လူတိုင်းလူတိုင်းကတော့ ကိုယ်ချစ်မြတ်နိုးရသူနဲ့ ပျော်ရွှင်ဖွယ်အချစ်ရေးတစ်ခု ပုံဖော်သွားချင်ကြမှာ အသေအချာပါပဲ။ ပျော်ရွှင်ချမ်းမြေ့တဲ့ Relationship တစ်ခုပုံဖော်နိုင်ဖို့ဘယ်အရာတွေက အဓိကကျမယ်လို့သင်ထင်ပါသလဲ။ ဒီဆောင်းပါးလေးမှာတော့ စိတ်ချမ်းသာပျော်ရွှင်ရတဲ့အချစ်ရေးပိုင်ဆိုင်ချင်သူတိုင်းလိုက်နာသင့်တဲ့ အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။
(၁) ယုံကြည်မှုကိုတန်ဖိုးထားပါ

Source : Freepik
Relationship တစ်ခုခိုင်မာဖို့ ၊ ပျော်ရွှင်ရဖို့ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုကအရမ်းအရေးပါပါတယ်။ သံသယစိတ်တွေမရှိပဲ ယုံကြည်ရတဲ့အချစ်ရေးမှာ လူတိုင်းပျော်ရွှင်ရစေတာပါပဲ။ ဒါကြောင့် ယုံကြည်မှုတစ်ခု အခိုင်အမာတည်ဆောက်ပါ။ တည်ဆောက်ထားတဲ့ ယုံကြည်မှုကိုလည်း အလွယ်တကူပျက်စီးမသွားစေဖို့ စောင့်ထိန်းရမှာ သင့်တို့နှစ်ဦးရဲ့ တာဝန်ဖြစ်ပါတယ်။
(၂) အပြစ်မတင်ပါနဲ့

Source : Freepik
ကိုယ့်ချစ်သူကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမှ အပြစ်တင်ကဲ့ရဲ့မှုတွေ မလုပ်ပါနဲ့။ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကဲ့ရဲ့တာဟာ လက်ရှိဖြစ်နေတဲ့ပြဿနာတစ်ခုကိုပိုပြီး ကြီးထွားလာစေနိုင်သလို အဖြေမထွက်တဲ့ငြင်းခုန်မှုတွေနဲ့ မကောင်းတဲ့ရလဒ်တွေပဲ ပိုပြီးထွက်လာစေနိုင်ပါတယ်။ ပြစ်တင်မယ့်အစား နားလည်အောင်ပြောပြတာ ညှိနှိုင်းတာတွေလုပ်သင့်ပါတယ်။
(၃) လေးစားမှုရှိပါ

Source : Freepik
ယောကျာ်လေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ့်ချစ်သူအပေါ် လေးစားမှုရှိရပါမယ်။ အပြန်အလှန်လေးစားမှုရှိခြင်းက ပျော်ရွှင်ချမ်းမြေ့ဖွယ် အချစ်ရေးတစ်ခုပုံဖော်နိုင်ဖို့ အခြေခံကျတဲ့အချက်တစ်ခု ပဲဖြစ်ပါတယ်။
(၄) တာဝန်ယူမှုရှိပါ

Source : Freepik
အမှားတစ်ခုလုပ်မိရင် ကိုယ့်အမှားအတွက် တာဝန်ယူမှုအပြည့်ရှိဖို့ လိုပါတယ်။ သင်က သင့်ချစ်သူမကြိုက်တဲ့အရာတစ်ခုခုလုပ်မိလား။ ဒါဆိုရင် ကိုယ့်အမှားကိုတာဝန်ယူပြီး သူမကိုတောင်းပန်ဖို့ ဝန်မလေးသင့်ပါဘူး။ တောင်းပန်ပြီး နောက်ထပ်တူညီတဲ့အမှားမျိုး မလုပ်ဘူးဆိုတာကိုလည်း ကတိပေးသင့်ပါတယ်။ ကိုယ့်အမှားကိုတာဝန်မယူပဲ ခေါင်းရှောင်မယ်ဆိုရင် ချစ်သူကောင်းတစ်ယောက်ဖြစ်မလာနိုင်ပါဘူး။
(၅) ချစ်တာသိပါစေ

Source : Freepik
တချို့က ကိုယ်ချစ်တာကို တစ်ဖက်လူမြင်အောင် ထုတ်မပြတက်တဲ့သူတွေရှိပါတယ်။ တကယ်တော့ ကိုယ့်ရင်ထဲမှာရှိတဲ့အချစ်တွေကို တစ်ဖက်လူသိအောင်ထုတ်ပြဖို့ကလည်း အရေးကြီးတဲ့လိုအပ်ချက်တစ်ခုပါပဲ။ ဒါကြောင့် သင့်ချစ်သူကို ချစ်တယ်လို့မကြာခဏပြောပေးပါ။ ကြင်ကြင်နာနာဆက်ဆံပါ။ သူ့ကို ကိုယ်ချစ်တယ်ဆိုတာ သိအောင်ပြသဖို့ အကြံပြုချင်ပါတယ်။
