မျက်လုံးများကို ကာကွယ်ပေးခြင်းနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်းအပြင် ကင်ဆာဆဲလ်များကို ဖယ်ရှားပေးနိုင်သည်အထိ အစွမ်းထက်တဲ့အစားအစာကတော့ ထောပတ်သီးပဲဖြစ်ပါတယ်။ ယောကျာ်းများအတွက်ထောပတ်သီးက ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးများကတော့ မရေမတွက်နိုင်အောင်ပါပဲ။

သင့်အနေနဲ့ ထောပတ်သီးကို တစ်နေ့တစ်လုံးမှန်မှန်စားသုံးပေးပါက ရက် ၃၀ ကြာတဲ့အခါ အခုဖော်ပြပေးမယ့်အကျိုးကျေးဇူးများ ခံစားရရှိနိုင်ပါတယ်။

ကျောက်ကပ်ရဲ့စွမ်းဆောင်ရည် မြင့်မားလာခြင်း

avocado improve kidney function for men

ထောပတ်သီးများက ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့သစ်သီးများဖြစ်တာကြောင့် ကျောက်ကပ်အားနည်းသူများအနေနဲ့ နေ့စဉ်စားသုံးသင့်တဲ့သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ထောပတ်သီး စားသုံးခြင်းက ကျောက်ကပ်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်လို့ သိရှိရပါတယ်။

ခံတွင်းရနံ့ ကောင်းမွန်လာခြင်း

how to remove bad breath for men

Photo: Lovettdentistrycorpuschristi.com

ခံတွင်းရနံ့ သင်းပျံ့စေတဲ့ ဆေးဝါးများကို ရှာဖွေနေပါသလား။ ထောပတ်သီးကိုသာ သတိရလိုက်ပါ။ ထောပတ်သီးက ခံတွင်းထဲမှာရှိတဲ့ အနံ့အသက်ဆိုးရွားစေသော ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး ခံတွင်းနံ့ သင်းပျံ့စေပါတယ်။

အမြင်အာရုံကောင်းမွန်လာခြင်း

how to improve eye vsion for men

Photo: Allaboutvision.com

အလယ်အလတ်အရွယ်အစားရှိ လတ်ဆတ်သောထောပတ်သီးတစ်လုံးကို နေ့စဉ်စားသုံးပေးခြင်းအားဖြင့် အမြင်အာရုံက ယခင်ကထက် ပိုမိုကောင်းမွန်လာပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ ထောပတ်သီးများက ခန္ဓာကိုယ်ထဲရှိ Carotenoid ပမာဏကို မြှင့်မားစေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

healthy lifestyle to boost immune system for men

Photo: Medicalnewstoday.com

သင်က မကြာခဏ ဖျားနာတတ်တဲ့သူလား။ ဒါဆိုရင်တော့ သင့်ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးဖို့ လိုပါတယ်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ပြင်ပမှ ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ပိုးများကို တိုက်ဖျက်ဖို့ရန်အတွက် ထောပတ်သီးက လုပ်ဆောင်ပေးတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးခြင်း

man checking his blood pressure- healthy lifestyle

Photo: Medicalnewstoday.com

သင်က သွေးတိုးရောဂါ ခံစားနေရသူတစ်ယောက်ဆိုရင်တော့ ထောပတ်သီးက သင့်အတွက် အကောင်းဆုံး အဖော်မွန်ပါပဲ။ ထောပတ်သီးထဲမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို မှန်ကန်အောင် ထိန်းညှိပေးပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

avocado and egg weight loss diet for men

Photo: Insider.com

လေ့လာတွေ့ရှိချက်များအရ ကိုယ်အလေးချိန် လျော့ချချင်တဲ့ ယောကျာ်းများအတွက် ထောပတ်သီးက ဝိတ်ကျဖို့ကူညီပေးမယ့် သစ်သီးဖြစ်တယ်လို့ သိရှိရပါတယ်။ ထောပတ်သီး စားသုံးပြီးတဲ့နောက်မှာ အစား စားချင်စိတ်ကို ထိန်းပေးထားပြီး ဗိုက်ပြည့်စေဖို့ ကူညီပေးပါလိမ့်မယ်။

Source: Brightside.me