ကျွန်တော်တို့နေ့စဉ်သောက်သုံးနေတဲ့ သံဗူးအချိုရည်တွေမှာ သကြားဓာတ်များစွာပါဝင်တယ်ဆိုတာ သတိထားမိပါသလား။ သကြားဓာတ်အလွန်အကျွံစားသုံးမိခြင်းက ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပြီး နာတာရှည်ရောဂါများလည်းဖြစ်ပွားနိုင်ခြေများပါတယ်။ ဒါကြောင့် အချိုရည်တွေအစား အခုပြောပြမယ့်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဖျော်ရည်တွေသောက်သုံးဖို့ အကြံပြုချင်ပါတယ်။
ဖျော်ရည် (၁)

ပါဝင်ပစ္စည်းများ
အခွံနွှားပြီး သား လိမ္မော်သီး (၂) လုံး
ဘယ်ရီသီး လက်တစ်ဆုပ်စာ
ရေသန့် နှင့် ရေခဲ
ပြုလုပ်နည်းအဆင့်ဆင့်
အသင့်ပြုလုပ်ထားပြီးသော အသီးအားလုံးကို ရောပြီး ရေကရားထဲသို့ထည့်ပါ ။ ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ (၂) နာရီ (သို့) တစ်ညတာ နှပ်ထားပါ။ အရသာခပ်ပြင်းပြင်းလေး နဲ့ ဘလူးဘယ်ရီ အရောနှော အရသာလေး ကို သောက်သုံးနိုင်ပါပြီ။
ဖျော်ရည် (၂)

ပါဝင်ပစ္စည်းများ
စတော်ဘယ်ရီသီး နှင့် သခွားသီး ကို တစ်ခွက်စာ ပါးပါးလှီးထားပါ
သံပုရာသီး (၂) စိတ် စိတ်ထားပါ
ပူစီနံရွတ် အနည်းငယ်ကိုကြိတ်ထားပါ
ရေသန့် နှင့် ရေခဲတုံး
ပြုလုပ်နည်းအဆင့်ဆင့်
ရေကရားတစ်ဝက်ထိ လှီးချွတ်ထားပြီးသော စတော်ဘယ်ရီ ၊ သခွား သီး နှင့် သံပုရာသီး ကို ညှစ်ပြီး ရေခဲပါ ရောထည့်လိုက်ပါ။ အနံအရသာ အတွက် ကြိတ်ချေထားသော ပူစီနံ ကို ပေါင်းထည့်လိုက်ပြီး ရေထပ်ထည့်လိုက်ပါ ။ အနည်း ဆုံး (၁၀) မိနစ် အအေးခံထားခြင်းဖြင့် Detox Water ကို သောက်သုံးနိုင်ပါပြီ။
ဖျော်ရည် (၃)

ပါဝင်ပစ္စည်းများ
ဖရဲသီး လှီးပြီးသား ပန်းကန်လုံး (၂) လုံးစာ
ပပူစီနံ လက်တစ်ဆုပ်စာ
ရေအေး နှင့် ရေခဲ
ပြုလုပ်နည်းအဆင့်ဆင့်
ရေကရား ထဲသို့ ရေဖြည့်ပြီး အသင့်ပြုလုပ်ထားသော ဖရဲသီး ၊ ပူဒီနံ ၊ ရေခဲတို့ကို ရောထည့်လိုက်ပါ။ အသီးတွေကို (၂) နာရီ မှ (၈) နာရီကြာ အောင်အအေးခံပြီးနှပ်ထားပါ။ အနံ့အရသာ နှင့် အချို အတွက် အသီးများ လိုသလို ထပ်ထည့်နိုင်ပါတယ်။
ဖျော်ရည် (၄)

အခွံနွှာပြီး လိမ္မော်သီး ၂လုံး
လှီးထားပြီးသား သံပုယိုသီး ၁လုံး
သခွားသီး တစ်ခြမ်း
ပူဒီနံ လက်တစ်ဆုပ်စာ
ရေအေး နှင့် ရေခဲ
ပြုလုပ်နည်းအဆင့်ဆင့်
အသင့်ပြုလုပ်ထားသော အသီး များ ကို ရေကရားထဲသို့ ထည့်ပါ ။ အနံ့အရသာအတွက် အသီး နှင့် အရွက်များ လိုအပ်သလို သုံးနိုင်ပါတယ်။ ကြိတ်ချေထားပြီးသား ပူစီနံကို ထပ်ထည့်ပြီး ရောမွှေလိုက်ပါ။
