ဘဝမှာအောင်မြင်ချင်ရင် ကိုယ့်ရဲ့နေစဉ်ဘဝအမူအကျင့်တွေထဲကမကောင်းတဲ့အချက်တွေကို စွန့်လွတ်ဖို့လိုပါမယ်။ အခုပြောပြမယ့်အမူအကျင့်တွေက မအောင်မြင်တဲ့လူတွေမှာတွေ့ရလေ့ရှိတဲ့အရာတွေပါ။ သင်အောင်မြင်ချင်ရင်ဒီအချက်တွေမလုပ်မိဖို့တော့လိုပါလိမ့်မယ်။

(၁) အချိန်ရွေ့ဆိုင်းတယ်

Horizontal bearded man pointing at his wrist watch, posing isolated over gray

Source : Freepik

ကိုယ့်လုပ်ဆောင်ရမယ့် အလုပ်တွေကို အချိန်ရွေ့ဆိုင်းတက်တဲ့အလေ့အကျင့်က ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ ကိုယ်တကယ်လုပ်ရမယ့် အလုပ်တစ်ခုကို နေ့ရွေ့ညရွေ့ ဟိုရွေ့ဒီရွေ့လုပ်တက်ခြင်းက အလုပ်ပြီးမြောက်ဖို့ကြန့်ကြာစေပြီး အောင်မြင်မှုနဲ့ ဝေးကွာစေနိုင်ပါတယ်။ ကိုယ်ချက်ချင်းလုပ်ရမယ့်အလုပ်တွေကို ဘာအတွက်နဲ့ ရွေ့ဆိုင်းတာမျိုးမလုပ်သင့်ပါဘူး။

(၂) ဆင်ခြေပေးတယ်

Two young smart business men discussing new project

Source : Freepik

ဘဝမှာ ဘယ်တော့မှမအောင်မြင်နိုင်တဲ့လူတွေမှာ ရှိနေတက်တဲ့အကျင့်တစ်ခုက ဆင်ခြေပေးတာပါ။ အကြောင်းပြချက်ပေးတယ် ဆင်ခြေပေးတယ်ဆိုတာ ကိုယ့်ရဲ့အသုံးမကျမှု ပျင်းရိမှုတွေကို တခြားသောအကြောင်းအကြောင်းတွေစီကို အပြစ်လွဲချလိုက်တဲ့သဘောပါ။ ဘဝမှာတကယ်အောင်မြင်ချင်တယ်ဆိုရင် ဆင်ခြင်ပေးနေတာတွေရပ်လိုက်ပါ။

(၃) အကောင်းမြင်စိတ်နည်းတယ်

bearded guy with ginger trendy hairstyle, yells angrily at somebody

Source : Freepik

ဘဝမှာ ဘယ်တော့မှအောင်မြင်တဲ့လူတစ်ယောက်မဖြစ်နိုင်တဲ့ လဏ္ဍာတွေထဲမှာ အကောင်းမြင်စိတ်နည်းတဲ့သူတွေလည်း ပါပါတယ်။ အကောင်းမြင်စိတ်နည်းခြင်း နောက်မှာ လူတွေကိုအပြစ်တင်တက်တဲ့ အကျင့်ကလည်းကပ်ပါနေပါတယ်။ ကိစ္စတိုင်းမှာပြည့်စုံနေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အမှားတစ်စုံတစ်ရာကြုံလာတိုင်းကိုယ်တိုင်တာဝန်ယူဖြေရှင်းမရှိပဲ တခြားသူတွေကိုအပြစ်ပုံချနေရင် ဘဝမှာအောင်မြင်သူတစ်ယောက်ဖြစ်လာလို့ မလွယ်ကူနိုင်ပါဘူး။

(၄) လက်တွေ့မဆန်ဘူး

Lonely depressed person sitting near a brick wall

Source : Freepik

စိတ်ကူးယဉ်ကမ္ဘာထဲမှာလွင့်မြောနေတက်တဲ့သူတစ်ယောက်ဟာ ဘဝအောင်မြင်ဖို့ဖြစ်နိုင်ပါမလား။ ဘဝမှာတကယ်အောင်မြင်ဖို့ အပြောတွေ စိတ်ကူးတွေထက် တကယ်လုပ်ဆောင်ဖို့က အရေးကြီးဆုံးပါ။ လေထဲတိုက်ဆောက်နေခြင်းကို အောင်မြင်သူတွေဘယ်တော့မှမလုပ်ကြပါဘူး။ ထိုင်ပြီးစိတ်ကူးနေမယ့်ပဲ လုပ်စရာရှိတာကိုချက်ချင်းလက်တွေ့ထလုပ်လိုက်တာက အောင်မြင်ဖို့ပိုပြီးနီးစပ်ပါတယ်။