အပြင်လောကမှာ တကယ်အားကျဖို့ကောင်းတဲ့ စုံတွဲတွေများကြီးရှိပါတယ်။ သူတို့ရဲ့ တစ်ဦးအပေါ်တစ်ဦးမေတ္တာထားမှု၊ ချစ်ခင်လေးစားမှု၊ ဂရုစိုက်မှုတွေက ကြည်နူးဖို့ကောင်းပါတယ်။ ကောင်းမွန်တဲ့ relationship တစ်ခုပိုင်ဆိုင်ထားရတဲ့ ခံစားချက်ဟာ ဘယ်လိုခံစားချက်နဲ့မှမတူပါဘူး။ ဒီနေ့တော့ ပျော်ရွှင်တဲ့ Relationship တစ်ခုပိုင်ဆိုင်နိုင်ဖို့အတွက် ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတဲ့ အကြောင်းပါပဲ။

လူတွေက အကောင်းဆုံးဖြစ်ချင်ကြတယ်။ ပြည့်စုံချင်ကြတယ်။ မပြည့်စုံတဲ့အရာ အပြစ်အနာဆာတွေကို မေ့ပစ်ထားချင်ကြတယ်။ လူတော်တော်များများက မျက်နှာဖုံး နောက်ကွယ်မှာ နေကြတာများပါတယ်။ ကိုယ်ချစ်ခင်ရတဲ့သူနဲ့ ပက်သတ်လာရင် ဒီလိုမလုပ်တာက အကောင်းဆုံးပါ။ ရိုးသားပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ။ မိမိက ဘယ်လိုလူမျိုးလဲဆိုတာကို ချပြဖို့ မကြောက်ပါနဲ့။ မိမိရဲ့ ခံစားချက်ကို ထုတ်ဖော်ပြောဆိုဖို့ ဝန်မလေးပါနဲ့။ သူတို့က ကိုယ်နဲ့ အနီးကပ်ဆုံးနေနေတဲ့ သူတွေပါ။ တစ်ခုခုကို စိုးရိမ်နေတယ်ဆိုရင် ပြောပြလိုက်ပါ။ ပြဿနာတစ်ခုခုကို ဖြေရှင်းဖို့ ပထမဆုံးလုပ်ရမှာက ပြဿနာအကြောင်း ပြောဖို့ပါပဲ။

Portrait of smiling beautiful girl and her handsome boyfriend. woman in casual summer dress and man in jeans

Source : Freepik

ခင်ဖို့ကောင်းတဲ့လူတော်တော်များများ ပျော်ရွှင်မှုတွေ အပြုသဘောဆောင်တဲ့စိတ်ခံစားမှုတွေကို ပေးနိုင်စွမ်းပါတယ်။ လူတိုင်းနီးပါး ဒီလိုလူမျိုးကို လိုချင်ကြပါတယ်။ အပြုသဘောဆောင်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ကြောင့် ကိုယ့်ရဲ့ပါတနာ စိတ်ဆင်းရဲအောင် မလုပ်မိပါစေနဲ့။ ဘာပဲဖြစ်လာဖြစ်လာ အကောင်းမြင်စိတ်ထားပါ။ တစ်ယောက်အတွက်တစ်ယောက် ရှိနေပေးနိုင်ရင် ဘာပဲဖြစ်လာဖြစ်လာ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

လူတိုင်း ဆိုးဝါးတဲ့နေ့ကို တွေ့ကြုံဖူးကြမှာပါ။ ဒီလိုအချိန်မှာ စိတ်ခံစားမူက မကောင်းနိူင်သလို မိမိကိုယ်ကိုယုံကြည်မှုလည်း လျှော့ကျသွားတတ်ပါတယ်။ ကိုယ့်ရဲ့ပါတနာက ဒီလိုခံစားနေရပြီဆိုရင် ဂရုစိုက်ပေးပါ။ လိုအပ်တာကို ကူညီပေးပါ။ သူ့အနားမှာရှိနေပေးပါ။ ဒီလိုလုပ်ပေးချင်းအားဖြင့် ကိုယ့်ရဲ့ပါတနာရဲ့ စိတ်ခံစားမှုကို ကောင်းမွန်လာအောင် လုပ်ပေးနိုင်ပါတယ်။

young couple at home making selfie with peace sign and smiling widely

Source : Freepik

လူနှစ်ယောက်က (၂၄) နာရီ (၇) ရက်ပက်လုံး အတူတူနေဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်ပါတနာရဲ့ ဝါသနာပါရလုပ်ချင်တဲ့ စိတ်ကို ကိုယ့်ကြောင်း အနှောက်အယှက်မဖြစ်ပါစေနဲ့။ တစ်ယောက်ခြင်းစီမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ဝါသနာပါရာ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ရှိရပါမယ်။
ကိုယ်ချစ်ရတဲ့သူတွေရဲ့ အတွေးအခေါ်နဲ့စိတ်ကူးအကြဉာဏ်တွေကို လေးစားရပါမယ်။ သူတို့ပြောတာကို ကိုယ့်ဖက်က သဘောမတူရင်တောင် လေးစားရပါမယ်။ သူတို့ရဲ့ သူငယ်ချင်းနဲ့မိသားစုဝင်တွေကိုလည်း မခန့်လေးစားမပြုမှုသင့်ပါဘူး။

နှစ်ယောက်သားရန်ဖြစ်စကားများနေရင်တောင် လေးစားမှုရှိပါစေ။ တစ်ယောက်အပေါ်တစ်ယောက် အထင်သေးစေမယ့် စကားလုံးတွေနဲ့ မတိုက်ခိုက်ပါနဲ့။ စိတ်ဆိုးပြေသွားမယ်ဆိုရင်တောင် စကားလုံးတွေက ရင်ထဲမှာကျန်နေခဲ့တတ်လို့ပါ။