စိတ်ဖိစီးမှုက ယနေ့ခေတ်မှာ အမျိုးသားတွေရဲ့ ကျန်းမာရေးကိုခြိမ်းခြောက်နေတဲ့အရာတစ်ခုအဖြစ်ရှိနေပါတယ်။ လေ့လာမှုတွေအရ ဖိစီးမှုတွေက ကျန်းမာရေးဆိုင်ရာပြဿနာတော်တော်များများနဲ့ တိုက်ရိုက်ဆက်စပ်နေတာတွေ့ရပါတယ်။ ဒီလိုသင့်အတွက် ကောင်းကျိုးမရှိတဲ့ စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းလမ်းတစ်ချို့ကို ပြောပြပေးသွားမှာပါ။

(၁) တရားထိုင်ပါ

Man meditating next to sofa before starting work

Source : Freepik

အသက်ရှူလေ့ကျင့်ခန်းက သင့်စိတ်အခြအနေကို ပြောင်းလဲပေးရုံသာမက သင့်သွေးတိုးကိုကျစေပါတယ်။ အောက်ဆီဂျင်ကို မြှင့်တင်ပေးပြီး သင့်ခံစားမှုကို ကောင်းသွားစေပါတယ်။ မိမိအကြိုက်အပေါ်မူတည်ပြီးတော့ တရားထိုင်တာ လုပ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက် ယောဂနဲ့ ထိုက်ကျိကိုပါ လုပ်နိုင်ပါတယ်။

(၂) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Male athlete workout on running exercise machine.

Source : Freepik

လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမက စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သက်ရင် အကောင်းဆုံး စိတ်အချရဆုံးနဲ့ အကန်အကျအသက်သာဆုံးနည်းဖြစ်ပါတယ်။

(၄) ဖြေရှင်းပါ

Smiling young man holding documents while sitting at desk with laptop

Source : Freepik

မိမိကိုစိတ်ဖိစီးစေတဲ့ အကြောင်းအရင်းတွေကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းလိုက်တာက သင့်ကိုစိတ်ဖိစီးမှုကနေ ကင်းလွတ်စေပါတယ်။ သင်မတတ်နိုင်တဲ့ အရာတွေဆို ဘယ်သူတွေ ဘာဘဲလာ တောင်းဆိုနေပါစေ ငြင်းဆန်တတ်အောင် ကြိုးစားပါ။

(၄) လက်ခံနိုင်အောင်ကြိုးစားပါ

Young bearded man in suit looking camera while holding laptop computer

Source : Freepik

သင့်ဘဝမှာ သင်ဘယ်လောက်ပဲကြိုးစားပါစေ သင်မပြောင်းလဲနိုင်တာတွေ ရှိပါတယ်။ ဥပမာ မိုးရွာအောင် နှင်းကျအောင် ရာသီဥတုကို မိမိလိုသလို မပြောင်းလဲနိူင်ဘူး။ အဲဒီအစား သင်မပြောင်း လဲနိုင်တဲ့အရာတွေကို လက်ခံနိုင်အောင်ကြိုးစားပေးပါ။