အမျိုးသားတစ်ယောက်အနေနဲ့ လူမှုဆက်ဆံရေးဆိုင်ရာအဆင်ပြေချောမွေ့စေရန် First Impression ကောင်းကောင်းဖို့လိုပါတယ်။ First Impression ကောင်းရင် အလုပ်အင်တာဗျူးက‌နေ စီးပွားရေးလုပ်ငန်းတွေအထိကို သင့်ကိုရလဒ်ကောင်းတွေ ပိုင်ဆိုင်စေမှာပါ။ ဒါကြောင့်ဒီနေ့တော့ အမျိုးသားများအတွက် First Impression ကောင်းစေမယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပြုံးပါ

Happy man with laptop computer at office

Source : Freepik

အပြုံးဟာ ပြောဆိုဆက်ဆံရာမှာ အရေးကြီးတယ်ဆိုတာ လူတိုင်းနီးပါးနားလည်ထားကြတယ်။ ဒါပေမယ့် ပြုံးချင်တိုင်းပြုံနေမယ့်အစား စနစ်တကျပြုံးတာက ပိုပြီးထိရောက်မူရှိပါတယ်။ ကျွမ်းကျင်သူတွေပြောပြချက်အရ ပထမဆုံး ကိုယ်နဲ့စကားပြောနေတဲ့လူရဲ့ မျက်နှာကို ကြည့်ပြီး စက္ကန့်အနည်းငယ်ကြာမှ ပြုံးတာဟာ ပိုပြီး ဟန်ဆောင်မှုကင်းတဲ့ ပုံပေါ်စေပါတယ်။

(၂) အကြာကြီးမျက်လုံးချင်းမဆုံမိပါစေနဲ့

Business people shaking hands in agreement

Source : Freepik

စကားပြောချိန်မှာ မျက်လုံးချင်း စုံအောင်ကြည့်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် အခြားအမျိုးသားတစ်ယောက်ရဲ့ မျက်လုံးကိုအချိန်အကြာကြီး စိုက်ကြည့်နေတာက ရန်လိုမှုကို ပြရာရောက်ပါတယ်။ ကျွမ်းကျင်သူတွေ အကြံပေးချက်အရ စကားပြောချိန်ရဲ့ (၆၀) ရာခိုင်နှုန်းကို မျက်လုံးချင်းစုံအောင် ကြည့်ပြီး (၄၀) ရာခိုင်နှုန်းကို အခြားနေရာတွေပေါ်မှာ အာရုံစိုက်ပေးသင့်ပါတယ်။ ဒီစည်းမျဉ်းက အမျိုးသားချင်းတွေမှာသာမက အမျိုးသားနဲ့အမျိုးသမီး ကြားတွေမှာလည်း အကျုံးဝင်ပါတယ်။

(၃) စိတ်ဝင်စားကြောင်းပြပါ

Showing the new place for investment

Source : Freepik

လူစိမ်းတွေနဲ့ တွေ့ရတဲ့အချိန်မှာ လူတိုင်းဆီမှာ အတွေး (၂) ခုရှိပါတယ်။ ဒါကတော့ “ငါသူတို့ကို သဘောကျလာ” နဲ့ “သူတို့ ငါ့ကို သဘောကျလာ” ဆိုတာပါပဲ။ impression ကောင်းချင်တယ်ဆိုရင် ကိုယ်နဲ့ စကားပြောနေတဲ့လူကို စိတ်ဝင်စားမူရှိရပါတယ်။ သူပြောနေတဲ့အကြောင်းအရာတွေကို သေချာဂရုစိုက်ပြီး နားထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် မာနကြီးတယ်လို့ အထင်ခံရနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပြုံးပြတာ၊ တစ်ကိုယ်လုံးကို စကားပြောနေတဲ့လူဖက်လှည့်ထားတာ စသဖြင့် စိတ်ဝင်စားမှု ပြဖို့လိုအပ်ပါတယ်။

(၄) ကိုယ်နေဟန်ထားမှန်ပါစေ

man in dark gray suit crossing his arms

Source : Freepik

အောင်မြင်တဲ့အားကစားသမားတွေ နိုင်ငံရေးသမားတွေကို ကြည့်လိုက်ပါ။ သူတို့ဟာ ဘယ်တော့မှာ ပခုံးတွေကို (သို့) မျက်လုံး တွေကို အောက်ချလေ့မရှိပါဘူး။ သူတို့တွေဟာ အမြဲတမ်း ကိုယ်နေဟန်ထားမှန်မှန်နဲ့ အပြုံးပန်းဆင်နေလေ့ရှိပါတယ်။ သူတို့တွေဟာ မိမိကိုယ်ကိုယုံကြည်မှုရှိကြောင်း ပြပြီး အခြားလူတွေရဲ့ သဘောကျမှုကို ခံယူလေ့ရှိပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်အရ impression ကောင်းကောင်းလေးလိုချင်ရင် သူတို့တွေကို အတုယူသင့်ပါတယ်။