ယနေ့ခေတ်လူငယ်တွေထဲမှာ မိဘလောင်းရိပ်အောက်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်ကြသူတွေ အများအပြားရှိပါတယ်။ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုပုံစံတွေအရ သားသမီးတွေအနေနဲ့ မိဘရဲ့အရိပ်အာဝါသအောက်က လုံးဝကွင်းလွတ်လို့မရသလို အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်နေပါစေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ခက်ခဲတဲ့အခြေအနေတွေရှိနေပါတယ်။သို့သော် တစ်ယောက်တည်း ကိုယ့်ဘဝကိုယ်ရပ်တည်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အခုပြောပြမယ့်အကြံပြုချက်တွေက စာဖတ်သူအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးရှိစေမယ့်လို့ ယုံကြည်ပါတယ်။

(၁) ဝင်ငွေလမ်းကြောင်း

man is holding cash money in one hand

Source : Freepik

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ရာ လစဉ်ကိုယ့်အတွက်သေချာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခုရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဝင်ငွေရတဲ့ အလုပ်တစ်ခု လုပ်ကိိုလုပ်ရမှာဖြစ်ပါတယ်။ ဝင်ငွေရတဲ့အလုပ်တစ်ခုကိုလုပ်ရင်း ရေရှည်မှာ ကိုယ်ဘာဝါသနာပါလဲ ဘယ်လမ်းကြောင်းပေါ်လျောက်ချင်လဲဆိုတာ ကိုယ့်ကိုယ့်ကိုပြန်ဆန်းစစ်ဖို့လည်း လိုပါလိမ့်မယ်။

(၂) စီမံခန့်ခွဲမှု

young man sitting at table looking

Source : Freepik

ကိုယ့်ဘဝကိုယ်ရပ်တည်မယ့် သူတစ်ယောက်အနေနဲ့ ကိုယ့်တစ်ကိုယ်စာအတွက်တော့ ကောင်းစွာစီမံခန့်ခွဲမှုလုပ်နိုင်ရမှာဖြစ်ပါတယ်။ ကိုယ့်ဘဝရဲ့အချိန်တွေ ၊ ဝင်ငွေနဲ့ ထွက်ငွေတွေ ၊ အိမ်အသုံးစရိတ် ၊ တစ်ကိုယ်စာအသုံးစရိတ်၊ အိမ်မှုကိစ္စ ၊ အလုပ်တာဝန်တွေ အားလုံးကို ကိုယ်တိုင်သေချာစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ ဒါမှလည်း တစ်ယောက်တည်းရေရှည်ရပ်တည်နိုင်မှာပါ။

(၃) ပေါင်းသင်းဆက်ဆံရေး

Group of three male friends standing together against white wall

Source : Freepik

ပေါင်းသင်းဆက်ဆံရေးကဏ္ဍကလည်း မေ့ထားလို့မရတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ပေါင်းတက်သင်းတက် ပြောဆိုဆက်ဆံတက်မှလည်း ဘယ်နေရာရောက်ရောက်အဆင်ပြေမှာပါ။ ကိုယ်နေထိုင်မယ့် ပတ်ဝန်းကျင်အသစ်ကလူတွေ ၊ အိမ်နီးနားချင်းအသစ်တွေ ၊  လုပ်ငန်းခွင်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံပုံဟာ ကိုယ်ဖြတ်သန်းခဲ့တဲ့မိသားစုဝင်တွေနဲ့ ဆက်ဆံပုံချင်းတော့ တူမှာမဟုတ်ပါဘူး။ ဒါကိုနားလည်ထားပြီး ပုံစံအမျိုးမျိုး အရောင်အသွေးအမျိုးမျိုးနဲ့ မတူညီတဲ့နယ်ပယ်အသီးသီးကလူတွေကို လိမ်မာပါးနပ်စွာ ပေါင်းသင်းဆက်ဆံတက်ဖို့ လိုအပ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုအားကိုးတက်မှု

Man Changing Light Bulb

Source : Freepik

တစ်ယောက်တည်းရပ်တည်တော့မယ်ဆိုရင် ကြုံလာသမျှကိစ္စတိုင်းကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ကိုလည်း ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ အသေးအမွှားကိစ္စလေးတွေဖြစ်တဲ့ အိမ်တံခါးလော့ခ်ပျက်တာကနေစပြီး မီးလုံးလဲတာအဆုံး ၊ တခြားအချက်အပြုတ် လျော်ဖွတ်ကိစ္စတွေ ၊ ကျန်းမာရေး ၊ အိမ်ရဲ့လုံခြုံရေးစသည်ဖြင့် တစ်ကိုယ်စာ ကိစ္စအဝဝအားလုံးက ကိုယ့်အပေါ်ပဲတာဝန်ရှိတာဖြစ်ပါတယ်။ ဒါ့ကြောင့်ကိုယ့်ကိုယ်ကိုအားကိုးတက်တဲ့ အကျင့်ကိုလည်း မွေးမြူသင့်ပါတယ်။

(၅) မိဘအကူအညီ

Young guy and aged man sitting on sofa

Source : Freepik

ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ်ဆိုပေမယ့် မိဘတွေရဲ့ကူညီထောက်ပံ့မှုကိုလည်း လုံးဝမယူပဲနေလို့ မရနိုင်ပါဘူး။ မိဘတွေက ကိုယ့်ထက်အတွေ့အကြုံရင့်သန်သူတွေ ၊ အမှားအမှန်ခွဲခြားနိုင်သူတွေဖြစ်တာကြောင့် လိုအပ်လာရင် အကြံဉာဏ်တောင်းတာ ၊ ဆွေနွေးတိုင်ပင်တာတွေကိုတော့ လုပ်ဆောင်သင့်ပါတယ်။