လူတစ်ယောက်အတွက် အိပ်စက်ခြင်းကမဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။ ပုံမှန်အားဖြင့်တော့ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက် တစ်ရက်ကို ၇ နာရီကနေ ၉ နာရီအိပ်စက်ဖို့လိုပါတယ်။သို့သော် လိုတာထက်ပိုအိပ်ရင်တော့အခုပြောပြမယ့် ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

Tired man lying down sleep to bed

အလွန်အကျွံအိပ်ခြင်းက စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ပုံမှန်အိပ်စက်ချိန်ထက်ကျော်လွန်ပြီး အိပ်ချိန်များနေမယ်ဆိုရင် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပင်ခြင်းဝေဒနာတွေကိုခံစားရနိုင်ပါတယ်။ အချိန်ကြာမြင့်စွာအိပ်စက်ခြင်းကြောင့် ခန္ဓာကိုယ်မှာနာကျင်မှုဝေဒနာတွေဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် အိပ်ချိန်များသူတွေဟာ နောက်ကျောနာကျင်ကိုက်ခဲခြင်း ခါးနာခြင်းစတဲ့ ဝေဒနာတွေကိုခံစားရလေ့ရှိပါတယ်။

အမျိုးသားကျန်းမာရေးအဖွဲ့အစည်းရဲ့ လေ့လာမှုအရ အိပ်စက်ချိန်များသူတွေမှာ နှလုံးကျန်းမာရေးနဲ့ ဆက်စပ်တဲ့ရောဂါတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုအရ တစ်နေ့ကို ၉ နာရီကနေ ၁၁ ကြား အိပ်သူတွေဟာ နှလုံးရောဂါနှင့်လေဖြတ်ခြင်းဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း ပိုများပါတယ်။ အိပ်ချိန်များခြင်းရဲ့နောက်ထပ်ဆိုးကျိုးတစ်ခုက ခေါင်းကိုက်ခြင်းဝေဒနာကိုခံစားရခြင်းဖြစ်ပါတယ်။ ပုံမှန်အိပ်ချိန်ထက်ကျော်လွန်ပြီး အိပ်စက်လိုက်မယ်ဆိုရင် ဦးနှောက်နှင့် အာရုံကြောအပေါ်ကို သက်ရောက်မှုရှိစေပြီး ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်းကိုခံစားရနိုင်ပါတယ်။

Sleepy lazy man is working from home but sleep in front of the laptop

အလွန်အကျွံအိပ်စက်ခြင်းက ခန္ဓာကိုယ် ကိုယ်အလေးချိန်တိုးလာစေပြီး အဝလွန်ခြင်းဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ လေ့လာမှုတွေအရ တစ်နေ့ကို ၉ နာရီထက်ကျော်လွန်ပြီးအိပ်စက်သူတွေဟာ ပုံမှန်အိပ်ချိန်အတိုင်း အိပ်စက်ကြသူတွေထက် (၂၁) ရာခိုင်နှုန်းပိုပြီး အဝလွန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။