ဆေးလိပ်ကိုတချို့က ခေတ်မှီအောင်သောက်တက်ကြသလို ၊ တချို့ကလည်း စိတ်ခံစားချက်တွေဖြေဖျောက်ဖို့ သောက်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးလိပ်သောက်ခြင်းဟာ ဆိုးကျိုးပဲပေးတယ်ဆိုတာကိုတော့ သံသယမဖြစ်ပါနဲ့။ သင့်အနေနဲ့ ဆေးလိပ်ဖြတ်လိုက်ပြီဆိုရင် အခုပြောပြမယ့်အကျိုးကျေးဇူးတွေရလာမှာဖြစ်ပါတယ်။
(၁) အချိန်ကြာကြီး ကျန်းကျန်းမာမာနေနိုင်မယ်

Source : Freepik
ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ရှင်းပြချက်အရ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်၊ အသည်း၊ အူမကြီး အပါအဝင် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းအားလုံးနီးပါးကို ထိခိုက်ပျက်စီးစေပါတယ်။ သင်ဆေးလိပ်ဖြတ်လိုက်ရင် သင့်ခန္ဓာကိုယ်က ဆေးလိပ်ကြောင့်ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို စတင်ပြုပြင်ပေးပါလိမ့်မယ်။ အသက်သုံးဆယ်ဝန်းကျင်မှာ ဆေးလိပ်ဖြတ်တဲ့ လူတွေဟာ ဆေးလိပ်မဖြတ်တဲ့လူတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက်ခြင်းနှင့် ဆက်နွယ်နေတဲ့ရောဂါတွေကြောင့် သေဆုံးနှုန်း (၉၀) ရာခိုင်နှုန်းကျော်လောက်လျော့နည်းသွားတယ်လို့ လေ့လာသူတွေက တွေ့ရှိထားပါတယ်။ ဒါ့ကြောင့် အသက်ရှည်ရှည်နေချင်လာ ပိုက်ဆံအကုန်ခံပြီး ဆေးလိပ်သောက် အသက်တိုချင်လာဆိုတာကို ဆေးလိပ်သောက်မယ်လို့ ကြံလိုက်တိုင်း စဉ်းစားစေချင်ပါတယ်။
(၂) ရုပ်ရည်သွင်ပြင်နုပျိုလာမယ်

Source : Freepik
ဇူးရစ်ရှ် တက္ကသိုလ်က လေ့လာမှုတစ်ခုတွင် ဆေးလိပ်သောက်သူနှင့် မီးခိုးရောင်ဆံပင်ကြားဆက်နွယ်မှုရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းများက ဆဲလ်တွေကို ပျက်စီးစေပြီး ခန္ဓာကိုယ်သာမက မျက်နှာမှာပါရှိတဲ့ သွေးကြောလေးတွေကို ကျဉ်းစေကာ အသားအရေ ဝါဖျော့ဖျော့အရောင်ပြောင်းစေပါတယ်။ ထို့ပြင် အသားအရေတင်းရင်းကျုံ့နိုင်ဆန့်နိုင်စွမ်းကိုလည်း ပျက်စီးစေပါတယ်။ သင်ဆေးလိပ်ဖြတ်လိုက်လျှင် သင့်အသားအရေနှင့် သွားများသည် ပိုပြီးကြည့်ကောင်းလာကာ သင်ပိုပြီးငယ်ရွယ်နုပျိုသောအသွင်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အသက်သုံးဆယ်ဝန်းကျင်လူများကို ဖြစ်စေသောနည်းတူ အသက်နှစ်ဆယ်ဝန်းကျင်တွေမှာလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ နှစ်ပတ်အတွင်းမှာတင် အိုမင်းရင့်ရော်နေတဲ့ မျက်နှာကိုပြောင်းပြန် ပြန်လှန်ပစ်လိုက်နိုင်ပါတယ်။
(၃) ငွေကုန်ကျမှုနည်းစေမယ်

Source : Freepik
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည့်အပြင် ပိုက်ဆံတွေကို မီးရှို့ပစ်နေတာနဲ့တူပါတယ်။ တချို့ နေရာတွေမှာဆိုလျှင် ဆေးလိပ်တစ်ဘူးကို သောင်းချီပြီးပေးရတာမျိုးတောင်ရှိပါတယ်။ ဆေးလိပ်တစ်ဘူးကို (၂၅၀၀) ကျပ်ကုန်တယ်ပဲ ထားပါတော့ တစ်ရက်တစ်ဘူးသောက်ခြင်းက သင့်ကိုနှစ်စဉ်ငွေ (၇၅၀၀၀) ကျပ်လောက် ကုန်ကျစေပါတယ်။ ဒါဟာ မိသားစုတစ်စုအတွက် တစ်လစာ ဟင်းဖိုးနီးပါး ရှိပါတယ်။
(၄) ကိုယ့်ပတ်ဝန်းကျင်ကိုကယ်တင်ရာရောက်မယ်

Source : Freepik
သင်ဆေးလိပ်သောက်တာက အပြစ်မရှိတဲ့ သင်သင့် ဇနီး/ယောက်ျား၊ သားသမီးနှင့် သင်ချစ်မြတ်နိုးရသူတွေနဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ သင်သာ ဆေးလိပ်ဖြတ်လိုက်ရုံနှင့် သင် ကိုယ်တိုင်ရော သင့်ပတ်ဝန်းကျင်ရှိလူများပါ လတ်ဆတ်သန့်ရှင်းသောလေကို ရှူရှိူက်ခွင့် ရသွားမှာ ဖြစ်ပါတယ်။ ဆေးလိပ်ကင်းစင်သော သာယာလှပသည့်ဘဝကို သင့်လက်နှင့် တည်ဆောက်လိုက်ပါ။
