လူတိုင်းလူတိုင်း ကိုယ့်ရဲ့မိသားစုဝင်တွေ ၊ မိတ်ဆွေသူငယ်ချင်းတွေ ၊ ချစ်ရသူတွေကို ချစ်ကြတာသဘာဝပါပဲ။ သို့ပေမယ့် အများစုမေ့ထားတာက ကိုယ့်ကိုယ်ကိုချစ်ဖို့ပါ။ ကိုယ့်ကိုယ့်ကိုချစ်ဖို့ ဘာကြောင့်အရေးကြီးလဲဆိုတာ အောက်ကအချက်လေးတွေလေ့လာကြည့်လိုက်ပါအုန်း။

(၁) သင့်ကိုအရင်ကထက်ပို ရင့်ကျက်စေတယ်

Handsome business man working on computer in office

Source : Freepik

ကိုယ့်ကိုယ်ကိုချစ်ခြင်းက ကျန်းမာသန်စွမ်းခြင်းတွေနဲ့ ဘဝအတွေ့အကြုံများစွာကြားမှာကြံ့ကြံ့ခိုင်နိုင်တဲ့ အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်စေမယ့် ရင့်ကျက်ခြင်းတွေကိုရရှိစေပါတယ်။ ဘဝမှာတွေ့ကြုံရမယ့် စိန်ခေါ်မှုအသစ်တွေမှာကောင်းမွန်တဲ့ရလဒ်တွေထွက်ဖို့ စွမ်းဆောင်နိုင်စွမ်းတိုးတက်စေဖို့ ကိုယ့်ကိုယ်ကိုချစ်ခြင်းကလွန်စွာအရေးပါပါတယ်။

(၂) ပျော်ရွှင်မှုအစစ်အမှန်ခံစားရစေတယ်

happy pensive young businessman wears white shirt at the office

Source : Freepik

လူအများစုထင်ထားတာက တခြားသူတွေကို အချစ်တွေပေးတာက ပျော်ရွှင်ရစေတယ်လို့ လက်ခံထားကြတာပါ။ ဒါဟာအတိုင်းအတာတစ်ခုထိတော့မှန်ပေမယ့် စစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုခံစားရစေတာကတော့ ကိုယ့်ကိုယ်ကိုချစ်ခြင်းမှ တပါးတခြားမရှိနိုင်ပါဘူး။ဒါကြောင့် သင့်ဘဝမှာပျော်ရွှင်မှုအစစ်အမှန်ကိုခံစားရစေချင်ရင် ကိုယ့်ကိုယ်ကိုချစ်ဖို့မမေ့သင့်ပါဘူးနော်။

(၃) ကိုယ့်ကိုယ့်ကိုယုံကြည်မှုတိုးစေတယ်

Business man owner of the company in the office

Source : Freepik

ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးခြင်းက သင့်အနေနဲ့ ဘဝမှာ ဘာပဲလုပ်လုပ်ကောင်းမွန်စွာလုပ်နိုင်ခြင်း မည်သည့်အတားအဆီးတွေကို မဆိုကောင်းစွာကိုယ်တွယ်ဖြေရှင်းနိုင်ခြင်း ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ခြင်းစတဲ့ ကောင်းမွန်တဲ့ခံစားချက်တွေကိုရရှိစေပါတယ်။ ကိုယ်ကိုယ့်ကိုချစ်ပေးမယ်ဆိုရင် ကိုယ့်ရဲ့နေ့ရက်တွေတိုင်းကို ယုံကြည်မှုရှိစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။