တစ်ချို့သော ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေက စိတ်ပျော်စေတယ်ဆိုပေမယ့် တစ်ချို့အစားအစာတွေကတော့ သင့်ကိုပိုပြီး စိတ်ဓာတ်ကျခြင်းတွေ ယူဆောင်လာပေးပါတယ်။ ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းအရာကလေးကတော့ စိတ်ဓာတ်ကျနေချိန်မစားသင့်တဲ့ အစားအသောက်တွေအကြောင်းပါ။ စိတ်ဝင်စားရင်ဖတ်ကြည့်လိုက်ပါအုန်း။

Source : Freepik
စိတ်ဓာတ်တဲ့အချိန်တွေမှာ လူအများစုက အရက်သောက်ခြင်းနည်းလမ်းကိုရွေးချယ်ကြတာများပါတယ်။ တကယ်တော့ အရက်ကသင့်ခံစားနေရတဲ့ စိတ်ဓာတ်ကျမှုတွေကိုဖြေဖျောက်မပေးနိုင်တဲ့အပြင် သင်ခန္ဓာကိုယ်ကျန်းမာရေးနှင့် အာရုံကြောစနစ်ကိုပိုမိုထိခိုက်စေပြီး စိတ်ဓာတ်ကျခြင်းကိုပိုမိုခံစားရစေပါတယ်။ ဒါကြောင့် စိတ်ညစ်ရင်အရက်သောက်ရမယ်ဆိုတဲ့ အတွေးတွေကိုဖျောက်ဖျက်ပစ်ဖို့လိုအပ်ပါတယ်။
ဆိုဒီယမ်ဓာတ်ပါဝင်မှုများတဲ့အစားအစာတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဆိုဒီယမ်ဓာတ်များတဲ့အစားအစာတွေ ဆားဓာတ်ပါဝင်မှုများတဲ့အစားအစာတွေက အာရုံကြောစနစ်ကိုထိခိုက်စေပြီး စိတ်ဓာတ်ကျခြင်း စိတ်တိုခြင်းတွေကိုအလွယ်တကူဖြစ်စေနိုင်ပါတယ်။ ဥပမာ အေးခဲထားတဲ့အစားအစာတွေ အကြော်အလှော်တွေ ဝက်အူချောင်းကြက်အူချောင်းတွေ Cereals စတဲ့အစားအစာတွေကိုရှောင်သင့်ပါတယ်။
သန့်စင်ထားတဲ့သကြားတွေ သကြားအတုတွေဟာ စိတ်ကျခြင်းတွေကိုပိုမိုတွန်းအားဖြစ်စေတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ခန္ဓာကိုယ်မှာ သကြားဓာတ်မြင့်မားနေခြင်းက စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းတွေကိုပိုဖြစ်စေနိုင်ပြီး သွေးတွင်းသကြားဓာတ်တိုးစေကာ အိပ်ပျော်ဖို့ခက်ခဲစေသည်အထိဖြစ်စေနိုင်ပါတယ်။

Source : Freepik
စိတ်ဓာတ်ကျနေချိန် ကော်ဖီအလွန်အကျွံသောက်သုံးခြင်းက ကောင်းကျိုးထက် ဆိုးကျိုးများပိုပြီးဖြစ်ပွားစေနိုင်ပါတယ်။ ကော်ဖီအလွန်အကျွံသောက်တဲ့အခါ အိပ်မပျော်ခြင်း စိတ်တိုခြင်း စိုးရိမ်ပူပင်မှုများခြင်းစတဲ့ လက္ခဏာတွေကိုဖြစ်စေနိုင်ပြီး သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့်စိတ်ဓာတ်ကျနေချိန် ကော်ဖီကိုလိုတာထက်ပိုမသောက်မိဖို့သတိပြုသင့်ပါတယ်။
