ပိုက်ဆံရှိရင် ဘယ်အရာမဆို ဝယ်လို့ရတယ်လို့ ပြောကြပါတယ်။ သေချာစဉ်းစားကြည့်မယ်ဆိုရင် ပိုက်ဆံက လူတွေအတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်ပေမယ့် အရာရာတိုင်းကိုတော့ ပိုက်ဆံနဲ့ ဝယ်လို့မရနိုင်ပါဘူး။ ဒီဆောင်းပါးလေးမှာပြောပြပေးချင်တာကတော့ လောကမှာ ပိုက်ဆံတစ်ခုတည်းနဲ့ ဝယ်လို့မရနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။

Source : CIO.com
(၁) ပိုက်ဆံနဲ့ ဆေးဝါးတွေကို ဝယ်ယူရနိုင်ပေမယ့် ကျန်းမာခြင်းကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၂) ပိုက်ဆံနဲ့ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးအိမ်ကောင်းတွေဝယ်လို့ရပေမယ့် နွေးထွေးမှုပေးနိုင်တဲ့ အိမ်ကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၃) ပိုက်ဆံနဲ့ အခြွေအရံတွေကို ဝယ်ယူလို့ရနိုင်ပေမယ့် သင့်အတွက် စစ်မှန်တဲ့မိတ်ဆွေကောင်းကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၄) ပိုက်ဆံနဲ့ ချီးမွှန်းမြောက်ပင့်မှုတွေကို ဝယ်ယူလို့ရပေမယ့် ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၅) ချစ်ခြင်းမေတ္တာကို ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၆) ပိုက်ဆံနဲ့ စာအုပ်တွေကို ဝယ်ယူလို့ အသိပညာ ၊ အတွေ့အကြုံ ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း နဲ့ ဉာဏ်ပညာရှိမှုတွေကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။

Source : The Motley Fool
(၇) ပိုက်ဆံနဲ့ ဘဝအတွက် အပန်းဖြေမှုတွေကို ဝယ်ယူလို့ရနိုင်ပေမယ့် ဘဝရဲ့ ရည်မှန်းချက်တွေ ၊ စိတ်အားထက်သန်မှု ၊ ဘဝအဓိပ္ပာယ်တွေကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၈) ပိုက်ဆံနဲ့ တစ်စုံတစ်ဦးရဲ့ ဝန်ဆောင်မှုတွေကိုဝယ်ယူလို့ရနိုင်ပေမယ့် တစ်စုံတစ်ဦးရဲ့ သစ္စာရှိမှုကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၉) ပိုက်ဆံနဲ့ စိတ်လှုပ်ရှားစရာများ ၊ အာရုံပျံ့လွင့်စရာများကိုဝယ်ယူလို့ရနိုင်ပေမယ့် တည်ငြိမ်အေးချမ်းမှုနှင့် အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၁၀) ပိုက်ဆံနဲ့ မြင့်မားတဲ့လူနေမှုဘဝပုံစံတွေကို ဝယ်ယူလို့ရနိုင်ပေမယ့် အကျင့်စာရိတ္တ၊ စရိုက်လက္ခဏာ ၊ ရိုးသားဖြူစင်မှု ၊ သမာဓိရှိမှုတွေကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၁၁) ပိုက်ဆံနဲ့ အာဏာ ၊ ပါဝါတွေကို ဝယ်ယူလို့ရနိုင်ပေမယ့် လူတွေရဲ့လေးစားမှုကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၁၂) ပိုက်ဆံနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝအသွင်အပြင်တွေကို ဝယ်ယူလို့ရနိုင်ပေမယ့် စစ်မှန်တဲ့ဘဝပျော်ရွှင်မှုကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၁၃) ပိုက်ဆံနဲ့ ဇိမ်ခံပစ္စည်းမျိုးစုံပါတဲ့ အားလပ်ရက်ဖြတ်သန်းမှုပုံစံတစ်ခုကိုဝယ်ယူနိုင်ပေမယ့် နွေးထွေးတဲ့ အားလပ်ရက် မိသားစုထမင်းဝိုင်းလေးကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။

Source : Freepik
(၁၄) ပိုက်ဆံနဲ့ နာမည်ကြီး အဝတ်အစား Brand တွေ ၊ ရောင်စုံမိတ်ကပ်ခြယ်သရေး ပစ္စည်းတွေကို ဝယ်ယူလို့ရနိုင်ပေမယ့် ပင်ကိုယ်အလှတွေ အတွင်းစိတ်လှမှုတွေကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၁၅) ပိုက်ဆံနဲ့ ဒေါ်လသန်းချီတဲ့နာရီအကောင်းစားတွေဝယ်နိုင်ပေမယ့် တန်ဖိုးရှိတဲ့အချိန်တွေကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၁၆) ပိုက်ဆံနဲ့ နောက်ဆုံးပေါ် ရုပ်မြင်သံကြားစက်တွေ ၊ ပြိုင်ကားတွေကိုဝယ်နိုင်ပေမယ့် မိမိရဲ့ စိတ်ကိုထိန်းချုပ်နိုင်ခြင်းမှ ရရှိသောသုခချမ်းသာကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
(၁၇) ပိုက်ဆံနဲ့ အဖိုးတန်လက်ဝတ်ရတနာတွေကို ဝယ်ယူနိုင်ပေမယ့် ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးမှုကိုတော့ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်ပါဘူး။
