ရာသီဥတုပူတဲ့အခုလိုအချိန်မှာ အများစုရေခဲရေတွေပိုသောက်ဖြစ်ကြပါတယ်။ ရေခဲရေသောက်တာက လက်တလောအေးမြလန်းဆန်းမှုကိုရစေတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေကလည်း ရှိနေပါသေးတယ်။ ဒါကြောင့်အခုလိုပူတဲ့ရာသီမှာ ရေခဲရေထက် ရိုးရိုးရေကိုပိုသောက်သင့်တာပါ။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရေခဲရေသောက်ခြင်းရဲ့ဆိုးကျိုးတွေကိုပြောပြပေးချင်ပါတယ်။

(၁) ခေါင်းကိုက်စေတယ်

Stressed asian man sitting at table with laptop and documents and rubbing forehead

Source : Freepik

ရေခဲရေက အေးခဲထားတဲ့ရေခဲမုန့် ၊ ဖျော်ရည်တွေလိုပဲ ခေါင်းကိုက်ခြင်းကို ခံစားရစေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်က ကျောရိုးထဲက အာရုံခံ နာဗ်ကြောတွေထဲရောက်ရှိသွားပြီး ဦးနှောက်ကို ချက်ချင်း အချက်ပြပေးပို့မှုလုပ်ဆာင်လိုက်တဲ့အခါ ခေါင်းကိုက်တာကို ခံစားရတာဖြစ်ပါတယ်။

(၂) အစာမကြေဖြစ်စေတယ်

A man sits in bed with a stomachache and presses his stomach with his hands.

Source : Freepik

ရေခဲရေသောက်တာက ဗိုက်နာတာ၊ လေထတာနဲ့ အစာအိမ်ထဲမှာ မအီမသာဖြစ်တာစတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေရဲ့ နောက်ထပ်ဆိုးကျိုးတစ်ရပ်က ရေခဲရေဟာ အစာအိမ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်ရဲ့ အစာခြေဖျက်မှုလုပ်ငန်းစဉ်တွေကို ပိုမိုခက်ခဲသွားစေနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် အစာမကြေဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှာ အပူတွေ အောင်းနေတက်ပါတယ်။

(၃) လည်ချောင်းနာစေတယ်

Sick man holding hand on neck

Source : Freepik

အရမ်းအေးတဲ့ ရေခဲရေက နှာစေးတာနဲ့နှာခေါင်းပိတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို မလိုအပ်ဘဲတုံ့ပြန်မှုဖြစ်စေတာကြောင့် ချွဲတွေကို လေပြွန်တွေထဲမှာ ပိတ်ဆို့စုပုံမှုတွေဖြစ်စေရာကနေ လည်ချောင်းနာတာတွေ ကိုခံစားရတာဖြစ်ပါတယ်။

(၄) ဝမ်းချုပ်စေတယ်

Man holding tissue paper roll standing in front of toilet

Source : Freepik

ရေခဲရေ သောက်သုံးခြင်းက ဝမ်းချုပ်စေနိုင်ပါတယ်။ ရေခဲရေက စားလိုက်တဲ့အစားအစာတွေကို ခဲသွားစေပြီး ခြေဖျက်ရခက်ခဲစေသလို အူတွေအနေနဲ့  ခြေဖျက်လိုက်တဲ့အစာတွေကို ရောက်ရှိသင့်တဲ့နေရာကို ရောက်အောင်မပို့ဆောင်နိုင်တဲ့အခါ ဝမ်းချုပ်တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဝမ်းချုပ်တဲ့အခါမှာ အညစ်အကြေးတွေက ဗိုက်ထဲမှာစုမိနေတာကြောင့် နေရထိုင်ရတာ မအီမသာဖြစ်စေနိုင်သလို ခံတွင်းအနံအသက်ကိုလည်း ဆိုးဝါးစေပါတယ်။