ကော်ဖီနဲ့ လက်ဖက်ရည်သည် ကမ္ဘာအနှံ့အပြားတွင် လူကြိုက်အများဆုံးဖျော်ရည်နှစ်မျိုးပဲဖြစ်ပါတယ်။ အချို့အမျိုးသားတွေက မနက်စာကို လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဗိုက်ဖြည့်တတ်ကြသလို အချို့ကလည်း ကော်ဖီနဲ့ မုန့်နဲ့ သုံးဆောင်တတ်ကြပါတယ်။ ဒါပေမဲ့လည်း ယောကျာ်းများအတွက် လက်ဖက်ရည်ထက်စာရင် ကော်ဖီက ပိုပြီးကောင်းကျိုးပေးစွမ်းနိုင်ပါတယ်။
မနက်နိုးလာတဲ့အခါ လက်ဖက်ရည်ထက် ကော်ဖီကိုသာ သောက်သုံးသင့်တဲ့ အကြောင်းအရင်းများကတော့…
ကော်ဖီက လေ့ကျင့်ခန်းပိုလုပ်နိုင်အောင် ကူညီပေးတယ်

သင်က မနက်ခင်းစောစောကမှာ လေ့ကျင့်ခန်းပြုလုပ်တတ်တဲ့သူဆိုရင်တော့ လက်ဖက်ရည်အစား ကော်ဖီသောက်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကော်ဖီမှာ ကာဖိန်းဓာတ်ပါဝင်မှုနှုန်း ပိုများတဲ့အတွက်ကြောင့် အားကစားစွမ်းဆောင်ရ်ကို ပိုမိုမြှင့်တင်ပေးပြီး ပင်ပန်းမှုကို လျော့ချပေးပါတယ်။
အာရုံစူးစိုက်မှု မြင့်မားစေခြင်း

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် စာလေ့လာနေချိန်မှာပဲဖြစ်ဖြစ် အာရုံစူးစိုက်မရလို့ စိတ်ညစ်နေပါသလား။ ကော်ဖီတစ်ခွက် သောက်သုံးလိုက်ပါ။ ကော်ဖီမှာ ပါဝင်တဲ့ ကာဖိန်းဓာတ်က သင့်ကို နှိုးကြားနေအောင် ကူညီပေးပြီး အာရုံစူးစိုက်မှု မြင့်မားစေပါတယ်။
ရွှင်လန်းတက်ကြွစေပြီး အိပ်ချင်ပြေစေခြင်း

လက်ဖက်ရည်ထဲမှာ ကာဖိန်းဓာတ်ရော Theanine ဓာတ်ရော ပါဝင်ပါတယ်။ ဒါပေမဲ့ Theanine ဓာတ်က စိတ်ကို ငြိမ်းအေးစေပြီး အိပ်ချင်စိတ်ပေါ်စေပါတယ်။ ကော်ဖီကတော့ အဲ့လိုမဟုတ်ပါဘူး။ သူ့ထဲမှာ ကာဖိန်းဓာတ် ပါဝင်မှုများတဲ့အတွက်ကြောင့် သောက်ပြီးတာနဲ့ ချက်ချင်းဆိုသလို ရွှင်လန်းတက်ကြွလာပြီး အိပ်ချင်ပြေလာပါလိမ့်မယ်။
ကိုယ်အလေးချိန် လျော့ချပေးခြင်း

ဝိတ်ချချင်သူများအတွက် သတင်းကောင်းလေးတစ်ခုကတော့ လေ့လာတွေ့ရှိချက်များအရ ကော်ဖီသောက်သုံးခြင်းက ခန္ဓာကိုယ်ရှိ အဆီပိုများကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကို ကြည့်ကောင်းစေဖို့ ကူညီပေးပါတယ်။
ဆီးချိုရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

လေ့လာတွေ့ရှိချက်တစ်ခုအရ ကော်ဖီထဲမှာပါဝင်တဲ့ ကာဖိန်းဓာတ်က ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေကို လျော့ချပေးတယ်လို့ သိရပါတယ်။ ကော်ဖီကို တစ်နေ့ သုံးခွက်ခန့် သောက်သုံးရုံမျှဖြင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေကို ၄၂ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တာကတော့ စိတ်ဝင်စားစရာပါပဲ။
Photo: Freepik.com
Source: Brightside.me
