ဘဝဆိုတာ အမြဲအဆိုးတစ်လှည့်အကောင်းတစ်လှည့်စီရယ်ပါ။ ဘယ်သူမှ အမြဲပျော်ရွှင်နေတဲ့သူမရှိသလို အမြဲစိတ်ဆင်းရဲနေရတဲ့သူလည်းမရှိပါဘူး။ လူတိုင်းလူတိုင်းမှာ အခက်အခဲတွေ ၊ အားနည်း ချက်တွေ ကိုယ်စီရှိကြပါတယ်။ အဓိက ကိုယ့်ကိုယ့်ကို ပျော်ရွှင်အောင် စိတ်ထားတက်ဖို့က အရေး ကြီးတာပါ။ ဒီနေ့မှာတော့ ဘဝမှာပျော်ပျော်နေနိုင်ဖို့ လိုက်နာသင့်တဲ့နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။
(၁) ရောင့်ရဲတက်ပါစေ

Source : Freepik
ရောင့်ရဲတင်းတိမ်တက်ခြင်းက ပျော်ရွှင်မှုကိုသွယ်ဝိုက်သောနည်းနဲ့ ပေးစွမ်းပါတယ်။ လူတိုင်းလူတိုင်း ကိုယ့်ဘဝကိုချစ်မြတ်နိုးတက်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကို ထားဖိုးထားတက်မယ်ဆိုရင် ဘဝကပျော်ရွှင်စရာကောင်းနေမှာပါ။ မဖြစ်နိုင်တဲ့အရာတွေကို အတင်းလုပ်ယူရတာက သင့်ကိုပိုပြီး စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေပါတယ်။ ဒါကြောင့် ဘဝမှာရောင့်ရဲတက်ဖို့က အရေးကြီးပါတယ်။
(၂) မျှော်လင့်ချက်ကြီးကြီးမထားပါနဲ့

Source : Freepik
လူတိုင်းလူတိုင်း ကိုယ်ဖြစ်ချင်တဲ့အရာ ၊ ပိုင်ဆိုင်ချင်တဲ့အရာတွေအပေါ် မျှော်လင့်ချက်လေးတွေထားမိတက်ကြပါတယ်။ သတိထားရမှာတစ်ခုက မျှော်လင့်ချက်ကြီးကြီးထားတာက သင့်အတွက် မကောင်းဘူးဆိုတာပါပဲ။ မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာရင် ပိုပြီးခံစားရတက်ပါတယ်။ ဒါကြောင့် ဘဝမှာ မျှော်လင့်ချက်ထားနိုင်ပါတယ်။ သို့သော် မျှော်လင့်ချက်ကြီးကြီးမထားမိဖို့တော့ သတိပြုသင့်ပါတယ်။
(၃) ပြုံးဖို့မမေ့ပါနဲ့

Source : Freepik
အပြုံးဆိုတာ ပျော်ရွှင်မှုရဲ့ သင်္ကေတလို့ပြောရင်မမှားနိုင်ပါဘူး။ သင်ပြုံးလိုက်တဲ့ အပြုံးတစ်ခုက သင်ကိုယ်တိုင်ရောပျော်ရွှင်မှုခံစားရစေသလို သင့်အနီးအနားပတ်ဝန်းကျင်ကလူတွေကိုလည်း ပျော်ရွှင်မှုတွေ ကူးစက်သွားပါတယ်။ ဘဝမှာအခက်အခဲတွေနဲ့ကြုံတွေ့လာရင်တောင် အတက်နိုင်ဆုံးပြုံးထားပါ။ နေ့တိုင်းပြုံးရင် သင်နေ့တိုင်းပျော်ရွှင်ရမှာပါ။
(၄) မနာလိုစိတ်မထားပါနဲ့

Source : Freepik
သင့်အတွင်းစိတ်က ဖြစ်ပေါ်လာတဲ့ မနာလိုမှုတွေဟာ နေ့စဉ်ဘဝရဲ့ ပျော်ရွှင်မှုတွေကို တဖြည်းဖြည်းတိုက်စားသွားပါလိမ့်မယ်။ လူတွေအပေါ်မနာလိုစိတ်ထားပြီး အမုန်းပွားတာဟာ တစ်ဖက်လူက သိချင်မှသိပါလိမ့်မယ့်။ သို့သော်သင့်ကိုယ်တိုင်ကတော့ သင့်ရဲ့ မနာစိတ်ကြောင့် ပူလောင်မှုတွေကို ခံစားနေရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘဝမှာပျော်ရဖို့ မနာလိုစိတ်တွေကိုအပြီးရှင်းထုတ်လိုက်ပါ။
