လူတိုင်းကတော့ ကိုယ်ရဲ့ဘဝကိုလက်ရှိအခြေအနေထက်ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ချင်ကြသူချည်းပါပဲ။ ကိုယ့်ကိုယ်ကို တိုးတက်တဲ့သူတစ်ယောက်ဖြစ်ဖို့ ဆိုရင်အရေးကြီးဆုံးက ကိုယ်အတွက်ရင်းနှီးမြုပ်နှံမှု ဘာတွေလုပ်လဲဆိုတာကို ပြန်တွေးရမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ စာဖတ်သူတွေရဲ့ ဘဝကို တိုးတက်တဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို ဘယ်လိုရင်းနှီးမြုပ်နှံမှုတွေလုပ်သင့်လဲဆိုတာပြောပြပေးချင်ပါတယ်။

(၁) အချိန်ကိုကောင်းကောင်းအသုံးချပါ

Happy remote worker young handsome man thinking, writing notes in notebook

Source : Dreamstime

လူတိုင်းအတွက် အချိန်ဟာအရေးကြီးသလို တိုးတက်ပြောင်းလဲချင်တဲ့သူတစ်ယောက်အတွက်လည်း အချိန်ကိုအကျိုးရှိစွာအသုံးချတက်ဖို့က အရေးကြီးပါတယ်။ တန်ဖိုးရှိတဲ့အချိန်တွေကို ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေပေါ်မှာမကုန်ဆုံးပဲ အားလပ်ချိန်တွေမှာ သင်တန်းတွေတက်မယ် စာဖတ်မယ် စသည်ဖြင့် ကိုယ့်အတွက် တိုးတက်စေမယ့်အရာတွေနဲ့သာအချိန်ကုန်ဆုံးသင့်တာဖြစ်ပါတယ်။

(၂) စာဖတ်ပါ

student preparing for university exam in a cafe

Source : Freepik

စာဖတ်ခြင်းကလည်း အကောင်းဆုံးသော ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ဆိုနိုင်ပါတယ်။ စာအုပ်စာပေတွေထဲကနေ များစွာသော အသိပညာဗဟုသုတတွေရနိုင်သလို ဘဝအတွက် သင်ခန်းစာတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းအလေ့အထကို မဖြစ်မနေပြုလုပ်သင့်ပြီး အားလပ်ချိန်တွေမှာ စာအုပ်ဖတ်ခြင်းနဲ့ အချိန်ကိုအကျိုးရှိရှိကုန်ဆုံးသင့်ပါတယ်။

(၃) အမြဲလေ့လာနေပါ

 happy student male with curly hair dressed casually sitting in cafeteria working with modern technologies

Source : Freepik

ယနေ့ခေတ်မှာ ပညာရပ်တစ်ခုကို သင်ယူလေ့လာဖို့အရမ်းကိုလွယ်ကူနေပါပြီ။ သိချင်တဲ့အကြောင်းအရာတွေကို အင်တာနက်ကနေ အချိန်တိုအတွင်း ရှာဖွေလု့ိရနေတဲ့ခေတ်ကြီးမှာ လေ့လာသင်ယူခြင်းတွေကို ဆက်တိုက်ပြုလုပ်နေသင့်ပါတယ်။ သင်ယူလေ့လာခြင်းတွေက သင့်အတွက်အကောင်းဆုံးရင်းနှီးမြုပ်နှံမှုတစ်ခုပါပဲ။

(၄) ကိုယ့်ကိုယ်ကိုမလိမ်ပါနဲ့

Candid shot of young man in glasses talking about his problems during psychological therapy session

Source : Freepik

မသိတာထက် သိချင်တတ်ချင် ယောင်ဆောင်တာဟာ  ဘဝမှာအဆိုးဆုံးလုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ထက်သိနားလည်သူတွေ တက်ကျွမ်းတဲ့စီနီယာတွေကို ကိုယ်အနေနဲ့ မသိရင် မသိသလို ပွင့်ပွင့်လင်းလင်းမေးပါ သင်ယူပါ။ သူစိမ်းတစ်ယောက်စီက ကိုယ်မသိသေးတဲ့အရာတွ သင်ယူလေ့လာတာက ရှက်စရာမဟုတ်ပါဘူး။ သိချင်ယောင်ဆောင်ပြီး ကိုယ့်ကိုယ်ကိုလိမ်နေတာသာ ရှက်စရာဖြစ်ပါတယ်။