လူတစ်ယောက်ရဲ့ ကိုယ်ဟန်မူရာက အဲ့ဒီလူရဲ့ ဆွဲဆောင်မှုရှိခြင်းမရှိခြင်းအပေါ်အများကြီး သက်ရောက်မှုရှိစေပါတယ်။ အများစုကတော့ ဝတ်စားဆင်ယင်မှုက လူတစ်ယောက်ရဲ့ဆွဲဆောင်မှုရှိခြင်းကို သတ်မှတ်ပေးနိုင်တယ်လို့ ပြောကြပါတယ်။ ဒါလည်းမှန်ပါတယ်။ သို့သော် ကိုယ်ဟန်အမူအရာကလည်း မေ့ထားလို့မရဘူးဆိုတာတော့ သတိပြုဖို့လိုပါလိမ့်မယ်။

(၁) ခြေထောက်နှစ်ဖက် လှိမ်ယှက်ထားခြင်း

Man standing with his legs crossed

Source : Freepik

ခြေလှိမ်ယှက်ရပ်နေခြင်းဟာ ကျွန်တော်တို့ ပြောနေသော အကြောင်းအရာအပေါ် ယုံကြည်မှု့အပြည့်အဝမရှိပုံကို ဖော်ပြခြင်းဖြစ်ပါတယ်။ သင်ရဲ့လက်တွေကို အိတ်ကပ်ထဲထည့်ထား မယ်ဆိုရင် သင် ပြောနေသောအကြောင်းအရာနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူ တစ်ယောက်မှရှိလိမ့်မည် မဟုတ်ကြောင်းကို ကျွန်တော်အလောင်းအစားပြုပြီးကို ပြောနိုင်ပါတယ်။ သင်ဟာ သင့်လက်တွေကို အိတ်ကပ်ထဲ ဖွက်ထားသလို သင်၏ စိုးရိမ်ကြောင့်ကြမှုတွေကိုလည်း ဖုံးကွယ်ဖို့ အမြဲလိုလိုကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။

အမှန်တကယ်တော့ ယခုကဲ့သို့ ကိုယ်ဟန်အမူအရာက အဓိပ္ပာယ်များစွာရှိပါတယ်။ မလွှဲသာမ‌ရှောင်သာသော အခြေအနေမျိုးတွင် အားလုံးစုပေါင်း အဓိပ္ပာယ်ကောက်ခြင်းလဲ ဖြစ်နိုင်သလို သို့မဟုတ် ကျွန်တော်တို့ စိတ်လှုပ်ရှားသောသောအခါတွင်လည်း ဒီလိုအပြုအမူကို အများဆုံး ပြုလုပ်ကြပါတယ်။

(၂) လက်ကောက်ဝတ်ကို အခြားလက်တစ်ဖက်မှ ဆုပ်ကိုင်ထားခြင်း

man Hand Behind Back

Source : Freepik

လက်နောက်ပြန်ပစ်ပြီးဆုပ်ကိုင်ထားခြင်းဟာ အခြားသူအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်သော အပြုအမူ ဖြစ်ကြောင်းကို ဖော်ပြသည့် အမူအရာဖြစ်ပါတယ်။ များသောအားဖြင့် ထိုအချက်သည် ကျွန်တော်တို့ စိတ်ဆိုးဒေါသထွက်နေသည့်အချိန်မှာ ပြုလုပ်တတ်တဲ့ ကိုယ်ဟန်အနေအထားဖြစ်တတ်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ လက်တွေကို မြှင့်ထားပြီးဆုပ်ကိုင်ထားလေလေ ၊ ကျွန်တော်တို့ တခြားသူအပေါ် ကျေနပ်အားရမှု့မရှိခြင်းကို ပေါ်လွင်လေလေ ဖြစ်ပါတယ်။

(၃) အရုပ်ကြိုးပြတ်နေခြင်း

man slouching in chair

Source : Freepik

ဒါဟာ မကောင်းသောဟန်အမူအရာဖြစ်ပါတယ်။ ဒီအမူအရာက သင်၏ ကျန်းမာရေးထိခိုက်ရုံသာမက ခိုကိုးရာမဲ့ခြင်း၊ မဝံ့မရဲဖြစ်နေခြင်း နှင့် ဘဝ ကို မကျေနပ်ခြင်း ရှိနေသည်ကိုလည်း ညွှန်ပြပါတယ်။ လူကြီးသူမများ ခြေတကြွကြွလမ်းလျှောက်သည့် ဟန်ပင်နှင့် ဆက်နွယ်နေပါတယ်။ လမ်းလျှောက်သည့်အခါ ခေါင်းမော့ ၊ ရင်ကော့ပြီးခြေထောက်များကို ဆန့်ထားပါ။ အထက်ပါအချက်များအားလုံးသည် ဝတ်ကောင်းစားလှဝတ်ထားခြင်းထက်ပင် ကိုယ်ဟန်အမူအရာကောင်း ကို အထောက်ပံ့ပေးပါလိမ့်မယ်။

(၄) လက်သီးဆုပ်ထားခြင်း

man clenched hands sitting

Source : Freepik

ရင်ဝယ်ပိုက် လက်ပိုက်ခြင်းအနေအထားတွင် လက်သီးကျစ်ကျစ်ပါအောင်ဆုပ် ထားခြင်းက “ငါလည်းဒီမှာရှိမနေချင်တော့ဘူး ၊ ဒါငါ့အပူပါ နင့်အပူလည်းမဟုတ်ပါဘူးကွာ “ လို့ အဓိပ္ပာယ်ရပါတယ်။ အခြားသူများအတွက်တော့ စိတ်ကျေနပ်စရာကောင်းသော အပြုအမူတစ်ခုမဟုတ်ပါ ။ ခပ်မြင့်မြင့်အနေအထားတွင်လက်ခြင်းဆုပ်ကိုင်ထားခြင်း ယခုဟန်အမူအရာသည် နံပါတ်၃ အချက်ကို ပြန်လည်ပြင်ဆင် မွမ်းမံထားခြင်းဖြစ်ပါတယ်။သို့သော် ဒီအမူအရာက မင်းလက်တွေကိုမြင့်မြင့်ထားလေ၊ မင်း အမှားတွေကို မျက်ကွယ်ပြုဖုံးကွယ်ချင်လေဖြစ်ပါတယ်။