ဝမ်းဗိုက်မှာ အဆီတွေစုနေခြင်းဟာ အမျိုးသားတွေအတွက်သာမက အမျိုးသမီးတွေအတွက်ပါ ရုပ်အလွန်ဆိုးပါတယ်။ ပြီးတော့ အဝလွန်ရောဂါကြောင့် ဇီဝဖြစ်ပျက်မှုနဲ့ဆိုင်တဲ့ ရောဂါတွေ၊ သွေးကြောနဲ့ သက်ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဝမ်းဗိုက်မှာ အဆီတွေစုမနေအောင် ရှောင်ရှားရှားသင့်တဲ့ အစားအသောက်တွေကို ပြောပြပေးချင်ပါတယ်။

Laughing fat man sits on the sofa, eats pop-corn and watches tv

Source : Freepik

၁၂ အောင်စရှိတဲ့ ကိုလာ သံဘူးတစ်ဘူးမှာ ကယ်လိုရီ (၁၄၀) ပါဝင်နေပါတယ်။ ဒီထက်ပိုကြီးတဲ့ ဘူးတွေမှာ နှစ်ဆခန့်ကျော်ခန့် ပါဝင်နေတာကြောင့် ဝမ်းဗိုက်စူထွက်မနေချင်ဘူးဆိုရင်တော့ ကာဗွန်နိတ် အချိုရည်တွေ သောက်သုံးခြင်းကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ။ ပဲတွေဟာလည်း အာဟာရဓာတ် ကြွယ်ဝတဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် သူတို့မှာ carbohydrates လည်းကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ပဲတွေကို ပရိုတင်းရဖို့အတွက်စားသုံးသင့်ပေမယ့် ဝမ်းဗိုက်ချပ်နေစေဖို့အတွက်ကတော့ ရှောင်ရှားရမယ့် အစားအစာတွေထဲမှာ ထည့်သွင်းရပါမယ်။

အရက်တွေမှာ ကယ်လိုရီများပြားစွာ ပါဝင်နေပြီး အဟာရ ပါဝင်မှုမရှိသလောက် ရှားပါတယ်။ တစ်ညလောက် night out ထွက်ပြီး အရက်ဘီယာသောက်ခြင်းက ကယ်လိုရီ ထောင်ပေါင်းများစွာ စားသုံးမိစေတတ်ပါတယ်။ ဒါကြောင့်လည်း ဘီယာဗိုက် ဆိုပြီးအများက နာမည်ပေးထားကြတာပါ။သကြား အလွန်အကျွန် စားသုံးခြင်းဟာ အဝလွန်ခြင်းနဲ့ဆီးချိုရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် သကြားစားသုံးမှုကို လျှော့ချသင့်ပါတယ်။

overweight fat young european man with curly red hair holding glass of beer

Source : Freepik

Fast food တွေမှာ အဆီတွေ၊ သကြားတွေ၊ ဆားတွေ နဲ့ ကယ်လိုရီတွေ အများကြီးပါဝင်နေပါတယ်။ Fast food စားသုံးမူများခြင်းက အဝလွန်ရောဂါကို ဖြစ်ပွားစေနိုင်တာကြောင့် အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။