ဖက်ရှင်ကျကျ ဝတ်ဆင်တတ်ဖို့အတွက် မှန်ကန်တဲ့အဝတ်အထည်များ ရွေးချယ်ဖို့ လိုအပ်သလို ထိုအဝတ်အစားများကို ဘယ်လိုပေါင်းစပ်ဝတ်ဆင်ရမလဲဆိုတာ အရေးကြီးပါတယ်။ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို စနစ်တကျရွေးချယ်တတ်ခြင်း၊ စမတ်ကျကျ ဝတ်ဆင်တတ်ခြင်းတို့က သင့်ရဲ့ဖက်ရှင်ကို ပိုမိုအဆင့်မြင့်စေပြီး အများကအားကျရတဲ့ ဖက်ရှင် Icon အဖြစ် ရပ်တည်နိုင်ဖို့အတွက် ကူညီပေးပါတယ်။

သင့်အနေနဲ့ အများကအားကျလောက်ရတဲ့အထိ ဖက်ရှင်ကျချင်တယ်ဆိုရင် နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ ဖက်ရှင်စည်းမျဉ်းတစ်ချို့ရှိပါတယ်။

မိမိကိုယ်ပိုင်ဖက်ရှင်တစ်ခု တည်ဆောက်ပါ

fashionable man standing outside for photoshoot

လူသားတိုင်းရဲ့စိတ်နေစိတ်ထားက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ဖက်ရှင်ကိုလည်း နာမည်ကြီးမောဒယ်လ် မင်းသားများရဲ့ဖက်ရှင်ကို တုပထားတာမျိုးမဟုတ်ဘဲ သင့်ရဲ့စိတ်နေစိတ်ထားနဲ့ လိုက်ဖက်တဲ့ ကိုယ်ပိုင်ဖက်ရှင်တစ်ခု ဖန်တီးလိုက်ပါ။

မိမိခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားများ ဝတ်ဆင်ပါ

go to tailor shop for better outfit

မိမိခန္ဓာကိုယ် အတိုင်းနဲ့ သေချာတိုင်းချုပ်ထားတဲ့ အဝတ်အစားဖြစ်လေ ပိုကောင်းလေပါပဲ။ ဒါမှ သင့်ရဲ့ကိုယ်ပိုင်ဖက်ရှင်လို့ ပြောနိုင်မှာပါ။

နေရာဒေသနဲ့ လိုက်ဖက်စွာ ဝတ်စားဆင်ယင်တတ်ပါစေ

stylish man with sunglasses

သူငယ်ချင်းတွေနဲ့ ဟိုနားဒီနား သွားတဲ့အခါ ပွဲတက်ဝတ်စုံကြီးတကားကားနဲ့ သွားလို့ အဆင်မပြေနိုင်သလို ပွဲတက်အခမ်းအနားသွားတဲ့အခါမှာလည်း ပေါ့ပေါ့ပါးပါးရှိတဲ့ စွပ်ကျယ်နဲ့ဆို ပွဲတိုးမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ် သွားမယ့် နေရာဒေသပေါ် မူတည်ပြီး ဖက်ရှင်အပြောင်းအလဲပြုလုပ်ဖို့ ဝန်မလေးပါနဲ့။

အရည်အသွေးကောင်းတဲ့ အဝတ်အစားများသာ ဝယ်ယူပါ

man wearing white shirt

နှစ်ခါလောက် ဝတ်ပြီး အပြင် ဝတ်လို့မရတော့တဲ့ အဝတ်အစားများ သင့်ရဲ့ဘီဒိုထဲမှာ ပုံလာတဲ့အခါ အပြင်သွားခါနီးတိုင်း ဝတ်စရာဘာမှ မရှိတော့ပါလား ဆိုတဲ့ ခံစားချက်ကြီး ခံစားနေရပါလိမ့်မယ်။ ဒါ့ကြောင့် ဖက်ရှင်ကျဖို့အတွက် အရည်အသွေးကောင်းတဲ့အဝတ်အစားများ ဝယ်ယူဖို့လည်း လိုအပ်ပါတယ်။

အရည်အသွေးကောင်းသော ရှူးဖိနပ်တစ်ရံ ဝယ်ထားပါ

man ties his shoelace

ပွဲနေပွဲထိုင်တွေအတွက် ရှူးဖိနပ်ကောင်းကောင်းတစ်ရံ ပိုင်ဆိုင်ထားသင့်ပါတယ်။

သင့်ရဲ့ဖိနပ်များကို သေသေချာချာ ထိန်းသိမ်းထားပါ

man taking care of his shoes

ဖိနပ်ခရေဇီသမားတွေအနေနဲ့ ဖိနပ်တွေတော့ ဝယ်စုပါရဲ့။ ဒါပေမဲ့ ထိုဖိနပ်တွေကို သေချာမထိန်းသိမ်းဘဲ ပစ်ထားမယ်ဆိုရင်တော့ ပိုက်ဆံကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ထိုဖိနပ်များကို ဖုန်မတက်အောင် သေသေချာချာ သိမ်းထားမယ်၊ တိုက်ချွတ်ထားမယ်ဆိုရင် လိုတဲ့အချိန်မှာ ထုတ်ဝတ်တဲ့အခါ သင့်ဖိနပ်လေးက အသစ်အတိုင်း တောက်ပြောင်နေမှာပါ။

ကိုယ့်မှာ ရှိပြီးသား အဝတ်အစားများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို ဂရုတစိုက် ထိန်းသိမ်းမှသာလျှင် ပိုက်ဆံလည်း စုဆောင်းမိရာရောက်ပြီး စမတ်လည်းကျ ဖက်ရှင်လည်းကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်မှာပါ။

Source: Toptrendsguide.com