လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာဟာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ပေါင်းရသင်းရလွယ်တဲ့သူတွေရှိသလို ပေါင်းသင်းရခက်သူတွေလည်း လောကမှာအများကြီးရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူ့လောကမှာနေထိုင်မယ်ဆိုရင် ပေါင်းတက်သင်းတက်ဖို့က အဓိကလိုချက်တစ်ခုဖြစ်တာကြောင့် လူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အခြေခံသဘောတရားလေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) အော်ငေါက်ပြောဆိုခြင်း ကို မကြိုက်ကြောင်း ထုတ်ပြောပါ

When someone is screaming at you, state that you’re not okay with that

သင့်ကို တစ်ယောက်ယောက် က အော်ငေါက် တဲ့ အခါ မကြိုက်ကြောင်း ထုတ်ပြောပါ။ အော်ငေါက်သူတွေသည် သင့်ရဲ့ သူဌေး ဖြစ်ချင်ဖြစ်ပါလိမ့်မယ် သို့သော် ဆိုးဆိုးရွားရွား မတုံ့ပြန်လိုက်ပါနဲ့ ။ သူတို့ မင်းကို ပြောဆိုဆက်ဆံပုံ ကို မကြိုက်ကြောင်း ထုတ်ပြောလိုက်ပါ။ “ခင်ဗျာဒေါသထွက်နေတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ဒီလိုအော်ငေါက်နေတာက အဆင်မပြေဘူးခင်ဗျ” စသဖြင့် ယဉ်ကျေးစွာ ပြောပြတက်ဖို့ လိုအပ်ပါတယ်။

(၂) ကျေးဇူးတင်စကားဆိုပါ

Say words of gratitude

လုပ်ပြီးသား အလုပ်တစ်ခုက အဆင်မပြေလို့ ပြန်လုပ်စတယ်ဆိုတာ လူတိုင်းမနှစ်သက်တဲ့ အရာတစ်ခုပါ။ အကယ်၍ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ကို သူလုပ်ပြီးသားအလုပ်တစ်ခု အစကနေ ပြန်ပြင်လုပ်ခိုင်းရမယ်ဆိုရင် ပြောရခတ်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီလိုအခြေအနေမျိုးမှာ သင့်အနေနဲ့ သူ့ကို ကျေးဇူးတင်စကားအရင်ဆိုရပါမယ်။ “ကူညီ လုပ်ကိုင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခုကို ဒီထက်ပိုကောင်းအောင် လုပ်ရအောင်” စသဖြင့် စကားချိုချိုလေးတွေ ပြောပေးခြင်းက ပိုပြီးထိရောက်ပါလိမ့်မယ်။

(၃) နားလည်ကြောင်း ဖော်ပြပေးပါ

Show that you understand and ask to hear more if a person is angry or upset

တင်းမာတဲ့ အခြေအနေကို လျော့ချပေးဖို့ရာ တစ်ဖက်လူရဲ့ စိတ်ကို အရင်ငြိမ်သက်အောင် လုပ်ပေးပါ။ ပြီးလျှင် မျှဝေခံစားခြင်း နည်းလမ်းကို အသုံးချပါ။ သူ နဲ့ ပတ်သတ် တဲ့ အကြောင်း ကို စဉ်းစားပါ ။ အဆုံးသတ်မှာ မလွယ်ကူဘူး ဆိုတဲ့ အကြောင်းကို ပြောပြလိုက်ပါ။ ဥပမာ – သင့်ရဲ့ မိတ်ဆွေ တစ်ဦးက ကုမ္ပဏီ မှ ချမှတ်လိုက်သော စည်းမျဉ်း အသစ် တွေ ကို ဒေါသထွက်နေမယ် ဆိုရင် သင့် အနေနဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ မန်နေဂျာ တစ်ဦးဖြစ်ရတာထင်သလောက် မလွယ်ကူကြောင်းနားလည်အောင်ပြောပေးပါ။ ပြီးတော့ သူဆီမှာရှိတဲ့ ပြောစရာအကြောင်းအရာတွေကို ထပ်မေးပါ။

(၄) စကား အပြောဆို နူးညံ့မှု့ ရှိပါ

 Be softer with your words instead of pushing a person

တခုခု ကိုယ် အလိုရှိတိုင်း တဘက်လူ ကို တွန်အားမပေးပါနဲ့။ ကိုယ်ဘက်ပါလာအောင် နူးညံ့သိပ်မွေ့စွာ ချဉ်းကပ်တက်ဖို့လိုအပ်ပါတယ်။ဥပမာ – သင်က အဝတ်စား အသစ် သွားဝယ်ဖို့ သူငယ်ချင်း ကို အဖော်ခေါ်ချင်တယ် ဆိုပါတော့ သို့ပေမယ့် သူငယ်ချင်းလုပ်တဲ့သူက ပျင်းနေမယ် အဖော်လိုက်ပေးချင်စိတ်ရှိမနေဘူးဆိုရင် “အဝတ်စားဝယ်မယ်ဆိုရင် ငါ က ငါ့အတွက်ငါ မရွေးတတ်ဘူး ၊ မင်းက အဝတ်စားရွေးတဲ့နေရာမှာ သိပ်တော်တယ်လေ နင်ငါ့နဲ့ လိုက်ခဲ့ရင် အရမ်းကောင်းမှာပဲ” စတဲ့ နူးညံ့ပြီး ချီးကျူးသံပါတဲ့ စကားလုံးတွေကို သုံးပေးမယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

(၅) ဝေဖန်မယ့်အစား ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ပါ

Don’t accept, “Sorry, but you...” Instead, say that you’re open to discussing things.

တစ်ခုခုလုပ်တာ မှားနေတယ် ဆိုရင်တောင်မှ ပြစ်တင်ဝေဖန်ခြင်း သည် အကောင်းဆုံး ဖြေရှင်းနည်း တစ်ခု မဟုတ်ပါ။ ဝေဖန်ခြင်း ထက် အပြုသဘောဆောင်သည့် ပြောဆိုပုံ နည်းလမ်း ရှိပါသေးတယ်။ “မင်းမှန်ပါတယ်။ အော်ဟစ်မနေဘဲနဲ့ ငါအမှားတွေအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်တယ်။” စသဖြင့် ပြောဆိုပေးပါ။

Source: Bright Side