ညဘက်တွေမှာကောင်းစွာအိပ်ပျော်ဖို့ အခက်အခဲရှိတဲ့ သူတွေအတွက် ဒီနေ့မှာတော့ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ဖို့ ကူညီပေးမယ့် မအိပ်ခင်သောက်သုံးပေးရမယ့် သောက်စရာများအကြောင်းကိုပြောပြပေးချင်ပါတယ်။
(၁) ငှက်ပျောသီးဖျော်ရည်

Source : The Spruce Eats
ငှက်ပျောသီးတွင် မဂ္ဂနီစီယမ် ပိုတက်စီယမ်နှင့် အမိုင်နိုအက်ဆစ်ဓာတ်တွေပါဝင်ပြီး အဆိုပါဓာတ်တွေက အိပ်စက်ခြင်းကိုကောင်းမွန်စေတဲ့ Serotonin ဒြပ်ပေါင်းတွေကိုထုတ်လွတ်ပေးပါတယ်။ ဒါကြောင့် အိပ်ယာမဝင်မှီမှာ ငှက်ပျောသီးကို နွားနို့ ပျားရည်တို့နှင့်ရောဖျော်ပြီး သောက်သုံးပေမယ်ဆိုရင် ကောင်းစွာအိပ်စက်အနားယူနိုင်မှာဖြစ်ပါတယ်။
(၂) နွားနို့အပူ

Source : Little Steps Asia
ခန္ဓာကိုယ်တွင်း ကယ်လစီယမ်ဓာတ်နည်းပါးနေခြင်းက အိပ်မပျော်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ နွားနို့ဟာ ကယ်လစီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး စိတ်တည်ငြိမ်အေးချမ်းစေတဲ့ Serotonin ဒြပ်ပေါင်းဓာတ်များလည်း ပါဝင်တာကြောင့် မအိပ်ခင်နွားနို့ ပူပူလေးတစ်ခွက်သောက်ခြင်းက သင့်ရဲ့ အိပ်စက်အနားယူခြင်းအတွက် ကောင်းစွာအထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။
(၃) အုန်းရည်

Source : Food Business News
၂၀၀၆ ခုနှစ်ကလေ့လာစစ်တမ်းပြုခဲ့တဲ့ ဆေးဖက်ဆိုင်ရာအယူအဆ တစ်ခုအရ ခန္ဓာကိုယ်အတွင်း မဂ္ဂနီစီယမ်ဓာတ် မရှိခြင်းက စိတ်ကျရောဂါနှင့်စိုးရိမ်စိတ်ကိုဖြစ်ပေါ်စေနိုင်ပြီး အိပ်ပျော်ရခက်ခဲစေတဲ့ ဝေဒနာကိုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အုန်းရေဟာ မဂ္ဂနီစီယမ်ဓာတ်ရရှိစေတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး စိတ်ကိုငြိမ်သက်စေကာ အိပ်ပျော်ဖို့အတွက် ကူညီပေးတယ်လို့ လေ့လာသူတွေကဆိုပါတယ်။
(၄) Almond Milk

Source : StarMommy
Almond Milk မှာ စိတ်ဖိစီးမှုနှင့် တင်းမာမှုကို လျော့ကျသက်သာစေတဲ့ အရေးကြီးသော အာဟာရဓာတ်များစွာပါဝင်ပါတယ်။ အာရုံကြောကိုထိန်းညှိပေးနိုင်တဲ့ ဂုဏ်သတ္တိများလည်းပါဝင်ကာ ကောင်းမွန်တဲ့အိပ်စက်ခြင်းမျိုးရဖို့ ကူညီပေးတဲ့အတွက် မအိပ်ခင်မှာ Almond Milk ပူပူလေးတစ်ခွက်ကို သောက်သုံးပြီးမှ အိပ်ယာဝင်ဖို့ အကြံပြုချင်ပါတယ်။
