လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင် ဝတ်စားဆင်ယင်မှုဟန်ပန်သည် သူ့ရဲ့နေ့စဉ်ဘဝအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာ ဝတ်ပုံစားပုံကို အထူးဂရုပြုသင့်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်သာ အဓိကျတယ်ဆိုပေမယ့် လူအများက သင့်ရဲ့ဝတ်ပုံစားပုံကို ဆုံးဖြတ်ပြီး ဒီလူသည် အမှန်အကန် အလုပ်ကြိုးစားတဲ့သူလား။ အလုပ်ကို ပြီးစလွယ်လုပ်တတ်တဲ့သူလားဆိုတာကို ကောက်ချက်ချလေ့ရှိပါတယ်။

ဒါဆိုရင် လုပ်ငန်းခွင်ထဲမှာ လူ အထင်သေး မခံရအောင်၊ စမတ်ကျကျနဲ့ ကြည့်ကောင်းနေဖို့အတွက် ဘယ်လိုဖက်ရှင်စတိုင်လ်မျိုးကို ရှောင်ကြဉ်သင့်သလဲ။

တွန့်ကြေပြီး ညစ်ပတ်ပေရေနေသော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ

man ironing clothes on table

သင့်ရဲ့ဝတ်စားဆင်ယင်ပုံက အမြဲတမ်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ရှိနေသင့်ပါတယ်။ အဝတ်အစားများ ပေရေ စွန်းထင်းနေခြင်း၊ တွန့်ကြေနေခြင်းကြောင့် လူအများရဲ့အထင်အမြင်သေးခြင်းကို ခံရတတ်ပါတယ်။

ကြပ်ထုပ်လွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်း

fat man in tight shirt

Photo: Classiccutsandcloth.com

ကြပ်ထုပ်လွန်းသော အဝတ်အစားများက သင့်ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေမှာမဟုတ်ပါဘူး။ အလုပ်ခွင်ထဲမှာ မိမိရဲ့အလုပ်ကို အာရုံမစိုက်နိုင်သည်အထိ ကြပ်လွန်သော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

လွတ်လပ်ပေါ့ပါးလွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်း

man using laptop and listening to music

လုပ်ငန်းခွင်တိုင်း လုပ်ငန်းခွင်တိုင်းမှာ ဝတ်စားဆင်ယင်ပုံစည်းမျဉ်းစည်းကမ်း ကိုယ်စီရှိကြပါတယ်။ သင့်အနေနဲ့ ထိုစည်းမျဉ်းများကို ဆန့်ကျင်ပြီး အိမ်နေဝတ် အဝတ်အစားဝတ်ဆင်ခြင်း၊ စွပ်ကျယ်လက်ပြတ်၊ ဘောင်းဘီတို ဝတ်ဆင်ခြင်းက သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များကို အလေးမထားရာ ရောက်ပါတယ်။

စတေကာ စာသား (သို့) စတေကာ အရုပ်ပါသော တီရှပ်များ ဝတ်ဆင်တဲ့အခါ ဂရုစိုက်ပါ

fashionable man sitting on staircase

တချို့တီရှပ်တွေမှာ ရေးထိုးထားတဲ့ စာသားများ မြန်မာ့ယဉ်ကျေးမှုနဲ့ သွေဖယ်တတ်ပါတယ်။ သင့်အနေနဲ့ ထိုကဲ့သို့သော တီရှပ်မျိုးကို ထသွားထလာ ဝတ်တဲ့အခါ အဆင်ပြေပေမယ့် အလုပ်ခွင်ထဲမှာတော့ သင့်တော်မှာမဟုတ်ပါဘူး။

ရေမွှေးအလွန်အကျွံ ဆွတ်ခြင်းကို ရှောင်ကြဉ်ပါ

man sprays parfume

သင့်အနေနဲ့တော့ သင် ဆွတ်တဲ့ရေမွှေးအနံ့ကို ကြိုက်နှစ်သက်ပေမယ့် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကတော့ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ တစ်ဖက်လူက ရနံ့နဲ့ ဓာတ်မတည့်တာမျိုးရှိတဲ့အခါ အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ကိုယ့်ရဲ့ရေမွှေးရနံ့ကို တော်သင့်ရုံပဲ ဆွတ်သင့်ပါတယ်။

မနေ့က ဝတ်ပြီးသားအင်္ကျီကို ဒီနေ့ ထပ်ဝတ်လာခြင်း

man smelling his body smell

Photo: English.newstracklive.com

ဝတ်ပြီးသားအင်္ကျီကို မလျှော်ရသေးဘဲနဲ့ ထပ်ခါတလဲလဲ ဝတ်ဆင်လာခြင်းက သင့်ရဲ့ကိုယ်ရနံ့ကို ဆိုးစေနိုင်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ထိုအကျင့်ဆိုးကြောင့် ယားနာပေါက်ခြင်းကဲ့သို့ အရေပြားကျန်းမာရေး ခံစားရပါလိမ့်မယ်။

စာဖတ်သူတို့ လုပ်ငန်းခွင်ထဲမှာတော့ ဝတ်စားဆင်ယင်ပုံနဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကြပ်လေ့ရှိပါသလား။

Source: Thebalancecareers.com