထပ်ဝတ်မယ့်အစား တီရှပ်တစ်ထည်နဲ့တင် ကျေနပ်လိုက်ပါ။

ကြပ်လွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ

avoid tight shit for summer

ကြပ်လွန်းသော အဝတ်အစားများက သင့်ကို ချွေးပို ထွက်စေပြီး ချွေးနံ့ နံစေကာ သက်သောင့်သက်သာရှိမှာမဟုတ်ပါဘူး။

ဘောင်းဘီအတို ဝတ်တဲ့အခါ

comparison of shorts

ဘောင်းဘီအတို ဝတ်မယ်ဆိုရင် ဒူးဖုံးတဲ့ဘောင်းဘီတိုများ ရှောင်ကြဉ်သင့်တယ်လို့ ဖက်ရှင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အဘကံပြုထားကြပါတယ်။ အကောင်းဆုံးကတော့ ဘောင်းဘီတိုက သင့်ဒူးအထက် ၃ လက်မ၊ ၄ လက်မခန့် ခြားထားတာ အကောင်းဆုံးပါပဲ။

ဘောင်းဘီတိုကို ခြေအိတ်ရှည်နဲ့ တွဲဖက်ဝတ်ဆင်ခြင်း

do not wear long sock with shorts

ဘောင်းဘီတိုကို Sneaker ဖိနပ်နဲ့ တွဲဝတ်တဲ့အခါ သတိထားရမယ့်အချက်ကတော့ ခြေအိတ်ရွေးချယ်မှုပါ။ ခြေအိတ်ကို ခြေမျက်စိဖုံး ခြေအိတ်အတိုမျိုးသား ဝတ်ဆင်သင့်ပါတယ်။

ဖိနပ်ရွေးချယ်တဲ့အခါ

shoes for summer

ဖိနပ်ရွေးချယ်တဲ့အခါမှာလည်း နွေရာသီနဲ့ လိုက်ဖက်တဲ့ ချောင်ချပြီး လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

ဒီဖက်ရှင် Tips လေးတွေကတော့ သင့်ကို နွေရာသီမှာ ဖက်ရှင်လည်း ကျအောင် သက်သောင့်သက်သာရှိအောင် ကူညီပေးပါလိမ့်မယ်။

Source: Brightside.me