ဖြူဝင်းတောက်ပတဲ့သွားလေးတွေပိုင်ဆိုင်ထားခြင်းဟာလည်း ယောကျာ်းများအတွက် ဆွဲဆောင်မှုတစ်ခုပါပဲ။ သွားလေးတွေဖြူဖွေးညီညာနေရင် ပြုံးလိုက်တိုင်းမှာ ဆွဲဆောင်မှုရှိနေစေမှာဖြစ်ပါတယ်။ ဒါကြောင့်ဒီဆောင်းပါးလေးမှာတော့ ယောကျာ်းများအတွက် ဖြူဝင်းတောက်ပပြီးဆွဲဆောင်မှုရှိတဲ့သွားလေးတွေ ပိုင်ဆိုင်နိုင်ဖို့ သိထားသင့်တဲ့အချက်တချို့ကိုပြောပြပေးချင်ပါတယ်။

man Cleaning teeth

Source : Freepik

အစာစားပြီးတိုင်း ပလုတ်ကျင်းပေးဖို့လိုအပ်ပါတယ်။ အစာစားပြီး သွားမတိုက်ခြင်း (သို့) ပလုတ်မကျင်းခြင်းက သွားအစွန်းအထင်း ဖြစ်စေသည့် အဓိကအကြောင်းဖြစ်သည်။ အစာစားပြီး သွားကိုချက်ခြင်း မတိုက်ပါနဲ့။ အချိန် နာရီဝက်ခန့် စောင့်ပေးဖို့ လိုအပ်ပါတယ်။ မိမိစားသုံးနေတဲ့ အစားအစာတွေကို ဂရုမစိုက်ပါက သွားနှင့်သွားဖုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။ သန်မာသောသွားရရှိရန် ကယ်လ်စီယမ်နှင့်ဗီတာမင်ဒီကြွယ်ဝသည့် အစားအစာများကိုစားပေးဖို့ လိုအပ်ပါတယ်။

ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။ ဆေးလိပ်သောက်ခြင်းသည်အဆုတ် ၊ အရေပြားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ဆိုးကျိုးများသက်ရောက်စေသည်။ အဆိုးဆုံးကတော့ သွားများပေါ်တွင်ဖြစ်ပါတယ်။ လက်ဖက်ရည်နှင့်ကော်ဖီကို လူအများစုနှစ်သက်ကြပါတယ်။ မည်သို့ဖြစ်စေ ၎င်းတို့က သွားတွင်မနှစ်မျို့ဖွယ် အရောင်များကျန်စေပါတယ်။ ထို့ကြောင့် သင့်သွားများကိုတောက်ပြောင်စေချင်လျှင်   ကော်ဖီနှင့်လက်ဖက်ရည်သောက်ခြင်းကိုရှောင်ပါ။

Man smiling with hand holding dental aligner retainer

Source : Freepik

မီးသွေးကိုအခြေခံပြီး ထုတ်လုပ်ထားသောပစ္စည်း ဥပမာ-သွားတိုက်ဆေးများဟာ သွားမျက်နှာပြင်ပေါ်ရှိအစွန်းများကို ဖယ်ရှားရာတွင် အံ့အားသင့်ဖွယ် အာနိသင်ရှိပါတယ်။ အုန်းဆီမှာ ပိုးမွှားသေစေသည့် ဂုဏ်သတ္တိများပါဝင်ပြီး သင့်သွားနှင့်သွားဖုံးကို ကာကွယ်ပေးပါတယ်။ သင့်ပါးစပ်ထဲ အုန်းဆီတစ်ဇွန်းထည့်ပြီးလျှင် ၅မိနစ်မှ၁၀မိနစ်အထိ ပလုတ်ကျင်းပေးပါ (သို့) သွားတိုက်တံပေါ်တွင် အစက်အနည်းငယ်ချ၍ သွားတိုက်ပေးပါ။