လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ စကားပြောဆိုတက်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ တစ်ခါတစ်လေမှာ ကောင်းမွန်တဲ့တုန့်ပြန်မှုမျိုးရှိဖို့လိုသလို တစ်ခါတစ်လေမှာလည်း ဆိတ်ဆိတ်နေခြင်းက ပိုပြီးထိရောက်တဲ့တုန့်ပြန့်မှုမျိုးဖြစ်စေပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ သင့်အနေနဲ့ ဘယ်လိုအချိန်တွေမှာ စကားပြန်မပြောဘဲ နေသင့်သလဲဆိုတာကို ပြောပြပေးသွားမှာပါ။
(၁) စေတနာအမှားလုပ်မိနိုင်တဲ့အခြေအနေ

Source : Freepik
တကယ်လို့ သင့်ရဲ့စိတ်ရင်းအမှန်နဲ့ တစ်ဖက်သားကို ကူညီချင်တာပဲဖြစ်နေပါစေ၊ သူ့အကြောင်း ကောင်းကောင်းကြီးမသိပဲနဲ့ သူ့ကိုပြင်ပေးဖို့ မကြိုးစားပါနဲ့။ ဒီအတိုင်းထားလိုက်တာက ပိုကောင်းပါတယ်။
(၂) တစ်ဖက်လူကိုဒေါသဖြစ်စေမယ့်အခြေအနေ

Source : Freepik
အငြင်းအခုံဖြစ်နေချိန်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းက သင့်ကို ပိုပြီးကောင်းကောင်းနားထောင်စေဖို့ (သို့) အခြေအနေကို ကောင်းမွန်စွာ သုံးသပ်နိုင်ဖို့ ကူညီပါလိမ့်မယ်။ သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို မကျေနပ်တဲ့အကြောင်းပြောတော့မယ်ဆိုရင် မပြောခင်မှာ သင့်အတွေးတွေကို စုစည်းဖို့အတွက် အချိန် (၅) စက္ကန့်ခန့်ပေးပြီး ဘယ်လိုအေးအေးဆေးဆေးတုန့်ပြန်ရလဲဆိုတာကို စဉ်းစားပါ။
(၃) သင်ကိုယ်တိုင်ပေါက်ကွဲလာနိုင်တဲ့အခြေအနေ

Source : Freepik
သင့်မှာ ဒေါသထွက်ခွင့်တော့ ရှိပါတယ်။ ဒါပေမယ့် သင် ဒေါသထွက်နေတဲ့အချိန် ပေါက်ကွဲခွင့်ပေးလိုက်တာဟာ သင်နဲ့ စကားပြောနေသူကိုလည်း ပိုပြီး ဒေါသထွက်စေနိုင်တဲ့အပြင် အခြေအနေတွေကိုလည်း ပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။ တကယ်လို့ တစ်ဖက်သားက သင်ပြောချင်တာကို သေချာနားမလည်နိုင်ဘူးဆိုရင် အထင်လွဲမှုတွေသာ ကြုံလာနိုင်တာကြောင့် ဆိတ်ဆိတ်နေတာက အကောင်းဆုံးပါပဲ။
(၄) တစ်ဖက်လူကိုစော်ကားရာရောက်စေတဲ့အခြေအနေ

Source : Freepik
သင့်အနေနဲ့ကတော့ လူတစ်ဖက်သားကို စော်ကားရာရောက်မယ့် စကားမျိုး မပြောမိလောက်ဘူးလို့ ထင်မိနေပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ သတိတောင်မထားလိုက်မိပါပဲ တစ်ဖက်သားကို စော်ကားရာရောက်စေတဲ့စကားတွေပြောမိသွားတက်ကြတယ်။ ထေ့လုံး ငေါ့လုံးတွေနဲ့ပြောမိလိုက်တတ်ကြတာမျိုးဟာလည်း တကယ်တမ်းမှာတော့ တစ်ဖက်သားကို စော်ကားသလိုပဲဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေမှာ ဆိတ်ဆိတ်နေတာက ပိုအဆင်ပြေပါတယ်။
