ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲက အကျင့်ဆိုးတွေက ကျွန်တော်တို့ဘဝကိုဖျက်စီးနေတယ်ဆိုတာ သတိထားမိပါသလား။ တချို့သောအလေ့အကျင့်တွေက သင်ကိုယ်တိုင်သိလိုဖြစ်စေ ၊ သတိမပြုမိပဲ လုပ်မိတဲ့အလေ့အကျင့်တွေလည်း ရှိပါတယ်။ သင့်ဘဝအတွက် အကျိုးမပြုနိုင်တဲ့ အလေ့အ ကျင့်ဆိုးတွေကို အပြီးတိုင်ဖျောက်ဖျက်နိုင်ဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။
(၁) အတိတ်ကို ခွင့်မလွှတ်ခြင်း

Source : Freepik
ကျွန်တော်တို့ဘဝမှာ ပြန်မတွေးချင်တဲ့ အတိတ်တစ်ချို့ရှိပါတယ်။ သစ္စာဖောက်ခံရတာ၊ စော်ကားခံရတာ စသည်ဖြင့်ပေါ့။ အဲဒီအတိတ်ဆိုးတွေကြောင့် သင့်ရဲ့ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို မထိခိုက်ပါစေနဲ့။ အဲဒါက သင့်ကိုယ်သင် ဖျက်ဆီးနေတာပါပဲ။ မေ့ပစ်လိုက်ပါ၊ခွင့်လွှတ်လိုက်ပါ။ အတိတ်ကို အတိတ်မှာပဲ ချန်ထားခဲ့ပါ။ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေထိုင်ပေးပါ။
(၂) တခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်း

Source : Freepik
နှိုင်းယှဉ်တာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် တခြားသူတွေရဲ့အားသာချက်တွေနဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကိုပဲ နှိုင်းယှဉ်နေတယ်ဆိုရင်တော့ ဒါကပြသာနာပါ။ ဒီလိုနှိုင်းယှဉ်မူတွေကနေ ဂုဏ်သိက္ခာတွေ၊ စိတ်အားထက်သန်မှုတွေကိုသာ ဆုံးရှုံးလိုက်ရတက်ပါတယ်။ ကျွန်တော်တို့က တခြားသူတွေနဲ့ အမြဲနှိုင်းယှဉ်နေတော့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကလည်း ကျွန်တော်တို့ကို မကူညီနိုင်တော့ဘူး။ ကျွန်တော်တို့ရဲ့စွမ်းအင်တွေကိုလည်း ကျွန်တော်တို့ ဖြုန်းပစ်မိတယ်။ နှိုင်းယှဉ်လိုက်လို့လည်း ကျွန်တော်တို့ မပျော်ရဘူး။ လူတစ်ယောက်ချင်းစီက တန်ဖိုးရှိပါတယ်။ မတူကွဲပြားတဲ့လူတွေကို နှိုင်းယှဉ်လို့မရပါဘူး။
(၃) အဆိပ်လိုလူတွေရှိနေခြင်း

Source : Freepik
ကျွန်တော်တို့ကတစ်ယောက်တည်းနေရမှာကို ကြောက်ကြတယ်။ တကယ်တော့ တစ်ယောက်တည်း နေခြင်းက အရမ်းကို အကျိုးရှိတယ်ဆိုတာ မသိကြသေးလို့ပါ။ မိမိအနားမှာ အရေးမပါတဲ့လူတွေ ဝိုင်းရံနေမယ့်အစား တစ်ယောက်ထဲနေကြည့်ပါ။ တစ်ယောက်တည်းနေခြင်းအားဖြင့် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပိုသိလာပါတယ်။ ကျွန်တော်တို့ ဘာကို အမှန်တကယ်လိုချင်သလဲဆိုတာကိုလည်း သိလာပါတယ်။ အရာရာတိုင်းမှာကတော့ အကျိုးနဲ့အပြစ်ရှိတာပဲ။ အထီးကျန်ခြင်းလည်း အတူတူပဲပေါ့။
(၄) ခံစားချက်တွေမြိုသိပ်ထားခြင်း

Source : Freepik
လူအများစုဟာ ဘဝမှာ အခက်အခဲတွေ ကြုံလာခဲ့ရပြီးရင် တည်ငြိမ်သွားတတ်ကြပါတယ်။ လူသစ်တွေနဲ့ ကြုံရတဲ့အခါလည်း တစ်ခုခုပြောလိုက်လို့ အမှားအယွင်းဖြစ်သွားမှာစိုးလို့ မပြောကြတော့ဘူး။ ခံစားချက်တွေကို ဖော်ပြတဲ့အခါ အားငယ်တယ်လို့ အထင်ခံရမှာ ကြောက်ကြပါတယ်။ တကယ်တော့ အားငယ်တယ်ဆိုတာဟာလည်း မကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ လူတွေဆီကို ရင်ဖွင့်ဖို့ မကြောက်ရွံ့ပါနဲ့။ ချစ်လိုက်ပါ။ အချစ်မှာ သတ္တိတွေ လိုအပ်ပါတယ်။ တကယ်တော့ သင့်ခံစားချက်တွေဟာ ဖော်ပြဖို့ ထိုက်တန်တယ်ဆိုတာ သိလာပါလိမ့်မယ်။
