နုပျိုမှုကိုနှစ်သက်သူတိုင်းသိထားသင့်တဲ့ဓာတ်စာတွေအကြောင်းပြောပြပေးချင်ပါတယ်။ ဒီဓာတ်စာတွေက အိုမင်းခြင်းကိုနှောင့်နှေးစေနိုင်ပြီး အရွယ်တင်စေဖို့ကူညီပေးမှာဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်ဖတ်ကြည့်လိုက်ပါအုန်း။

(၁) ငှက်သိုက်

Bird's Nest Soup

Source: Freepik

ငှက်သိုက်မှာ ဟာနှလုံးအားကောင်းစေပြီး ကင်ဆာရောဂါကို တိုက်ဖျက်ပေးပါတယ်။ ဒါ့အပြင် သတ္တုဓာတ်နဲ့ တခြား ဓာတ်ပစ္စည်းတွေက ငယ်ရွယ်မှုကို ဆက်လက်ထိန်းထားနိုင်မှာပါ။

(၂) ဗီတာမင်ဘီအုပ်စု

Vitamin B1

Source: Freepik

ဗီတာမင်ဘီကို skin care တွေမှာ အများအပြား အသုံးပြုပါတယ်။ အိုမင်းရင့်ရော်ခြင်းကို အကာအကွယ်ပေးပြီး အစားအစာကနေ စွမ်းအင်ကို ပြောင်းလဲပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။ အသားအရည်အတွက် ရေဓာတ်ထိန်းသိမ်းပေးပြီး ပျက်စီးသွားတဲ့အသားအရည်ကိုလည်း ကုသပေးပါတယ်။ ဗီတာမင် ဘီ ပါဝင်တဲ့ အစားစာတွေကတော့ အသား၊ ငါး၊ ထောပက်သီး၊ ငှက်ပျော်သီး၊ ဥအမျိုးမျိုးနဲ့ အသီးအရွတ်တွေပဲဖြစ်ပါတယ်။

(၃) ငါးကြီးဆီ

Capsules of fish oil in a glass bowl

Source: Freepik

Omega 3 နဲ့ Fatty acid ပါဝင်မှု မြင့်မားတာကြောင့် ငါးကြီးဆီဟာ နှလုံးကျန်းမာရေးအတွက်သာမက ကြွက်သားကျန်းမာရေးအတွက်ပါ အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီဟာ လူကြီးတွေမှာ ဖြစ်လေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျော့ချပေးနိုင်ပြီး ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

(၄) Peptide

Challenges of food

Source: Freepik

Peptide ကတော့ ပရိုတင်းဓာတ်ကို တည်ဆောက်ရာမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဒြပ်ပေါင်းဖြစ်ပြီး collagen ပမာဏကို တိုးပွားလာစေပါတယ်။ ဒါ့ကြောင့် သူဟာ အိုမင်းခြင်းကို ကာကွယ်တဲ့ပစ္စည်းတွေထဲ မပါမဖြစ်ပါဝင်လာပြီး ကျန်းမာတဲ့အရေပြားအသစ်ကို ဖြစ်ပေါ်စေပါတယ်။