သင့်ချစ်သူနဲ့ နှစ်တွေအကြာကြီး ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်ပါသလား။ Relationship တစ်ခုအချိန်ကြာကြာတည်မြဲဖို့ဆိုတာ မလွယ်ဘူးဆိုပေမယ့် အခုပြောပြမယ့်အချက်လေးတွေ လိုက်နာမယ်ဆိုရင် သင့်တို့ ချစ်သူနှစ်ဦးသားဆက်ဆံရေး ပိုမိုခိုင်မြဲစေမှာဖြစ်ပြီး နှစ်တွေအကြာကြီး ခိုင်မာမြဲမြံတဲ့အချစ်ရေးတစ်ခုကို ပုံဖော်သွားနိုင်မှာဖြစ်ပါတယ်။

(၁) ပွင့်လင်းမှုရှိပါ

Happy married couple having fun together

Source : Freepik

ပွင့်ပွင့်လင်းလင်းရှိတဲ့ဆက်ဆံရေးက ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်စိတ်ချမှုပိုရစေပါတယ်။ နောက်ထပ်ကောင်းတဲ့အချက်တစ်ခု ရှိပါသေးတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ ဆက်ဆံရေးက တစ်ဦးအပေါ်တစ်ဦး သံသယစိတ်နည်းသွားစေတာပါပဲ။ သံသယကင်းပြီး ယုံကြည်စိတ်ချရမယ်ဆိုရင် ရေရှည်လက်တွဲသွားဖို့ မခက်ခဲတော့ပါဘူး။

(၂) နားလည်အောင်ကြိုးစားပါ

Man and woman portrait smiling to each other on the sofa

Source : Freepik

ကိုယ့်ချစ်သူက ဘယ်လိုပုံစံရှိတယ်ဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ မိန်းကလေးတွေက နည်းနည်းပဟေဠိဆန်တက်ကြပါတယ်။ သူတို့ဖြစ်ချင်တာ လုပ်ချင်တဲ့အရာတွေကို တည့်တည့်မပြောပေမယ့် နားလည်စေချင်ကြပါတယ်။ ဒါကြောင့် ကိုယ်အနေနဲ့ လိမ်မာပါးနပ်မှုရှိဖို့လိုပြီး သူတို့ကိုနားလည်အောင်ကြိုးစားသင့်ပါတယ်။

(၃) Surprise လေးတွေဖန်တီးပေးပါ

Man surprised her girlfriend with gift

Source : Freepik

တစ်ခါတစ်လေ သာမာန်ရိုးကျပုံစံထဲက ခွဲထွက်ပြီး သူမအတွက်အံ့ဩစေမယ့် အရာလေးတွေဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။ တန်ဖိုးအရမ်းကြီးတဲ့အရာတွေပေးမှ မဟုတ်ပါဘူး။ ဥပမာ သူမဖတ်ချင်တယ်လို့ ပြောဖူးတဲ့ စာအုပ်လေးတစ်အုပ်ကို ရအောင်ဝယ်ပြီး လက်ဆောင်ပေးတာမျိုးပါ။

(၄) အရှုပ်တွေရှင်းပါ

Beautiful couple spend time in a summer city

Source : Freepik

Relationship တစ်ခုရေရှည်လက်တွဲသွားနိုင်ဖို့ အရှုပ်အရှင်းကင်းကင်း သစ္စာရှိဖို့ကလည်း အရေးကြီးတာပဲ မဟုတ်လား။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်သူမအပေါ် သစ္စာရှိမှုကိုစောင့်ထိန်းသွားရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ အပျော်ဆိုတာမျိုးတွေ ၊ ရည်စားဟောင်းကဏ္ဍတွေစတဲ့ အရှုပ်တွေမရှိဖို့ ကိုယ့်ကိုယ့်ကိုတားမြစ်ထားသင့်ပါတယ်။