ကြက်သွန်ဖြူက လူ့သက်တမ်းကို ရှည်ကြာအောင် ကူညီပေးနိုင်တဲ့ အစွမ်းသတ္တိပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်ပြီး ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးတဲ့အပြင် အဆီပိုများကိုလည်း လောင်ကျွမ်းပေးပါတယ်။

ထိုကဲ့သို့ အစွမ်းထက်တဲ့ ကြက်သွန်ဖြူကို ဘာ့ကြောင့် ခေါင်းအုံးအောက်မှာ ထားအိပ်သင့်သလဲ။

နှာရည်ယိုခြင်းမှ ကာကွယ်ပေးခြင်း

real man sneezing

ကြက်သွန်ဖြူရဲ့ရနံ့ နှာရည်ယိုခြင်းမှ ကာကွယ်ပေးပြီး အသက်ရှူစနစ်ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့နေတတ်တဲ့ အကျိအချွဲများကို ကြက်သွန်ဖြူထဲမှာပါဝင်တဲ့ Antibiotic က ဖယ်ရှားပေးပြီး အသက်ဝဝရှူနိုင်အောင် ကူညီပေးပါတယ်။

ကိုယ်ခံစွမ်းအားကိုြ မှင့်တင်ပေးခြင်း

garlic for men to boost immunity

Photo: Homportal.com

ကြက်သွန်ဖြူက မကောင်းတဲ့ဘက်တီးရီးယားများကို သေစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ သင့်အနေနဲ့ ညစဉ်ညတိုင်း ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာ ထားအိပ်မယ်ဆိုရင် ကိုယ်ခံစွမ်းအား ကောင်းမွန်လာမှာဖြစ်ပြီး မနက်နိုးလာတဲ့အခါမှာလည်း လန်းဆန်းတက်ကြွနေမှာပါ။

အင်းဆက်ပိုးမွှားများကို ဖယ်ရှားပေးခြင်း

putting garlic under pillow for men

Photo: Buzznoble.com

ကြက်သွန်ဖြူက အင်းဆက်ပိုးမွှားများ အထူးသဖြင့် ခြင်တွေအတွက် အဆိပ်အတောက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာ ထားခြင်းကြောင့် အင်းဆက်ပိုးမွှားများ၊ ခြင်၊ ယင်များ သင့်အိပ်ရာနားကို လာမှာမဟုတ်တော့ပါဘူး။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း

man putting garlic under pillow-new lifestyle

Photo: Factspedia.org

ကြက်သွန်ဖြူထဲမှာ ဗီတာမင် B1 ပါဝင်ပါတယ်။ ထိုဗီတာမင်က အိပ်မပျော်ရောဂါကို ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ ဗီတာမင် B6 က အိပ်ပျော်စေတဲ့ဟော်မုန်းဖြစ်သော Melatonin များကို ထုတ်လွှတ်ပေးပါတယ်။ ထိုမှတဆင့် ကြက်သွန်ဖြူရနံ့က အာရုံကြောကို လှုံ့ဆော်ပေးပြီး စိတ်တည်ငြိမ်စေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါလိမ့်မယ်။

Source: Brightside.me