Relationship တစ်ခုရဲ့ အဆုံးသတ်ချိန်က အရမ်းကိုနာကျင်ရတယ်ဆိုတာ ခံစားဖူးသူတိုင်းသိကြပါတယ်။ သို့ပေမယ့်လည်း မပျော်ရွှင်တော့တဲ့ Relationship တစ်ခုကြားမှာ တစ်ယောက်နဲ့ တစ်ယောက် နစ်မွန်းနေရင် နှစ်ယောက်လုံးအတွက် နာကျင်စရာတွေပဲ ပိုရလာနိုင်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ကိုယ့်ရဲ့ Relationship ကိုအဆုံးသတ်သင့်ပြီလို့ ဖော်ပြနေတဲ့ လက္ခဏာလေးတွေကိုပြောပြပေးချင်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားမှုမရှိတော့တဲ့ အချစ်ရေးက ပျော်ရွှင်နိုင်မယ်ထင်ပါသလား။ အဖြေကတော့ လုံးဝမပျော်နိုင်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေမရှိတော့တဲ့အခါ တစ်ယောက်အကြောင်းတစ်ယောက်စိတ်ဝင်စားမှုဆိုတာလည်းမရှိတော့ပဲ အသက်မဲ့တဲ့အချစ်ရေးတစ်ခုလိုဖြစ်လာပါလိမ့်မယ်။ ဒီလိုတစ်ယောက်ကိုတစ်ယောက် စိတ်မဝင်စားတော့ရင် မကြာခင်မှာအချစ်ရေးကအဆုံးသတ်တော့မယ်ဆိုတာ ကြိုတင်တွက်ဆထားလို့ရနေပါပြီ။

Couple is having a quarrel while sitting on sofa at home

Source : Freepik

စုံတွဲတိုင်းမှာ စိတ်အခန့်မသင့်တဲ့အခြေအနေတွေ နားလည်မှုလွဲတဲ့အခြေအနေတွေဆိုတာရှိကြပါတယ်။ သို့သော်လည်း သူနဲ့ကိုယ်ကြားမှာပျော်ရွှင်မှုထက် ပြဿနာတွေကပဲပိုပြီးများလာပြီး အချိန်တိုင်းကတောက်ကဆဖြစ်နေရင် စိတ်ပျက်စိတ်ကုန်မှုတွေသာ ဖြစ်လာပါလိမ့်မယ်။ ဘာမဟုတ်တဲ့ကိစ္စလေးကအစ ပြဿနာကြီးကြီးမားမားဖြစ်နေရတယ် တစ်ယောက်ကိုတစ်ယောက်အမြင်မကြည်မလင်မှုတွေနဲ့ အကောင်းဘက်ကနေလုံးဝမကြည့်ပေးနိုင်တော့ဘူးဆိုရင် လမ်းခွဲလိုက်တာကပိုပြီး ကောင်းပါလိမ့်မယ်။

Relationship မှာစိတ်ပျက်စရာအခြေအနေတွေများလာတဲ့အခါ ချစ်တာတွေမုန်းတာတွေမရှိတော့သလို ခံစားချက်တွေလည်းကင်းမဲ့လာပါလိမ့်မယ်။ နှစ်ယောက်သား အတူတူရှိနေရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက်ပြောစရာစကားတွေမရှိတော့ပဲ နှုတ်ဆိတ်စွာနေမိလာပါမယ်။ နောက်ဆုံးကိုယ်တစ်ယောက်တည်း နေရတာက ကိုယ်အတွက်ပိုပြီးအဆင်ပြေသလိုခံစားရလာပြီဆိုတော့ သေချာပါတယ်လမ်းခွဲဖို့ ရာခိုင်နှုန်းများနေပြီဆိုတာပါပဲ။

Concerned wife being sad about family problems

Source : Freepik

ကိုယ့်ရဲ့အချစ်ရေးပြဿနာတွေနဲ့ ပတ်သတ်ပြီး ပတ်ဝန်းကျင်ကလူတွေကိုပြောပြမထားရင်တောင် သူတို့အနေနဲ့ ရိပ်မိလာတယ်ဆိုရင်တော့ အချစ်ရေးကတကယ်ပဲ အန္တရာယ်များတဲ့အဆင့်ကိုရောက်နေပြီလို့ ပြောလို့ရပါတယ်။ အချစ်ရေးပတ်သတ်ပြီး အဆင်မပြေမှု စိတ်ဓာတ်ကျမှုတွေက သင့်ရဲ့ မျက်နှာမှာထင်ဟပ်လာတဲ့အထိ ဘေးလူတွေသတိထားမိလာတဲ့အထိ ဖြစ်နေတယ်ဆိုတာ တကယ်ပဲ ဒီ Relationship ရဲ့ အကျိုးဆက်တွေကိုခံစားရနေလို့ပါ။ ဒီတိုင်းဆက်သွားရင် သင့်ကျန်းမာရေးလူမှုရေးနဲ့ အလုပ်တွေအထိ ဆိုးကျိုးတွေသက်ရောက်လာနိုင်တာကြောင့် ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကို ဆုံးဖြတ်လိုက်သင့်ပါပြီ။