အသက်တွေကြီးလာတာနဲ့အမျှ ဘဝမှာမလုပ်ဖြစ်ဘဲ လွဲချော်ခဲ့တဲ့အရာတွေရှိနေမှာပါ။ အသက် ၂၀ ဝန်းကျင်အချိန်တွေမှာ သက်မွေးဝမ်း ကျောင်းပညာရပ်တွေနဲ့ပတ်သတ်ပြီးလေ့လာနေရတဲ့အတွက် တချို့လုပ်ချင်တာတွေကို နောက်ဆုတ်ထားခဲ့ရမှာအမှန်ပါ။ ဒါကြောင့် အခုသင်ကိုအသက် ၃၀ မတိုင်ခင် လူငယ်ဘဝရဲ့အတော်ပဆုံးအချိန်တွေကို အသုံးချသင့်တဲ့အရာတွေအကြောင်းပြောပြချင်ပါတယ်။

တကယ်လို့ သင်ကတခုခုလုပ်ဖို့အတွက်အချိန်ကို အမြဲစောင့်ဆိုင်းနေတတ်တဲ့သူဆိုရင် တကိုယ်တော်ခရီးသွားဖို့ဆိုတာ အခုအချိန်ကျပါပြီ။ တကိုယ်တော်ခရီးသွားခြင်းက သင့်ကိုသက်တောင့်သက်သာရှိနေတဲ့နေရာကနေထွက်ခွာသင့်တယ်ဆိုတာသိဖို့တွန်းအားပေးပြီး သင့်ကိုယ်သင်ပိုသိလာစေပါတယ်။ သင့်ရဲ့စိတ်အားထက်သန်မှုကိုလဲသိလာနိုင်ပြီး ခရီးမှာမိတ်ဆွေကောင်းတွေလဲ ဆုံတွေ့ရနိုင်ပါတယ်။

man having a video call on digital tablet while sitting on bench outdoors.

Source : Freepik

အခုချိန်မှာ ငွေစုရမယ်ဆိုတာ သင့်အတွက်စောကောင်းစောနေနိုင်ပါတယ်။ ဒါပေမယ့် ငွေစောစောစုတာကထိရောက်မှုရှိစေပါတယ်။ သင်တလကို ဝင်ငွေဘယ်လောက်နည်းနည်းပဲဝင်တယ်ဆိုတာထက် ဘယ်လောက်စုမိလဲဆိုတာကပိုအရေးကြီးပါတယ်။ ငွေတကျပ်တိုင်းကိုရေတွက်ထားပါ။ အနာဂတ်မှာဘာဖြစ်လာတယ်ဆိုတာ မသိတဲ့အတွက်သင့်ဘဏ်စာရင်းထဲမှာ ပိုက်ဆံအလုံအလောက်ရှိတာကအများကြီးပို ကောင်းပါတယ်။

သင့်အနေနဲ့ အသက် ၂၀ ကာလတွေမှာ အချိန်တိုင်းလိုလို facebook လို ဆိုရှယ်မီဒီယာတွေကို သုံးနေပေမယ့် အသက် ၃၀မတိုင်ခင်မှာ တဖြည်းဖြည်းချင်းလျှော့ချဖို့ကိုလုပ်သင့်ပါတယ်။ သင်ဘယ်နေရာတွေခရီးသွားနေလဲ၊ ဘယ်သူနဲ့ညစာစားနေလဲ ဆယ်လ်ဖီရိုက်လဲ ဆိုတာကို လူတိုင်းသိစရာမလိုပါဘူး။ facebook ကို ဝေးလံတဲ့နေရာက သူငယ်ချင်းတွေနဲ့ဆက်သွယ်ဖို့လမ်းကြောင်းအနေနဲ့သုံးပါ။ ဓါတ်ပုံတင်ဖို့ စာတင်ဖို့လောက်ပဲမသုံးပါနဲ့။

Young traveler man showing something with holding map standing against blue background

Source : Freepik

သင်ကြောက်လို့မလုပ်တဲ့အားကစားတခုပဲဖြစ်ဖြစ်လုပ်ကြည့်ပါ။ ဥပမာ- ရေငုပ်တာ၊ အမြင့်ခုန်ခုန်တာစသဖြင့် သင်ကြောက်နေတဲ့အရာတခုကိုစမ်းကြည့်ပါ။ ကြောက်စိတ်ဆိုတာဟာ လူတယောက်ရဲ့အကြီးမားဆုံးအဟန့်အတားပါ။ သင့်ရဲ့ကြောက်စိတ်ကိုကျော်လွှားသွားအာင်လုပ်နိုင်တဲ့အခါ အကျိုးကျေးဇူးက ဘဝဟာပိုပြီးသာယာလှပတယ်ဆိုတဲ့အတွေ့အကြုံကိုရမှာဖြစ်ပါတယ်။ ပြီးတော့ သင့်ရဲ့ကလေးတွေကိုလဲ သင့်ရဲ့ကြောက်စိတ်ကို ဘယ်လိုကျော်လွှားခဲ့တယ်ဆိုတာပြောပြပေးလို့ရပါတယ်။

သင်နဲ့ပုံစံချင်းလုံးဝမတူတဲ့ သူတယောက်နဲ့ တွေ့ကြည့်တဲ့အခါ ပတ်ဝန်းကျင်မတူတဲ့သင်တို့နှစ်ယောက်ရဲ့ကွဲပြားမှုတွေကို သင်လေ့လာနိုင်ပါတယ်။ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးအဆင်မပြေခဲ့ဘူးဆိုရင်တောင် သင့်ကိုယ်သင်ဘယ်လိုလူမျိုးဖြစ်ချင်တယ်ဆိုတာပိုသိလာပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့လက်တွဲဖော်ဖြစ်လာမယ့်သူနဲ့တွေ့တဲ့အခါ သူ့အပေါ်ပိုနားလည်ပေးနိုင်စေပါတယ်။