ညဘက်စောစောအိပ်ရာဝင်တာက ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။ ညဘက်မှာစောစောအိပ်ရာဝင်ပြီး အိပ်ရေးဝဝအိပ်စက်ပေးတာက သွေးပေါင်ချိန်ကိုလျှော့ချထိန်းညှိပေးပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုကာကွယ်ပေးကာ နှလုံးကိုကျန်းမာစေဖို့ ကူညီပေးပါတယ်။

Source : Freepik
WHO ရဲ့သုတေသနပြုချက်တွေအရ အိပ်ချိန်ပြည့်ဝစွာအိပ်စက်သူတွေဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေနည်းပြီး ညဘက်နောက်ကျမှအိပ်သူတွေကတော့ အယ်လ်ဇိုင်းမားရောဂါကဲ့သို့ နာတာရှည် ရောဂါများခံစားရနိုင်ခြေပိုများတယ်လို့ဆိုပါတယ်။ အိပ်ပျော်နစဉ်အတွင်းမှာ ခန္ဓာကိုယ်ရဲ့ကုန်ခမ်းသွားတဲ့စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပါတယ်။ ဒါကြောင့် ညဘက်မှာစောစောအိပ်ပေးပါက ခန္ဓာကိုယ်အတွက်လုံလောက်တဲ့စွမ်းအင်ကိုဖြည့်တင်းပြီး လန်းဆန်းတက်ကြွမှုတွေကိုပေးစွမ်းမှာဖြစ်ပါတယ်။

Source : Freepik
ညဘက်စောစောအိပ်ရာဝင်ခြင်းက တနေ့တာကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေကိုလျော့နည်းသွားစေဖို့ အကောင်းဆုံးကူညီပေးနိုင်ပါတယ်။ ညဘက်စောစောအိပ်ထားတဲ့အတွက် နောက်နေ့မနက်မှာ အားအင်ပြည့်ဝ လန်းဆန်းစွာနိုးထလာနိုင်မှာဖြစ်ပြီး အိပ်ရေးဝတဲ့အတွက် စိတ်ခံစားမှုလည်းကောင်းမွန်နေမှာဖြစ်ပါတယ်။လုံလောက်တဲ့အိပ်စက်ခြင်းက ခန္ဓာကိုယ်ကိုယ်ခံအားစနစ်ကိုလည်းအထောက်အကူဖြစ်စေပြီး ဖျားနှာခြင်းနှင့် ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်တွင်း အလွယ်တကူမဝင်ရောက်နိုင်ဖို့ တားဆီးပေးပါတယ်။
